ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအ နေနဲ့ မုန့်အကြွပ်တွေကို အစားများမယ် ဆိုရင် သန္ဓေသားရဲ့ဖွံ့ဖြိုးကြီးထွားမှုကို ထိခိုက်နိုင်တယ်လို့ သုတေသနသစ်တစ် ရပ်မှာ ဖော်ပြပါရှိပါတယ်။
မုန့်အကြွပ်တွေမှာ Linoleic Acid လို့ခေါ်တဲ့ Omega- 6 အဆီပါဝင်ပြီး အ ရင်က သွေးတွင်းကိုလက်စထရောပမာ ဏလျော့နည်းတာအပါအဝင် ကျန်းမာ ရေးအကျိုးကျေးဇူးတွေ များစေတယ်လို့ သိထားခဲ့ကြပါတယ်။ ဒါပေမဲ့ Linoleic Acid ပမာဏအနည်းငယ်ကို တစ်နေ့ သုံးကြိမ်ကျွေးပြီး ကြွက်တွေနဲ့စမ်းသပ် ကြည့်တဲ့အခါမှာတော့ သန္ဓေသားကြီး ထွားမှုကို ထိန်းချုပ်ထားတဲ့ဟော်မုန်း ပမာဏကို လျော့ကျစေတာမြင်တွေ့ရပါ တယ်။ ဒါ့အပြင် အသည်းရဲ့လုပ်ငန်း ဆောင်တာကိုလည်းထိခိုက်စေပြီး သားအိမ်မှာကျုံ့တာဆန့်တာဖြစ်စေတဲ့ ပရို တင်းပမာဏကို မြင့်တက်စေနိုင်တယ်လို့ သိရပါတယ်။
(AP,30.5.19) အေးယုနိုင်
