ကလေးတွေ ကစားတာကနေ ဘာတွေသင်ယူနိုင်မလဲ

ကလေးငယ်တွေ ကစားတာဟာ သာမာန်ရိုးရိုးကြည့်မယ်ဆိုရင်တော့ က စားတာပဲ၊ ဘာထူးဆန်းလို့လဲဆိုပြီး တွေး မိမှာပါ။ တချို့လူကြီးတွေဆို ကလေးက တစ်ချိန်လုံး ကစားနေရင် မကြိုက်တာ တောင်ရှိပါတယ်။ ဒါပေမဲ့ ကစားတာရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ကလေးငယ်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု၊ Skills တွေ တတ်မြောက်လာမှု ဆိုတာတွေ က သေချာနည်းမှန်လမ်းမှန်နဲ့ စနစ်တကျ ပဲ့ကိုင်ပေးသွားမယ်ဆိုရင် ကလေးငယ် ဟာ နဂိုရှိရင်းစွဲထက် ပိုပြီးအရည်အသွေး တွေ တောက်ပလာနိုင်ပါတယ်။
ကလေးငယ်တွေ ကစားတာနဲ့ ပတ် သက်ပြီး ပညာရှင်တွေ လေ့လာခဲ့တာမှ သီအိုရီအုပ်စုကြီး သုံးစု(Classical theories, Modern theories, Postmodern theories) ထွက်ပေါ်ခဲ့ပါတယ်။ သီအိုရီတွေဟာ ကလေးတွေ ကစားတာ ကို လေ့လာပြီး ကလေးတွေအပေါ် ဘယ် လိုသက်ရောက်မှုတွေရှိတယ်၊ ကစားတာ ကို ကလေးတွေက ဘယ်လို တုံ့ပြန်တယ် စတာတွေပေါ် အခြေခံထားတာဖြစ်ပါ တယ်။
ကစားတယ်ဆိုတာဘာလဲ
ကစားတာ ဘာလဲဆိုတာကို အဓိပ္ပာယ်ဖွင့်ရမယ်ဆိုရင် အားသစ်ပြန် လည် ရွှင်လန်းစေခြင်း၊ အပန်းဖြေခြင်း၊ ပျော် ရွှင်မှု၊ လှပတဲ့ဖန်တီးမှု၊ အပြစ်ကင်းမှု စတဲ့ အဓိပ္ပာယ်ဖွင့်နိုင်ပါတယ်။ လူအတော် များများက ပစ္စုပ္ပန်တည့်တည့် အချိန်မှာ အာရုံမစိုက်မိတာများပါတယ်။ ကစား တာကတော့ ပစ္စုပ္ပန်တည့်တည့် အချိန် present tense မှာ အမှန်တကယ်ကို အသက်ဝင် လှုပ်ရှားစေပါတယ်။

ကစားခြင်းအဆင့်ဆင့်
ကလေးငယ်ရဲ့ အသက်နဲ့ ဖွံ့ဖြိုးမှု ကိုလိုက်ပြီးတော့ ယေဘုယျအားဖြင့် ကစားခြင်းအဆင့် ခြောက်ဆင့်ရှိပါတယ်။ မွေးစကနေ သုံးလအရွယ်မှာ ကလေးက ဘာမှ မကစားတတ်ဘူးလို့ မထင်ပါနဲ့။ သူတို့ ခြေ၊ လက်လေးတွေကို မမယ်၊ ချမယ်၊ လှုပ်ရှားကြည့်မယ်၊ ဒါတွေက မွေးကင်းစ ကလေးတွေအတွက် Unoccupied play ဖြစ်ပါတယ်။
နှစ်နှစ်အရွယ်ထိ ကလေးတွေမှာ တခြားကလေးတွေနဲ့ အတူကစားတာကို စိတ်မဝင်စားသေးပါဘူး၊ တစ်ယောက် တည်း ကစားအုံးမှာဖြစ်လို့ Solitary play လို့ ခေါ်ပါတယ်။ နှစ်နှစ်ပြည့်ပြီးက လေးတွေမှာ တခြားသူတွေ ကစားတာ ကို ကြည့်တတ်လာပါပြီ၊ ဒါပေမဲ့ သူတို့ ပါဝင်ပြီး ကစားအုံးမှာ မဟုတ်သေးလို့ Spectator/Onlooker Play လို့ ခေါ် ပါတယ်။
အသက်နှစ်နှစ်ကျော်တဲ့ ကလေး တွေမှာတော့ Parallel Play ကို ကစား လာပါတယ်။ အဓိပ္ပာယ်ကတော့ ကလေး တစ်ဦးက ကစားနေမယ်၊ သူ့ဘေးနားမှာ ကလေးနောက်တစ်ဦးကလည်း သူ့ဘာ သာသူ သူ့စိတ်ကူးနဲ့သူ ကစားနေတာ ဖြစ်ပါတယ်။ အတူတူ မကစားသေးပါဘူး။
အသက် သုံးနှစ်ကနေ လေးနှစ်အ တွင်းမှာတော့ Associate Play လို့ ခေါ် တဲ့ တခြားကလေးတွေနဲ့ နေရာတစ်ခု တည်းမှာ စုပြီး ကစားနေမယ်၊ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အတူကစား တာမျိုး မလုပ်သေးပါဘူး။ အသက်လေး နှစ် နောက်ပိုင်းမှာတော့ ကလေးတွေဟာ တစ်ခုတည်းကို အတူတူ ပါဝင်ကစားတဲ့ Cooperative Play/ Social Play ကို ကစားတတ်ပါပြီ။ မွေးချင်းမောင်နှမမရှိ တာ၊ ကစားဖော်ကလေးမရှိတာ၊ မိသားစု ဝင်နည်းတဲ့ Nuclear Family က ကလေး တွေအနေနဲ့ Cooperative Play ကစား ဖို့မရဲတာ၊ နောက်ကျတာ ဖြစ်တတ်ပါ တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ တဖြည်း ဖြည်းနဲ့ကစားဖို့ ရဲလာပါလိမ့်မယ်။
ဒီအဆင့်တွေက ယေဘုယျအားဖြင့် သတ်မှတ်ထားတာဖြစ်ပြီး တချို့ကလေး တွေမှာ သတ်မှတ်အဆင့်ထက်ကျော်ပြီး ကစားတာ၊ နောက်ကျတာတွေလည်း ဖြစ်နိုင်ပါတယ်။ ကလေးတစ်ယောက်ချင်း စီက unique ဖြစ်တာကြောင့် သွားပြီး မ လောသင့်သလို၊ မြန်မြန်ဆန်ဆန် တတ် မြောက်ဖို့လည်း ဖိအားမပေးပါနဲ့။ က လေးက အရမ်းကစားလို့လည်း မဆူပူပါနဲ့။
ကစားတယ်ဆိုတာ ကလေးရဲ့ အ လုပ်ကို ဖြစ်နေတာမျိုးပါ။ တချို့လူကြီး တွေက ကစားတာကို ပညာရေးနဲ့ မသက် ဆိုင်ဘူး ယူဆထားကြပါတယ်။ ဒါက မှန်လားဆိုရင် မှားပါတယ်။ ကစားတာက ကျောင်းစာတွေလို homework/ assig-nments/ tasks ပြီးမြောက်အောင် လုပ်ရတာမျိုးမဟုတ်ပေမယ့် ကလေးရဲ့ တွေးခေါ်နိုင်စွမ်းကို မြင့်မားစေပါတယ်။ ဒါက ပညာသင်ကြားတဲ့အခါ အထောက် အကူရစေပါတယ်။
နောက်ထပ်ကစားတာကနေ ရလာ မယ့် အကျိုးကျေးဇူးတွေကတော့ –

– ကလေးတွေဟာ သူတို့ကိုယ်သူတို့ ပို နားလည်လာပြီး သူတို့ရဲ့ ပတ်ဝန်းကျင်အ ကြောင်းကိုပါ နားလည်လာမယ်။

– ကလေးတွေကို ကစားဖို့ အချိန်၊ နေ ရာ၊ အခွင့်အရေး ပေးမယ်ဆိုရင် skills အမျိုးမျိုးကို ကစားတာကနေ တတ် မြောက်လာမယ်။

– ဝါသနာအမျိုးမျိုး၊ စွမ်းရည်အမျိုးမျိုးကို စေ့စေ့စပ်စပ် ဖော်ထုတ်ပြသနိုင်လာမယ်။

– နောက်ပိုင်း အရွယ်ရောက်လာရင် ကြုံ တွေ့ရမယ့် ဘ၀အတွက် သူတို့ကိုယ်သူ တို့ ကြိုတင်ပြင်ဆင်ပြီးသား ဖြစ်စေမယ်။

– ပြဿနာကို ဖြေရှင်းနိုင်စွမ်း (problem solving skills) မြင့်မားလာမယ်။

– တီထွင်ဖန်တီးနိုင်စွမ်း၊ စိတ်ကူးယဉ် တွေးခေါ်နိုင်စွမ်း မြင့်လာမယ်။

– တခြားလူတွေနဲ့ လူမှုပေါင်းသင်း ဆက် ဆံရေး လုပ်တတ်လာမယ်။

– ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တည် ဆောက်နိုင်မယ်။

– ခံစားချက်အမျိုးမျိုးကို နားလည်လာ မယ်။

– အရှုံးကို ရင်ဆိုင်ရဲတဲ့ သတ္တိရှိလာပါ မယ်။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *