နားကျပ်တံကဂွမ်း နားထဲမှာကျန်ခဲ့လို့ ဦးခေါင်းခွံထဲ ပိုး ဝင်သွားပြီး လဲကျသွားတဲ့အမျိုးသားကို အင်္ဂလန်ကျန်းမာရေး ဌာနက လူတွေက အပြေးအလွှားဆေးရုံတင်ပေးလိုက်ရပါ တယ်။ သူဟာ ခဏခဏတက်၊ ခေါင်းလည်း ခဏခဏကိုက်၊ ဘယ်ဘက်နားလည်းကိုက်၊ အဲဒီနားကနေလည်း ပြည်တွေ ခဏခဏထွက်နေပါတယ်။ သူ့နားမှာပိုးဝင်တာ အခြေအနေဆိုး တယ်ဆိုတာ ဆရာဝန်ကသိလို့ ကုပေးပေမယ့် မအောင်မြင်ပါ ဘူး။ ရောဂါဇာစ်မြစ်က ဦးခေါင်းအတွင်းပိုင်းမှာ ဖြစ်နေတာကြောင့် ဆရာဝန်က ကြိုးစားကုပေးလည်း မအောင်မြင်တာပါ။ လူနာရဲ့ ဘယ်ဘက်နား မကြားရတာငါးနှစ်ရှိနေပြီဆိုတာ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်သိသွားပါတယ်။ ဒါနဲ့ ဆရာဝန် လည်း သူ့ကိုမေ့ဆေးပေးပြီး အဲဒီနားအတွင်းပိုင်းထဲအထိ ကိရိ ယာတွေနဲ့သေသေချာချာကြည့်ပါတယ်။ ဟိုးအတွင်းပိုင်းထဲမှာ နားက အရမ်းရောင်နေပြီး ပြည်တွေ၊ နားဖာချေးတွေနဲ့ပြည့် နေတာ တွေ့ရပါတယ်။ အဲဒါတွေကို ဆွဲထုတ်လိုက်တော့ ပြည် တွေ၊ နားဖာချေးတွေထဲမှာဂွမ်းစလေးရှိနေတာ တွေ့လိုက်ရပါ သတဲ့။ ဂွမ်းစ နားထဲဝင်နေတာ ဘယ်လောက်ကြာနေပြီဆိုတာ မသိရပေမယ့် လူနာရဲ့နားမကြားရတာကတော့ ငါးနှစ်ရှိနေပါ ပြီ။ နားကျပ်တံက ဂွမ်းနားထဲမှာ ကျန်ခဲ့ရင် ပိုးဝင်နိုင်ပြီး နားဟာ ဒဏ်ရာတွေ ရသွားနိုင်ပါတယ်။ ဒီလူနာကတော့ နားအတွင်း ပိုင်းထဲပိုးဝင်ပြီး ဦးခေါင်းခွံက တစ်သျှူးတွေပါ ထိခိုက်သွားပေ မယ့် ဦးနှောက်တော့ထိမသွားပါဘူး။
(DM, 21.3.19) ချယ်ရီ
