ဓာတ်ခွဲခန်းတွင်ဖန်တီးထားသည့် လူသားအဆုတ်တုဖြင့် ၀က်ခန္ဓာထဲတွင် အစားထိုးမှုအောင်မြင်

တက္ကဆက်ဆေးတက္ကသိုလ်က ဂျို ရန်နစ်ခိုးစ်နဲ့ ဂျိုဝါဂွင်ကော်တီယယ်လာ တို့ဦးဆောင်တဲ့ သုတေသနအဖွဲ့ကနေ bioengineering နည်းပညာနဲ့ ဓာတ်ခွဲ ခန်းမှာ မွေးမြူထုတ်လုပ်ထားတဲ့ လူသား အဆုတ်တုကို အရွယ်ရောက်ပြီး ၀က် တွေရဲ့ခန္ဓာကိုယ်ထဲမှာ အစားထိုး ထည့် သွင်းစမ်းသပ်မှုအောင်မြင်ခဲ့တယ်လို့သိရပါတယ်။ ဒီသုတေသီအဖွဲ့က ဓာတ်ခွဲခန်းမှာအဆုတ်တုမွေးမြူထုတ်လုပ်တာ ကို ၂၀၁၄ခုနှစ်မှာ အောင်မြင်ခဲ့တာဖြစ်ပါ တယ်။ လက်ရှိလေ့လာမှုအရ ၀က်တွေရဲ့ ခန္ဓာကိုယ်ထဲမှာ အဆုတ်တုတွေကို အစား ထိုးထားမှုက အချိန်နှစ်လ ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် အခြေအနေကောင်းနေဆဲ ဖြစ်တယ်လို့ ဒေါက်တာ ဂျိုရန်နစ်ခိုးစ်က ဆိုပါတယ်။ အစားထိုးပြီးနောက် နှစ်ပတ် အကြာမှာပဲ အဆုတ် အသက်ရှင်နိုင်ဖို့ လုံလုံလောက်လောက် သန်မာတဲ့ အဆုတ် သွေးကြောကွန်ရက်တွေ ဖြစ်လာခဲ့တယ် လို့ ဒေါက်တာဂျိုရန်နစ်ခိုးစ်က ဆိုပါ တယ်။ လက်ရှိမှာ ၀က်တွေရဲ့ခန္ဓာကိုယ် ထဲ အဆုတ်တုတွေကို လက်ခံနိုင်မှု အခြေအနေ၊ ပိုမိုကြီးထွားလာတဲ့ခန္ဓာ ကိုယ်မှာ အဆုတ်တုက ဆက်ပြီးလိုက်ပါကြီးထွားရင့်သန်လာမှု အခြေအနေ တွေရှိမရှိ လေ့လာနေကြတာ ဖြစ်ပါတယ်။ ၀က်တွေရဲ့ မူလအဆုတ်တစ်ခုကို ကိုယ် ထဲမှာချန်ရစ်ထားပြီး အဆုတ်တုနဲ့ တွဲ ဖက်အလုပ်လုပ်စေတဲ့ ပုံစံနဲ့ မွေးထားတာ ဖြစ်ပြီး အဆုတ်တုက နှစ်လကြာတဲ့အထိ အဆင်ပြေနေသေးပေမယ့် ဆက်ပြီး ကြီး ထွားရင့်သန်လာတဲ့ အခြေအနေမျိုး မမြင် ရတာကြောင့် မူလ အဆုတ်ကိုထုတ်ပစ်ပြီး အဆုတ်တုနဲ့ချည်း အသက်ရှူစေဖို့အထိ တော့ မဖြစ်နိုင်သေးဘူးလို့ သိရပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အဆုတ်ထိခိုက်ပျက်စီးမှု တွေကြောင့် အစားထိုးကုသဖို့လိုအပ်နေ သူတွေ အများအပြားရှိနေပြီး လှူဒါန်းမှု တွေကလည်း မလုံလောက်တာကြောင့် အဆုတ်တုမွေးမြူထုတ်လုပ်ဖို့ ကြိုးပမ်း နေကြကာ လူ့ခန္ဓာမှာ စိတ်ချစွာအစားထိုး အသုံးပြုနိုင်တဲ့အထိ အဆင့်မြှင့်ကြိုးပမ်း လုပ်ဆောင်သွားမယ်လို့ ဒေါက်တာ ဂျိုရန်နစ်ခိုးစ်က ဆိုပါတယ်။

◘ (DM, 9.8.18)သံသာ

Post Author: Good Health Journal