မဖိတ်ထားတဲ့ ဧည့်သည်

ငလျင်ဒဏ်ဆိုတာ သဘာဝဘေး အန္တရာယ်တွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ မဖိတ်ခေါ်ပါဘဲလာတဲ့ဧည့် သည်လိုမျိုး ဘယ်အချိန်၊ ဘယ်အခါလာ မယ်ဆိုတာကြိုမသိနိုင်ပါဘူး။ ငလျင်က ရုတ်တရက် လှုပ်ခါတာမျိုးဖြစ်တဲ့အ တွက် လေးတဲ့ အရာဝတ္ထုပစ္စည်းတွေ ပြုတ်ကျတာ၊ အဆောက်အအုံတွေ ပြို ကျတာ၊ လမ်းတွေပျက်စီးတာ၊ ရေကြီး တာ၊ တောင်ပြိုတာတွေထိ ဖြစ်လာနိုင် ပါတယ်။ ငလျင်လှုပ်ပြီဆိုတာသိတာနဲ့ ကိုယ့်ကိုယ်ကိုယ် ချက်ချင်းအကာအ ကွယ်ယူဖို့ သတိရဖို့လိုပါတယ်။

ပြင်ဆင်ပါ
ငလျင်ဖြစ်နိုင်ခြေကို မိုးလေ၀သ ခန့် မှန်းချက်တွေအရသိထားရင် ကြို တင်ပြင်ဆင်မှုကို ပြုလုပ်ထားသင့်ပါ တယ်။ ဘာတွေပြင်ဆင်မလဲဆိုရင် –
– အိမ်တွင်းပရိဘောဂပစ္စည်းတွေ မပျက်စီးအောင် သေချာပြင်ဆင်ရ ပါမယ်။ ဒီထဲမှာ တီဗီတွေ၊ နံရံမှာ ချိတ်ဆွဲထားတဲ့ အရာဝတ္ထုတွေပါ ဝင်ပါတယ်။ လေးလံတဲ့ပစ္စည်းတွေ နဲ့ ကျိုးပဲ့အက်ကွဲလွယ်တဲ့ ပစ္စည်းတွေ ကို အပေါ်အဆင့်မှာမထားဘဲ ပြုတ် မကျနိုင်မယ့်နေရာမှာ ထားရှိပါ။
– ငလျင်လှုပ်ရင် ဘယ်နေရာမှာ အ ကာအကွယ်တွေ ရနိုင်မယ်ဆိုတာ ကို ကြိုတင်လေ့ကျင့်ထားပါ။
– သင့်မိသားစုဝင်တွေ အချင်းချင်း လည်း အသိပေးထားပါ၊ တကယ်လို့ လူစုကွဲသွားရင်လည်း ဘယ်နေရာ မှာ ပြန်ဆုံမယ်ဆိုတာမျိုး ကြိုတိုင် ပင်ထားပါ။
– လိုအပ်ရင် အရေးပေါ် သယ်ဆောင် သွားဖို့ Supply Kit လည်း ပြင်ဆင် ထားပါ။ ဒီထဲမှာ သုံးရက်စာလောက် စားနိုင်မယ့် စားစရာ၊ ဓာတ်မီး၊ ဘက် ထရီအပို၊ ဆေးဝါး၊ ပတ်တီး၊ ဝီဆယ် (လိုအပ်ရင် အသံပေးနိုင်ရန်) စတာ တွေထည့်ထားပါ။

လိုက်နာပါ
– ရုတ်တရက်ဆိုရင် လူအများက သ တိလက်လွတ်ဖြစ်ပြီး ဘာလုပ်လို့ လုပ်ရမှန်း မသိဖြစ်တတ်ပါတယ်။ ပထမဆုံး သတိရရမှာကတော့ သင် ရဲ့ ဦးခေါင်းနဲ့ လည်ပင်းကို မထိခိုက် မိဖို့ အရေးကြီးပါတယ်။ ဒီအတွက် လက်နှစ်ဖက်နဲ့ ဦးခေါင်းကို ကာ ကွယ်ပါ။ ကာကွယ်ရင်း လေးဖက် ထောက်သွားပါ။ ခိုင်မာတဲ့ ပရိဘောဂ ပစ္စည်း(ဥပမာ-ခိုင်ခံ့တဲ့စားပွဲ)အောက်မှာ ငလျင်လှုပ်တာ ရပ်သွား တဲ့အထိ အကာအကွယ်ယူပါ။
– သင်အိပ်ရာပေါ်မှာရှိနေရင် အိပ်ရာ ပေါ်မှာဘဲနေပြီး သင့်ဦးခေါင်းကို ခေါင်းအုံးနဲ့ ကာကွယ်ပါ။
– ငလျင်လှုပ်တဲ့အချိန်မှာ သင်က အိမ် ထဲမှာဖြစ်နေရင် အိမ်ထဲမှာပဲ အကာ အကွယ်ရယူပါ၊ ငလျင်လှုပ်တာပြီး တဲ့အထိ အိမ်ထဲမှာပဲနေပါ။ အိမ် အ ပြင်ကိုပြေးထွက်တာမျိုးမလုပ်ပါနဲ့။
– တကယ်လို့ သင်က အိမ်အပြင် ရောက်နေရင် အပြင်မှာပဲနေပါ။ ငလျင်လှုပ်နေစဉ်အတွင်း အိမ်ထဲ ကနေ အိမ်ပြင်ထွက်တာ၊ အပြင်က နေ အဆောက်အအုံထဲဝင်တာတွေ မလုပ်ပါနဲ့။ အပြင်မှာလည်း ပြေး နေတာမျိုး မလုပ်ပါနဲ့။
– ငလျင်လှုပ်တဲ့အချိန်မှာ သင်ကား မောင်းနေစဉ်ဖြစ်ရင် ကားကိုချက် ချင်းလမ်းဘေးချရပ်လိုက်ပြီး ကား ထဲမှာနေပါ၊ အခြေအနေစောင့်ကြည့် ပါ။ အဆောက်အအုံတွေ၊ သစ်ပင် ကြီးတွေနား ကားမရပ်ထားပါနဲ့။
– သင်ဟာ အထပ်မြင့်အဆောက် အအုံတွင်းမှာရောက်နေရင် မီး အန္တရာယ်ရှိတာကို သတိပြုပါ။Fire Alarm အသံကိုနားစွင့်ပါ။ လျှပ် စစ်မီး အချိန်မရွေး ပြတ်တောက် နိုင်တာမို့ ဓာတ်လှေကား အသုံးပြု တာရှောင်ပါ။
– သင်က ကုန်းမြင့်အနား၊ တောင်ခြေ အနားရှိနေရင် မြေပြိုတာ၊ တောင် ပြိုတာဖြစ်နိုင်ခြေရှိတဲ့အတွက် သတိ ရှိနေဖို့ ဂရုစိုက်ပါ။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *