ကိုယ်ဝန် ဒုတိယသုံးလပတ်မှာ ဘာတွေ ရှောင်ဖို့လိုလဲ

ကိုယ်ဝန်ဆောင်မိခင်တစ်ယောက် က အရင်လိုပဲ သွားလာလှုပ်ရှားနေထိုင်လို့ မရပါဘူး။ ဗိုက်နဲ့ခန္ဓာကိုယ်ကို မထိခိုက် အောင် သွားတာလာတာကအစ တစ် နေ့တာရဲ့ နိစ္စဓူဝကိစ္စတွေ လုပ်ဆောင် ရင်တောင် ဖြည်းဖြည်းမှန်မှန်နဲ့ ချော်မ လဲအောင်၊ မိမိနဲ့ ရင်သွေးလေးကို မထိ ခိုက်အောင် သတိထားလုပ်ဆောင်ရပါ တယ်။ ကိုယ်ဝန်ဆောင် ပထမသုံးလပတ် မှာထက် ဒုတိယသုံးလပတ်မှာ ဗိုက် ကလည်း အတော်အသင့် ထွက်လာပြီမို့ သတိလက်လွတ်မနေသင့်ဘဲ အောက်ပါ အချက်တွေကို သတိပြုဖို့ လိုပါတယ်။

(၁) ပက်လက်မအိပ်ပါနှင့်
ကိုယ်ဝန်ဆောင်ချိန်မှာ ပက်လက် အိပ်စက်ပါက သားအိမ်က ကျောရိုးမကြီး နဲ့ အဓိက သွေးကြောတွေကို ဖိမိလို့ ခါးနာ တာ၊ အသက်ရှူကျပ်တာ၊ သန္ဓေသားဆီ ကို သွေးရောက်ရှိမှု နည်းတာ စတာတွေ ဖြစ်တတ်ပါတယ်။ ခြေထောက်နှစ်ချောင်း ကြားနဲ့ ဗိုက်အောက်နားမှာ ခေါင်းအုံးခု ထားပြီး ဘယ်ဘက်ကို စောင်းအိပ်စက် တာက အကောင်းဆုံးပါလို့ အကြံပြုပါရ စေ။ ခြေထောက်နှစ်ချောင်းကို စေ့မထား ဘဲ အနည်းငယ် ခွဲထားပါ။

(၂) ဒေါက်မြင့်ဖိနပ် မစီးပါနှင့်
ဒေါက်မြင့်ဖိနပ်စီးတာကို ဘယ်လိုပဲ ကြိုက်နှစ်သက်ပါစေ ကိုယ်ဝန်ဆောင်ချိန် မှာတော့ ဒေါက်မြင့်ဖိနပ် မစီးသင့်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန် တက်လာတာ၊ ခန္ဓာကိုယ်ပုံသဏ္ဌာန် ပြောင်းလဲလာတာတွေကြောင့် ဒေါက်မြင့် ဖိနပ် စီးရင် ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားက အလယ်တည့်တည့် မကျတော့လို့ လမ်း လျှောက်ရာမှာ ဟန်ချက်မထိန်းနိုင်ဘဲ ချော် လဲကျနိုင်ခြေ များစေပါတယ်။ ကိုယ်ဝန် ဆောင်ချိန်မှာ ခြေညှပ်ဖိနပ် အပါးစီးတာ က အသင့်တော်ဆုံးပါ။

(၃) အန္တရာယ်ရှိသော ကစားနည်းများကို ရှောင်ပါ
ကိုယ်ဝန်ဆောင် ဒုတိယသုံးလပတ် မှာ ဗိုက်က သိသိသာသာ ပူလာပြီမို့ အနေ အထိုင် ပိုမိုသတိထားဖို့ လိုလာပါပြီ။ တင်းနစ်ကစားတာ၊ ဘောလုံးကန်တာ၊ ဘတ်စကက်ဘောကစားတာ၊ မြင်းစီးတာ စတဲ့ ကစားနည်းတွေက ချော်လဲနိုင်ခြေ များပြီး ဗိုက်ကို ထိခိုက်နိုင်တာကြောင့် မကစားသင့်ပါ။ လမ်းလျှောက်တာ၊ ရေ ကူးတာတွေက ကိုယ်ဝန်ဆောင်ချိန်အ တွက် အကောင်းဆုံး ကစားနည်းပါ။

(၄) ဆေးလိပ်မသောက်ပါနှင့်
ဆေးလိပ်သောက်တာ ဒါမှမဟုတ် တခြားသူသောက်တဲ့ ဆေးလိပ်ငွေ့ကို ရှူ ရှိုက်ရတာတွေက မိခင်ရော သန္ဓေသား လေးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်သ လို သားပျက်သားလျှောနိုင်ခြေလည်း မြင့် မားစေပါတယ်။ အင်္ဂလန်မှ သုတေသီတွေ ရဲ့ လေ့လာမှုအရ ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်သောက်တာက ကလေးငယ်မှာ ဦးနှောက်အမြှေးပါးရောင်တာကို ဖြစ်နိုင် ခြေများတယ်လို့ သိရပါတယ်။ ကိုယ်ဝန် ဆောင်ချိန်မှာ ဆေးရွက်ကြီး ငုံတာက လ မစေ့၊ ပေါင်မပြည့်တဲ့ ကလေးမွေးဖွားနိုင် ခြေကို မြင့်မားစေပါတယ်။

(၅) အရက်မသောက်ပါနှင့်
ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်အရက် သောက်ပါက အချင်းကနေ သန္ဓေသား လေးရဲ့ သွေးကြောထဲကို ရောက်ရှိသွား ပြီး မွေးဖွားပြီးနောက် အပြုအမူ မမှန်တာ၊ ဉာဏ်ရည်နိမ့်ကျတာတွေ ဖြစ်စေပါတယ်။

(၆) စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓာတ်ကျခြင်း မဖြစ်အောင် ဂရုပြုပါ
ဝမ်းနည်းတာ၊ မပျော်ရွှင်တာ စတဲ့ စိတ်ဖိစီးမှု အပြင်းစားတွေ မဖြစ်အောင် ပြုမူနေထိုင်ပါ။ မိခင်က စိတ်ဖိစီးမှု အလွန်အမင်း များပါက သန္ဓေသားလေး ရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ စိတ်ဖိစီးမှုလိုပဲ စိတ်ဓာတ်ကျဆင်းတာက လည်း သန္ဓေသားလေး ရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ စိတ်ဖိစီးမှုများတာနဲ့ စိတ်ဓာတ်ကျတာတွေက ခန္ဓာကိုယ်တွင်း မှာ ဓာတုပစ္စည်းတွေနဲ့ ဟော်မုန်းတွေကို ထွက်ရှိစေပါတယ်။ အဲ့ဒါတွေက သွေး ကြောတွေကို ကျဉ်းစေပြီး သားအိမ်ကို ထောက်ပံ့ပေးနေတဲ့ အောက်ဆီဂျင်ကို နည်းစေကာ သန္ဓေသားလေးရဲ့ ကြီးထွား မှုကို ထိခိုက်စေပါတယ်။

(၇) မလိုအပ်ဘဲ ဆေးမသောက်ပါနှင့်
ကိုယ်ဝန်ဆောင်ချိန်မှာ ဆရာဝန် ညွှန်ကြားချက်မရှိဘဲ ဘယ်လိုဆေးဝါးကိုမှ မသောက်သုံးသင့်ပါ။ သင်သောက်လိုက် တဲ့ ဆေးတွေက အချင်းကို ဖြတ်ပြီး ကလေး ငယ်ရဲ့ သွေးကြောထဲကို ရောက်ရှိနိုင်တာ ကြောင့်ပါ။

(၈) သွားနှင့်ခံတွင်း ကျန်းမာရေးကို မေ့ လျော့မထားပါနှင့်
ကိုယ်ဝန်ဆောင်ချိန်မှာ သွားနှင့် ခံတွင်း အထူးဂရုပြု စစ်ဆေးမှုကို ခံယူဖို့ လိုပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော် မုန်းပြောင်းလဲမှုတွေရှိပြီး ခံတွင်းထဲက ဘက်တီးရီးယားတွေ လှုံ့ဆော်လို့ သွားဖုံး ရောင်တာကို ဖြစ်စေပါတယ်။ သွားဖုံးက သွေးထွက်တယ်ဆိုရင် သွားဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။ သွားဖုံးက သွေးထွက် ပါက ခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယား တွေက သွေးကြောထဲကတစ်ဆင့် ၀င် ရောက်ပြီး သန္ဓေသားလေးကို ထိခိုက်နိုင် တာကြောင့်ပါ။ 

◘ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *