ပင့်ကူဆို ကြောက်လွန်းလို့ဆိုတဲ့လူတွေဟာ ပင့်ကူလူ သားဇာတ်ကားကြည့်မယ့်အစား တခြားဘာပဲလုပ်ရလုပ်ရဆိုတဲ့ လူမျိုးတွေပါ။ ဒါပေမဲ့ ပင့်ကူဇာတ်ကားဇာတ်ဝင်ခန်းတွေကို ခုနစ် စက္ကန့်လောက်ပဲကြည့်လိုက်ရင်ကို သူတို့တွေ ပင့်ကူကြောက် တာ နည်းသွားပါလိမ့်မယ်လို့ လေ့လာချက်က ဆိုလိုက်ပါတယ်။ ကိုယ်ကြောက်ပေ့ဆိုတဲ့ဟာကို နည်းနည်းချင်း ပိုပိုထိတွေ့ပေး လိုက်ရင် တဖြည်းဖြည်းနဲ့ အကြောက်နည်းလာလိမ့်မယ်ဆိုတဲ့ နည်းလမ်းပါ။ ဒါပေမဲ့ အဲဒီရုပ်ရှင်ကား ခဏလေးကြည့်မယ့်နည်း ကို ပညာရှင်တွေက အခုမှပထမဦးဆုံးအကြိမ်စမ်းလိုက်ပါ တယ်။ အဲဒီလိုကြည့်အပြီးမှာတော့ ပင့်ကူကြောက်တဲ့လူတွေ ပင့်ကူကြောက်တဲ့လက္ခဏာ ၂၀ ရာခိုင်နှုန်း နည်းသွားတာတွေ့ ရပါသတဲ့။ ဒါပေမဲ့ ဒီနည်းဟာ ပင့်ကူကြောက်တာကို လုံးဝ ပျောက်သွားစေနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနည်း ကို ကိုယ်တိုင်လည်း အိမ်မှာစမ်းကြည့်လို့ရတယ်ဆိုတော့ လက် တွေ့လည်းကျ၊ ကုန်ကျစရိတ်လည်း လုံးဝမရှိပါဘူး။ အစ္စရေး သုတေသီတွေက ပင့်ကူကြောက်တတ်တဲ့လူတွေကို ပင့်ကူလူ သားဇာတ်ဝင်ခန်းတွေနဲ့ စမ်းသပ်ကြည့်တော့ အကျိုးထူးမှန်း သိ သွားတာပါ။ ဒါကြောင့် မြွေကြောက်တဲ့လူတွေဟာလည်း မြွေ မှတ်တမ်းရုပ်ရှင်ဇာတ်ကားတွေကို များများကြည့်ပေးရင် ကြောက်စိတ်နည်းလာမှာပါ။
(DM, 2.5.19) ချယ်ရီ
