ကျန်းမာအောင် တစ်နေ့ဘယ်လောက် စားသင့်လဲ

အခုခေတ်မှာ စားသောက်နေထိုင်တာတွေက ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား ဆရာ။
အစားအစာကို ကျန်းမာရေးနဲ့ ညီ ညွတ်အောင် စားသုံးမယ်ဆိုရင် အာဟာ ရချို့တဲ့တာကို ကာကွယ်နိုင်မှာ ဖြစ်ပါ တယ်။ ကူးစက်မဟုတ်တဲ့ရောဂါတွေ မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်တယ်။ ကူးစက်တတ်တဲ့ရောဂါတွေကတော့ အ ကောင်တစ်ကောင်ကောင်ကိုက်ရင် ဖြစ် ပါတယ်။ ကူးစက်မဟုတ်တဲ့ရောဂါတွေက အလွယ်ပြောရရင် နှလုံးသွေးကြောကျဉ်း ရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ အဝလွန် ရောဂါတွေပါ။ ဒီရောဂါတွေကိုကြည့်ရင် ပိုးမွှားတွေ ကူးစက်တာကြောင့် မဟုတ် ပါဘူး။ အစားအသောက်အနေအထိုင် မမှန်တာကြောင့် ဖြစ်ရတာပါ။ ကျန်းမာ ရေးနဲ့ မညီညွတ်တဲ့အစာတွေကို လုံး၀ ရှောင်လို့တော့မရဘူး။ လျှော့ချဖို့တော့ ကြိုးစားရပါမယ်။ အဆင်သင့်အစာတွေ မစားတဲ့လူ တစ်ယောက်မှမရှိပါဘူး။ အဆင်သင့်အစာတွေကို ဟိုအရင်ကထက် ပိုစားလာကြတယ်။ လူနေမှုဘဝပုံစံတွေ ပြောင်းလာတယ်။ တချို့က ဒီလို အဆင် သင့်အစာတွေစားတာက ခေတ်မီတယ် လို့ထင်ပြီး စားနေတဲ့သူတွေတောင် တွေ့ ရတယ်။ အခုခေတ်မှာ စားကောင်းတယ် ဆိုတဲ့ အစားအစာတွေမှာ အချိုများတယ်၊ အဆီများတယ်၊ အငန်များတယ်ဆိုတာ တွေ့ရတယ်။ အချို၊ အဆီနဲ့ အငန်တွေ မပါဘဲ စားပြန်တော့လည်း ဖွဲနုစားနေရ သလို အရသာက မရှိပြန်ဘူး။ ဒါပေမဲ့ သင့်တော်တဲ့အချိုးတစ်ခုထက် ပိုစားလာ ရင်တော့ ကျန်းမာရေး ထိခိုက်စေနိုင်ပါ တယ်။

ကျန်းမာအောင် လူတစ်ယောက် တစ်နေ့ဘယ် လောက်စားရမလဲဆရာ။
ကျန်းမာရေးနဲ့ပတ်သက်ပြီး လူနာ တွေ အများစုမေးကြတာကဘယ်လောက် စားရမလဲဆရာ။ အဲဒီလိုမေးရင် ဖြေရခက် ပါတယ်။ လူတစ်ယောက် ဘယ်လောက် စားရမလဲဆိုတာက ဘယ်လောက်အလုပ် လုပ်လဲဆိုတာပေါ် မူတည်ပါတယ်။ ဘာ အလုပ်မှမလုပ်ဘူး၊ မနက်အိပ်ရာက ထ ပြီး မနက်စာစား၊ ပြီးရင်ပြန်အိပ်၊ တစ်ခါ ထပြီး နေ့လယ်စာစား၊ တီဗီထိုင်ကြည့်၊ ပြီးရင် တစ်ခါပြန်အိပ်၊ ညစာထစား လုပ် နေရင်တော့ ကယ်လိုရီနည်းနည်းပဲ လို တာကြောင့် နည်းနည်းပဲ စားတာနဲ့ရပါ တယ်။ ဒါပေမဲ့ တစ်နေကုန် ချွေးထွက် အောင် အလုပ်လုပ်နေတဲ့သူတွေ အ တွက်ကတော့ ကယ်လိုရီများများ လိုအပ် ပါတယ်။ မိုးလင်းကနေ မိုးချုပ် နွားနဲ့ အ လုပ်လုပ်နေတဲ့ လယ်သမားကြီးကို တစ် နေ့ ကယ်လိုရီ ၁၆၀၀ ပဲ စားဆိုရင် မူးလဲ သွားမှာပါ။ ကိုယ်ဘယ် လောက်စားမလဲ ဆိုတာ တစ်နေ့တာ ကိုယ်ဘာလုပ်လဲဆို တာပေါ်မှာ မူတည်ပါတယ်။

ဆားစားသုံးမှုကို ဘယ်လိုလျှော့ချသင့်ပါ သလဲ ဆရာ။
ဆိုဒီယမ်ပါတဲ့ဆားကို စားသုံးတာ များပါက သွေးတိုးတယ်၊ ကူးစက်မဟုတ် တဲ့ ရောဂါတွေ ဖြစ်ပွားမှုကို ပိုများစေ တယ်။ ပိုတက်စီယမ်ပါတဲ့ ဆားကို အစား ထိုးစားသုံးပါက ကူးစက်မဟုတ်တဲ့ရောဂါ တွေ ဖြစ်ပွားမှုကို လျှော့ချနိုင်တာ တွေ့ရ ပါတယ်။ ပိုတက်စီယမ် ကြွယ်ဝတဲ့ သစ် သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံး ပေးပါ။ ပိုတက်စီယမ်ဆားဆိုပေမယ့် ဆိုဒီယမ်ဆားရဲ့ သွေးတိုးစေတဲ့ အာနိ သင်ကို ပြောင်းပြန်အာနိသင်ပေးစွမ်း နိုင်ပါတယ်။

အသီးအရွက်တွေ စားသုံးမှုကကော လုံလောက် မှုရှိပါသလား ဆရာ။
ကျွန်တော်တို့ အဓိက စားသုံးဖို့လို တာက အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်ပါ။ အင်မတန်အံ့ဩဖို့ကောင်းတာက အရှေ့ တောင်အာရှနိုင်ငံတွေက သစ်သီးဝလံ တွေ ပေါများပေမယ့် စားသုံးမှု နည်းကြ တယ်။ ကျွန်တော်တို့ နိုင်ငံခြားသွားတဲ့အ ခါ ဟိုမှာ ကိုယ့်ဘာသာချက်စားဖို့ Super Market သွားတယ်။ ဈေးမှာ အသီးအ ရွက်ဝယ်မယ်ဆိုပြီး ကြည့်လိုက်တော့ ကန်စွန်းရွက်သုံးပင်ပါတဲ့ တစ်စည်းကို နှစ်ဒေါ်လာပေးရတယ်။ ကြက်သား ခုတ် ထစ်ပြီးသား တစ်ကီလိုကို တစ်ဒေါ်လာခွဲ ပဲ ပေးရတယ်။ ဒါကြောင့် သူတို့ဆီမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါဆို တာကို အပြင်းအထန် ပြောဆိုနေရတဲ့ အနေအထားပါ။ ကျွန်တော်တို့ မြန်မာ နိုင်ငံမှာက အသီးအရွက်တွေ အဲဒီလို ဈေးမကြီးပါဘူး။ စားနိုင်တဲ့အနေအထား ရှိပါတယ်။ ဒါပေမဲ့ တကယ်ကို စားသင့် တယ်ဆိုတာ သိရှိနားလည်မှု နည်းနေပါ သေးတယ်။

တစ်နေ့ကို ဆားဘယ်လောက်ပမာဏပဲ စားသင့်ပါသလဲ ဆရာ။
တစ်နေ့ကို ဆား ၅ ဂရမ်ထက် မပို အောင် စားသုံးပါလို့ ပြောထားပါတယ်။ တကယ်တမ်း တစ်ကမ္ဘာလုံးက လိုက်နာ နိုင်ကြမယ်ဆိုရင် တစ်နှစ်ကို လူဦးရေ ၁၇ သန်း သေဆုံးမှုနှုန်းကို ကာကွယ်နိုင် ပါတယ်။ ဆားတစ်ဇွန်းထက် ပိုစားတာက တစ်နှစ်ကို လူဦးရေ ၁၇ သန်းကို သေစေ နိုင်တာပါ။ ဆားဖြူးစားတာ၊ ငံပြာရည် ဆမ်းစာတာကတော့ မြင်သာတာပေါ့။ မမြင်ရဘဲ ဝက်ပေါင်ခြောက်ထဲမှာပါတာ၊ ဝက်အူချောင်း၊ ချိစ်၊ ငါးပိ၊ ငါးခြောက် စတာတွေထဲမှာ ဆားပါဝင်မှုများပါတယ်။ အဲဒါတွေကို သတိထားစားဖို့ လိုပါတယ်။
ဟင်းကို ဆားပေါ့ပေါ့ ချက်ပြုတ် စားပြီး လျှာအလေ့အကျင့်ကို ပြောင်းလဲ ပါ။ ဆားလေးလေး စားနေတဲ့ လျှာက ဆားလေးမှ အရသာထိပြီး ခံတွင်းမြိန် ပါတယ်။ အဲဒီလိုပဲ အစပ်ကြိုက်တဲ့သူက လည်း အစပ်လေးပါမှ စားကောင်းတာ မျိုးပါ။ အငန်ကြိုက်တဲ့သူကို ပေါ့ပေါ့ချက် ကျွေးလိုက်ရင် စားမကောင်းတော့ဘူး။ ဒါကြောင့် ဆားပေါ့ပေါ့ချက်စားပြီး ခံတွင်း ကို အလေ့အကျင့်လုပ်ပါ။ အလေ့အကျင့် လုပ်လိုက်ရင်တော့ နောက်ပိုင်းမှာ ဆား ပေါ့ပေါ့နဲ့ စားတတ်သွားပါလိမ့်မယ်။

အချိုမှုန့်စားနေတာတွေကကော ဆရာ။
ကျွန်တော်တို့ဆီမှာ အချိုမှုန့်ကို ဆားလို့ အများစု မသိကြပါဘူး။ အချိုမှုန့် ဆိုတော့ အချိုလို့ပဲ အများစုက ထင်ကြပါ တယ်။ မဟုတ်ပါဘူး။ အချိုမှုန့်က မိုနိုဆို ဒီယမ်ဂလူတမိတ်ပါ။ ခန္ဓာကိုယ်ထဲ ရောက် သွားတဲ့အခါ ဆိုဒီယမ်ဆားဓာတ်ပြောင်း သွားတာပါပဲ။ အချိုမှုန့်အစားသုံးတဲ့ ကြက်သားမှုန့်ကလည်း ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါ ဆားအဖြစ် ပြောင်းသွား ပါတယ်။ ကျွန်မတို့ ဆားလျှော့စားပါတယ်၊ ဆားမစားပါဘူးလို့ပြောပြီး အချိုမှုန့်တွေ၊ ကြက်သားမှုန့်တွေ သုံးနေတာက ဆား စားသုံးနေတာဖြစ်လို့ ဒီပြဿနာက မပြေ လည်ပါဘူး။

အဆင်သင့်စာတွေမှာကော ဆားပါဝင်မှု များ ပါသလားဆရာ။
အဆင်သင့်စာ ထုတ်လုပ်သူတွေကို ပညာပေးနိုင်ဖို့လည်း လိုပါတယ်။ အဆင် သင့်စာ ထုတ်လုပ်သူတွေအနေနဲ့ ဆား လျှော့ပြီး ထုတ်လုပ်မယ်ဆိုရင် ကျန်းမာ ရေးအတွက် တကယ့်ကို အထောက်အ ကူဖြစ်စေပါတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံက ထုတ်လုပ်ရောင်းချတဲ့ မုန့်တွေ မှာ အာဟာရဓာတ် ဖော်ပြထားတာ မတွေ့ရပါဘူး။ ပါဝင်တဲ့အာဟာရ တန်ဖိုး တွေကို ဖော်ပြဖို့အတွက် ကျွန်တော်တို့ ကြိုးစားရဦးမှာပါ။ အငန်ဓာတ်ဘယ် လောက်ပါတယ်၊ အဆီဘယ်လောက်ပါ တယ်၊ အချိုဓာတ် ဘယ်လောက်ပါတယ် ဆိုတာ ဖော်ပြပေးနိုင်ရင် နောင်လာနောင် သားတွေကျန်းမာရေးနဲ့ ညီညွတ်တာကို ရွေးချယ်စားနိုင်မှာ ဖြစ်ပါတယ်။

အချိုစာတွေနဲ့ ပတ်သက်ပြီးလည်း ရှင်းပြ ပေးပါဦး ဆရာ။
အချိုကို ဖြစ်နိုင်ရင်လျှော့စားပါ။ ကလေးတွေ အချိုစားတာများရင် သိသာ တာက သွားပိုးစားတာပါ။ လူကြီးတွေ အချိုမှုန့်တွေ အစားများရင် ဝမယ်။ သရေစာကို သစ်သီးနဲ့ အစေ့အဆန်တွေ စားရင် ကျန်းမာရေးနဲ့ ပိုမိုပြည့်စုံမှာ ဖြစ် ပါတယ်။ ရှောင်ချင်ပါတယ် ဆရာ။ ဒါပေမဲ့ Super Market တွေသွားရင် ဆရာပြောတာတွေ ရှာမတွေ့ဘူး။ ဆရာ ပြောတာတွေ စားဖို့ ကိုယ်တိုင်လယ်ကွင်း ထဲဆင်းပြီး လယ်ထွန်ရမလား၊ ယာစိုက်ရ မလားဆိုတော့ ဒီအတွက်က အစားအစာ ထုတ်လုပ်သူတွေ၊ အစိုးရပိုင်းတွေက လုပ်ဆောင်ရမှာပါ။ အဓိက က Policy Maker တွေဖြစ်တဲ့ အစိုးရက Policy  ချမှတ်ပြီး ရေရှည်ဆောင်ရွက်မှသာ ဆောင်ရန်၊ ရှောင်ရန်ဆိုတာ ရလာမှာပါ။ ကိုယ့်ဆီက ထုတ်လုပ်မှုတွေကို ထိန်းချုပ် ရုံနဲ့ မရသေးဘူး။ ပြည်ပက သွင်းတာတွေ ကိုလည်း ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိ၊ မရှိ စိစစ်ဖို့၊ ကန့်သတ်မှုတွေချပေးဖို့ လည်းလိုပါတယ်။

တွဲဖက်ပါမောက္ခဒေါက်တာသိန်းမြင့်
တွဲဖက်အတွင်းရေးမှူး
မြန်မာနိုင်ငံဆီးချိုသွေးချို
ဝေဒနာရှင်များအသင်း

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *