တစ်ရက်ကို ခြေလှမ်းပေါင်း ၄၄၀၀ လမ်းလျှောက်ပေးရုံနဲ့ စောစီးစွာသေဆုံးနိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ သုတေ သနသစ်တစ်ရပ်မှာ ဖော်ပြပါရှိပါတယ်။ တစ်ရက်ကို ခြေလှမ်း ပေါင်း ၁၀၀၀၀ ပြည့်အောင် လျှောက်ပေးသင့်တယ်ဆိုတာဟာ အယူအဆသက်သက်ပဲလို့လည်း ဆိုခဲ့ကြပါတယ်။ ဒီအယူအဆ ကြောင့် လူတွေဟာ ဒီစံချိန်ကိုမပြည့်မီနိုင်ဘူးဆိုပြီး လမ်း လျှောက်ဖို့ဝန်လေးသွားတတ်ကြပါတယ်။ ဟားဗတ်စ်တက္က သိုလ်ရဲ့သုတေသီအဖွဲ့က သက်ကြီးရွယ်အိုအမျိုးသမီး ၁၆၇၄၁ ဦးကို လေးနှစ်ကြာအောင် စောင့်ကြည့်လေ့လာခဲ့ကြတာဖြစ်ပြီး တော့ အဲဒီအတောအတွင်း သုတေသနမှာပါဝင်တဲ့အမျိုးသမီး ၃၀၄ ဦး သေဆုံးခဲ့ပါတယ်။ သုတေသနရလဒ်အရ တစ်ရက်ကို ခြေလှမ်း ၄၄၀၀ လျှောက်ရုံနဲ့ စောစီးစွာသေဆုံးနိုင်ခြေကို ၄၁ ရာခိုင်နှုန်းလျှော့ချနိုင်တယ်လို့သိရပါတယ်။ ခြေလှမ်းပေါင်း ၄၄၀၀ ထက်ပိုပြီး ၈၄၀၀ လျှောက်တဲ့လူကတော့ သေဆုံးနိုင်ခြေ ၅၈ ရာခိုင်နှုန်းပိုနည်းတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
(AP,30.5.19) အေးယုနိုင်
