ငိုကြွေးတာကစိတ်ကျန်းမာရေးနှင့် ဘယ်လိုဆက်စပ်နေလဲ

လူတိုင်းငိုဖူးကြပါတယ်။ အကြောင်း အမျိုးမျိုးနဲ့ပေါ့။ တစ်ယောက်နဲ့ တစ် ယောက် ငိုရတဲ့အကြောင်းတော့ မတူ ကြဘူးပေါ့။ တချို့က ဝမ်းသာလို့၊ တချို့ ကဝမ်းနည်းလို့၊ အားငယ်တဲ့အခါမျိုးမှာ လည်း မျက်ရည်က အလိုလိုကျလာ တတ်ပါသေးတယ်။
စိတ်ပညာရှင်ပါမောက္ခရဲ့လေ့လာ မှုအရ ငိုတာက စိတ်ခံစားမှုကို ဖော်ပြတဲ့ အချက်တစ်ချက်ဖြစ်ပြီး လူသားဆန်မှု ကိုလည်း ဖြစ်စေတယ်လို့ ဆိုပါတယ်။ သိပ္ပံပညာရှင်တွေက ငိုရတဲ့အကြောင်းနဲ့ မျက်ရည်မှာပါဝင်တာတွေကို လေ့လာခဲ့ ကြပါတယ်။
ငိုတာက ဝေမျှဖို့အတွက် အကောင်း ဆုံးနည်းလမ်းတစ်ခုပါ။ ကလေးငယ် တစ်ယောက်ငိုတာက နို့ဆာတာ၊ ရှူးရှူး စိုတာကြောင့်ဖြစ်နိုင်ပါတယ်။ လူကြီး တွေကတော့ စိတ်ဖိစီးမှုတွေများတာ၊ နာကျင်တာတွေ ခံစားရတဲ့အခါမျိုး တွေမှာ သက်သာစေဖို့၊ အကူအညီရဖို့ ငိုတတ်ကြပါတယ်။ တစ်စုံတစ်ယောက် ရဲ့ ဂရုစိုက်မှုပိုရဖို့အတွက်လည်း မျက် ရည်ကို အသုံးပြုတတ်ကြပါသေးတယ်။
မျက်ရည်က အမျိုးသမီးတွေရဲ့ လက်နက်တစ်ခုဆိုရင်လည်း မမှားပါ ဘူး။ အမျိုးသားတွေဆီက လိုချင်တာ ရဖို့၊ သူတို့ကို အနိုင်ယူဖို့အတွက် အမျိုး သမီးတွေက မျက်ရည်ကို လက်နက် အဖွယ်အသုံးပြုနိုင်ပါသေးတယ်။
စိတ်ပညာရှင်တွေရဲ့ အဆိုအရ ငို ကြွေးမှုမရှိသူတွေဟာ စိတ်ဓာတ်မာ ကျောသူတွေလို့လည်း သတ်မှတ်တတ် ကြပါတယ်။ မျက်စိပညာရှင်တွေက တော့ မျက်ရည်က မျက်လုံးကို ချောမွေ့ စေပြီး မျက်ရည်မထွက်ပါက မျက်လုံး ကို ခြောက်သွေ့စေလို့ မကောင်းဘူး လို့လည်း ဆိုပါတယ်။
အလွန်အမင်း ငိုကြွေးတာကတော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒီလိုငိုကြွေးတာမျိုးက ခန္ဓာကိုယ်ကို အပြစ်ပေးသလိုဖြစ်စေပြီး စိုးရိမ်ပူပန်မှု လည်းဖြစ်စေပါတယ်။ စိတ်ဖိစီးမှုများတဲ့ အခါ ထွက်ရှိတဲ့ အက်ဒရီနလင်နဲ့ ကော် တီဇောဟော်မုန်းတွေ ထွက်လာစေပြီး ဒီဟော်မုန်းတွေနဲ့ ထိတွေ့မှုများတဲ့အခါ ဦးနှောက်ရဲ့ လုပ်ကိုင်နိုင်စွမ်းကို ထိခိုက် စေပါတယ်။ ဦးနှောက်အတွင်းမှာ ဓာတု ဒြပ်ပေါင်းတွေနဲ့ ဟော်မုန်းတွေ မညီမမျှ ဖြစ်စေပါတယ်။ စိတ်အားငယ်တဲ့အခါ၊ ပညာရေးမှာ ရှုံးနိမ့်တဲ့အခါ၊ လူမှုဆက် ဆံရေးတွေ အဆင်မပြေတဲ့အခါမျိုးတွေ မှာ စိတ်ထိခိုက်ခံစားရပြီး အလွန်အမင်း ငိုကြွေးတာတွေ ပြုလုပ်တတ်ကြတယ် လို့ သိပ္ပံပညာရှင်တွေက လေ့လာတွေ့ရှိ ခဲ့ကြပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published.