ခရီးသွားရင်းဓာတ်ပုံရိုက်တဲ့အခါလန်းနေဖို့ . . .

ခရီးသွားဖို့ အဝတ်အစားတွေ ထည့်တာ က လွယ်မလိုနဲ့ ခက်တတ်ပါတယ်။ အထူး သဖြင့် သင်ဟာ ခရီးသွားအိတ်ကို အလေးကြီး လည်း မသယ်ချင်ဘူး၊ သင်သွားတဲ့ခရီးမှာ လည်း အလှဓာတ်ပုံတွေရိုက်ဖို့ စုံစုံလင်လင် ထည့်သွားချင်တယ်ဆိုရင် ပိုပြီး စီစဉ်ရ ခက် တတ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ခရီး သွားရင်း ဓာတ်ပုံရိုက်တဲ့အခါ လန်းနေဖို့ ရေး ပေးလိုက်ပါတယ်။

(၁) ရာသီဥတုအကဲခတ်ပါ
သင်သွားမယ့်ခရီးစဉ်ကို အရင်ဆုံးဖြတ် ပြီးရင် သွားမယ့်နေရာရဲ့ ရာသီဥတုအခြေအ နေကို အရင်အကဲခတ်ပါ။ နေသာမှာလား၊ မိုး ရွာမှာလား၊ အေးမှာလားစသဖြင့် မိုးလေ၀သ အခြေအနေကိုကြိုတင်လေ့လာပါ။ ဒါမှအဝတ် အစားရွေးချယ်တဲ့အခါ ရာသီဥတုနဲ့လည်း ကိုက်ညီမယ်၊ သင့်အတွက်လည်း သက် သောင့်သက်သာဖြစ်စေမှာပါ။ အရမ်း ပူတဲ့ရာသီဥတုမှာ အနွေးထည် အထူကြီး ဖက်ရှင်နဲ့ မလိုက်ဖက်သ လို အရမ်းချမ်း တဲ့ ရာသီဥတု မှာလည်း ရေကူး ကန်ထဲဆင်းရိုက်ဖို့ မ ဖြစ်နိုင်ပါဘူး။

(၂) Multi-purpose အဝတ်အစား မျိုး ကို ဦးစားပေး ရွေးဝယ်ပါ
Multi-purpose ဆိုတာကတော့ ဘယ် လိုရည်ရွယ်ချက်နဲ့မဆိုဝတ်ဆင်ဖို့ လျော်ညီတဲ့ အဝတ်အထည်မျိုးကို ဆိုလိုပါတယ်။ ရာသီ ဥတုအပြောင်းအလဲကိုလည်း ခံနိုင်ရည်ရှိမယ်၊ နေရာအတော်များများမှာလည်း ဝတ်ဖို့ သင့် တော်တဲ့၊ လိုက်လျောညီထွေဖြစ်စေတဲ့အဝတ် မျိုးကိုဆိုလိုပါတယ်။ လေဒီတို့အတွက် ကြူ­အင­စကမစသျန အဝတ်အထည်တွေထဲမှာဆိုရင် Dမနျ တွေပါဝင်ပါတယ်။

(၃) အရောင်သေချာရွေးပါ
အဝတ်အထည်ရဲ့ အရောင်ရွေးချယ်မှု ကလည်း သင်သွားတဲ့ခရီးစဉ်တစ်လျှောက်မှာ လှပတဲ့ဓာတ်ပုံလေးတွေရဖို့ အထောက်အကူ ပြုနိုင်ပါတယ်။ သင်သွားမယ့်နေရာဒေသရဲ့ အရောင်အသွေးတွေကို အရင်လေ့လာပါ။ ဥပမာ – ကမ်းခြေလိုနေရာမျိုး သွားမယ်ဆိုရင် ပင်လယ်ပြာပြာကြီးရှိမယ်၊ ကောင်းကင်ပြာပြာ ရယ်၊ မီးခိုးရောင်ကျောက်ဆောင်တွေရယ်၊ အုန်းပင်တွေအများဆုံးရှိပါမယ်။ သွားမယ့် နေရာဒေသကို နောက်ခံထားပြီးတော့ သင့်ကို ပေါ်လွင်စေမယ့် အရောင်ကို ရွေးချယ်ပါ။ လိုက်ဖက်တဲ့အရောင်တွေတွဲပြီး ဝတ်ဆင်နိုင်ဖို့ Color Wheel ကိုတော့ လေ့လာထားကြည့် ပါနော်။

(၄) ချရေးထားပါ
သင်ရဲ့ခရီးသွားအိတ်ကို မလိုတာတွေနဲ့ ပြည့်မနေစေဖို့ တစ်ခါတည်း ဘယ်နေ့မှာ ဘာဝတ်မယ်၊ ဘယ်လို ဗခခနျသမငနျ တွေနဲ့ တွဲဖက်ဝတ်ဆင်မယ်ဆိုတာကို ချရေးထားပါ။ ယူသွားမယ့် ပစ္စည်းတွေ မကျန်ခဲ့စေဖို့လည်း Check List ရေးထားပါ။ ကင်မရာပါပြီး ဘက်ထရီမပါတာ၊ အားသွင်းကြိုးပါပြီး ဖုန်း မေ့ကျန်တာတွေမဖြစ်အောင်လို့ပါ။

(၅) အစားအသောက်ဂရုစိုက်ပါ
ခရီးစဉ်တစ်လျှောက် လှလှပပလေး ဓာတ်ပုံရိုက်နိုင်ဖို့ ကိုယ်တိုင်က ကျန်းမာနေ ဖို့လည်းလိုပါတယ်။ ဒီအတွက် အစာအိမ်ပြ ဿနာတွေဖြစ်စေမယ့် အစားအစာတွေကို ဆင်ခြင်ပါ။ ခရီးသွားရင် ရေသောက်ဖို့ မေ့ တတ်ပါတယ်၊ ရေဓာတ်ပြည့်ဝနေဖို့ ရေခဏ ခဏသောက်ပေးဖို့လည်းမမေ့ပါနဲ့။ အခန့်မ သင့် ဗိုက်အောင့်တာဖြစ်လာရင် သောက်ဖို့ လည်းဆေးတွေဆောင်သွားပါ။

(၆) အသားအရေဂရုစိုက်ပါ
ခရီးသွားတဲ့အခါ နေဒဏ်၊ လေဒဏ် တွေ အနည်းအများခံရနိုင်ခြေရှိတာမို့ အ သားအရေ ပျက်စီးနိုင်ပါတယ်။ ဒီအတွက် အသားအရေအားဖြည့်စေမယ့် လိုးရှင်းတွေ၊ ဖြည့်စွက်ဆေးတွေယူသွားပါ။ အပြင်ထွက် ရင် နေလောင်ကာခရင်မ်လိမ်းပါ။ အိပ်ချိန် ပြည့်အောင်လည်း ဂရုစိုက်ပါ။

(၇)ဆံကေသာအလှမပျက်အောင်ထိန်းပါ
အဝတ်အစား၊ မိတ်ကပ်က ပြောစရာ မလိုအောင်ပြည့်စုံနေပေမယ့် ဆံကေသာက ပုံစံမကျရင်လည်း ဓာတ်ပုံရိုက်တဲ့အခါ လှမှာ မဟုတ်ပါဘူး။ ခရီးသွားနေတာဖြစ်တဲ့အတွက် ကြောင့် ဆံပင်ပုံသွင်းဖို့ အထူးတလည်အချိန် ပေးနိုင်ဖို့ခက်ပါလိမ့်မယ်။ ဒီအတွက် အချိန် အနည်းငယ်ပဲအသုံးပြုပြီး လှပတဲ့ဆံကေသာ ပုံစံရအောင် အလွယ်တကူသယ်လို့ရတဲ့ ဆံ ပင်ဖြောင့်စက်အသေးလေး၊ ကောက်စက်အ သေးလေးတွေ၊ အလွယ်တကူချည်နှောင်ထုံး ဖွဲ့နိုင်တဲ့ခေါင်းစည်းတွေကို ဆောင်သွားပါ။

Darliko 

Post Author: Good Health Journal