မီးဖွင့်လျက် ( ဒါမှမဟုတ် ) တီဗီဖွင့်လျက်အိပ်ပျော်သွားတတ်တဲ့လူတွေအဝလွန်နိုင်ခြေရှိတယ်လို့ သိပ္ပံပညာရှင်တွေက ပြောလိုက်ပါတယ်။ ညဘက်အိပ်ချိန်မှာ အဲဒီလိုအလင်းရောင် တွေနဲ့ထိတွေ့ရတဲ့လူတွေဟာ ဝိတ်တက်နိုင်ခြေ ၁၇ ရာခိုင်နှုန်း ပိုများတတ်တာပါ။ ဒီလိုနည်းနဲ့ အိပ်ပျော်သွားလေ့ရှိတဲ့အမျိုး သမီးတွေကို ငါးနှစ်လိုက်လေ့လာကြည့်တော့ သူတို့တွေ ပေါင် ချိန် ၁၁ ပေါင် တိုးလာတာ တွေ့ရတယ်လို့ သုတေသီတွေက ဆိုတာပါ။ အိပ်ချိန်မှာ ပြင်ပအလင်းရောင်တွေက နှောင့်ယှက် တော့ ဟော်မုန်းမျှခြေထိခိုက်သွားပြီး ကယ်လိုရီများတဲ့အစားအ စာတွေ စားချင်စိတ်များသွားတဲ့အတွက် လူတွေဝိတ်တက်နိုင် ခြေများသွားတာဖြစ်မယ်လို့ သုတေသီတွေက အခိုင်အမာယူဆ ပါတယ်။ ညဘက်အိပ်ရာဝင်ခါနီးမှာ ဒီလိုအလင်းရောင်တွေကို ရှောင်သင့်တယ်ဆိုတဲ့အရင့်အရင် လေ့လာချက်တွေကလည်း ဆိုထားတဲ့အတွက် အခုလေ့လာချက်ရလဒ်ဟာဆိုရင် အဓိပ္ပာယ် အပြည့်ရှိတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အမေရိကန် ပညာရှင်တွေက အမျိုးသမီးပေါင်း ၄၄၀၀၀ နီးပါးကို ငါးနှစ်ကြာ လေ့လာအပြီးမှာမှ အခုလိုပြောလိုက်တာဖြစ်ပါတယ်။
(DM, 13.6.19)ချယ်ရီ
