ကျန်းမာတဲ့ဆံနွယ်တွေပိုင်ဆိုင်ဖို့ ဘာတွေစားမလဲ

အမျိုးသားတွေရော၊ အမျိုးသမီး တွေပါ ဆံကေသာကောင်းတာကို ကြိုက် နှစ်သက်ကြပါတယ်။ ဆံကေသာ ပုံသွင်း တဲ့အခါ အသုံးပြုတဲ့ လေမှုတ်စက်၊ ဖြောင့် စက်၊ ကောက်စက်တွေက ဆံကေသာကို အနည်းနဲ့အများ ပျက်စီးစေပါတယ်။ ဆံ သားကို ဖြောင့်လိုက်၊ ကောက်လိုက်လုပ် တာတွေ၊ အရောင်ဆိုးတာတွေကလည်း ထိခိုက်စေပါတယ်။
ဒီနေ့ခေတ်မှာ ဆံကေသာ ပြုပြင် ထိန်းသိမ်းဖို့ အလှကုန်ပစ္စည်းတွေနဲ့ Treatment တွေပေါ်လာပါတယ်။ ဒါပေ မဲ့ အပေါ်ယံကပဲ ပြုပြင်နေတာတွေက အထိုက်အလျောက်တော့ ထိရောက်ပေ မဲ့ ဆံကေသာ ကျန်းမာစေတဲ့ အစား အစာတွေပါ တွဲစားပေးမယ်ဆိုရင် အတိုင်းထက်အလွန် သန်စွမ်းတောက် ပြောင်တဲ့ ဆံကေသာအလှကို ရရှိမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ ဆံကေသာ အလှအတွက် အထောက်အကူပြုနိုင်တဲ့ စားစရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အိုမီဂါသရီးဖက်တီးအက်စစ်
အိုမီဂါသရီးဖက်တီးအက်စစ်က သင်ရဲ့ အရေပြား၊ ဆံကေသာနဲ့ လက် သည်းတွေရဲ့ ကျန်းမာရေးအတွက် အ ရေးကြီးပါတယ်။ နေ့စဉ် အိုမီဂါသရီး ဖက်တီးအက်စစ်ပါဝင်တဲ့ စားစရာတွေ စားပေးသင့်ပါတယ်။ အိုမီဂါသရီးဖက်တီး အက်စစ်က ဆယ်လ်မွန်၊ တူနာငါး၊ မက် ကရယ်ငါး၊ သစ်ကြားသီးစေ့၊ ဗာဒံသီးစေ့ နဲ့  Flaxseed oil တွေမှာ ပါဝင်ပါတယ်။

(၂) ဗီတာမင် ဘီ ၆
ဗီတာမင် ဘီ ၆ က ဦးရေပြားဆီကို အောက်ဆီဂျင် ရောက်ရှိစေပြီး မွေးညင်း ပေါက်တွေကို အားဖြည့်ပေးနိုင်ပါတယ်။ ဗီတာမင် ဘီ ၆ ကို နေကြာစေ့၊ ကြက် သား၊ တူနာငါး၊ ငှက်ပျောသီး၊ အာလူး၊ ကန်စွန်းဥ၊ ဟင်းနုနယ် တွေကနေ ရရှိနိုင် ပါတယ်။

(၃) ဗီတာမင် ဘီ ၉
ဗီတာမင် ဘီ ၉ (ဖောလစ်အက်စစ်) က သင့်ခန္ဓာကိုယ်ရဲ့ ဒီအန်အေကို ပြန် လည်ပြုပြင်တဲ့အခါ အရေးပါပါတယ်။ ဆဲလ်တွေ အသစ်ဖြစ်ပေါ်စေပြီး ကျန်းမာ တဲ့ ဆံကေသာကို ရစေပါတယ်။ ဖောလစ် အက်စစ်ကိုရဖို့ လတ်ဆတ်တဲ့ ဟင်းသီး ဟင်းရွက်၊ အသီးအနှံ၊ အချဉ်ဓာတ်ပါတဲ့ အသီးအနှံ၊ ခရမ်းချဉ်သီး၊ ပဲအမျိုးမျိုး၊ ပဲနီလေးတွေကနေ ရနိုင်ပါတယ်။

(၄) ဗီတာမင် ဘီ ၁၂
ဗီတာမင် ဘီ ၁၂ က ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေတာ ကြောင့် ဆံကေသာကို သန်စွမ်းစေ ပါတယ်။ ဗီတာမင် ဘီ ၁၂ ကို ကြက်သား၊ ဘဲသား၊ ငါး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကနေ ရရှိနိုင်ပါတယ်။

(၅) ဘိုင်အိုတင်
ဘိုင်အိုတင်က ဖက်တီးအက်စစ် ထုတ်လုပ်မှုကို ကူညီပေးနိုင်တာကြောင့် ဦးရေပြားကျန်းမာရေးကို အထောက်အ ကူ ပြုနိုင်ပါတယ်။ ဘိုင်အိုတင်ချို့တဲ့ရင် အရေပြားခြောက်တာ၊ အဖတ်တွေကွာ တာ၊ ဆံသားကြွပ်ဆတ်တာတွေ ဖြစ်နိုင် ပါတယ်။ ဆံသားသန်စွမ်းဖို့ အားပေးတဲ့ ကီရာတင်ကိုလည်း ကူညီပေးပါတယ်။ ဘိုင်အိုတင်ပါတဲ့ စားစရာတွေကတော့ အစေ့အဆန်တွေ၊ ဥအမျိုးမျိုး၊ ဆယ်လ် မွန်၊ ဆာဒင်းငါး၊ နွားနို့၊ ချိစ်၊ ထောပတ်သီး၊ ရက်စ်ဘယ်ရီသီး၊ ပဲသီးတောင့်၊ ပဲပိစပ် စတာတွေ ဖြစ်ပါတယ်။

(၆) ဇင့်
သင့်မှာ ဇင့်ဓာတ် ချို့တဲ့နေပြီဆိုရင် ဆံပင်တွေ အကျွတ်များလာပြီး အရောင် မွဲလာမှာ ဖြစ်ပါတယ်။ ဇင့်ကို ကြက်သား၊ ဘဲသား၊ ချိစ်၊ ပင်လယ်စာ၊ အစေ့ အဆန်၊ ပဲသီးတောင့်၊ နေကြာစေ့၊ ဖရုံစေ့ စတာ တွေကနေ ရရှိနိုင်ပါတယ်။

(၇) မဂ္ဂနီဆီယမ်
မဂ္ဂနီဆီယမ် ချို့တဲ့တာက ဆံခြည် မျှင် အသစ်ဖြစ်ပေါ်တာ၊ ဆံပင်ကျွတ် တာတွေနဲ့ ဆက်စပ်နေတယ်လို့ သုတေ သီတွေက ဆိုပါတယ်။ ဆံသားကောင်း မွန်စွာ ဖြစ်ပေါ်ဖို့ ဦးရေပြားပေါ်က မွေး ညင်းပေါက်တွေက မဂ္ဂနီဆီယမ်ကို လို အပ်ပါတယ်။ မဂ္ဂနီဆီယမ်ကို ရဖို့ ငှက် ပျောသီး၊ ထောပတ်သီး၊ သဖန်းသီး၊ ဟင်း နုနယ်၊ အနက်ရောင်ချော့ကလက်၊ ဗာဒံ သီးစေ့၊ ဖရုံစေ့၊ သီဟိုဠ်စေ့၊ နံနံပင်၊ ဆယ်လ်မွန်ငါး၊ ဒိန်ချဉ်တို့ကို စားပေးပါ။

ထူးဒါလီကိုကို (MPharm) 

Post Author: Good Health Journal