မုန့်ဖုတ်ဆိုဒါကိုအသားအရေအတွက်အသုံးပြုနည်း

မုန့်ဖုတ်ဆိုဒါမှုန့်ရဲ့သဘာဝက အယ်ကာလီဘက်သွား တာဖြစ်ပြီး အရေပြားရဲ့pH ကို ထိန်းညှိပေးနိုင်စွမ်း ရှိပါတယ်။ မုန့်ဖုတ်ဆိုဒါမှုန့်ကို အရေပြားအတွက် အသုံးပြုနိုင်တဲ့ နည်း လမ်းတွေကတော့ –

ဝက်ခြံအမာရွတ်တွေပျောက်ဖို့
ဆဲလ်သေတွေ၊ အဆီနဲ့ ဘက်တီးရီးယားတွေကြောင့် ချွေးပေါက်ပိတ်ပြီး ဝက်ခြံထွက်လာပါတယ်။ သေချာ မထိန်း သိမ်းနိုင်ရင် အမာရွတ်တွေ ဖြစ်လာနိုင်ပါတယ်။ အမာရွတ်တွေ ပျောက်ဖို့ဆိုရင် မုန့်ဖုတ်ဆိုဒါမှုန့်ကို ရေနည်းနည်းနဲ့ ခပ်ပျစ်ပျစ် ဖျော်ပါ။ တစ်နေ့ကို သုံးကြိမ် အရေပြားပေါ် တင်လိမ်းပြီး ၃ – ၄ မိနစ်အကြာမှာ ရေဆေးချလိုက်ပါ။ မုန့်ဖုတ်ဆိုဒါက ပျက် စီးသွားတဲ့အရေပြားရဲ့ ဆဲလ်အသေတွေ ဖယ်ရှားနိုင်စွမ်းရှိပြီး အမာရွတ်တွေကို ပျောက်စေပါတယ်။

အရေပြားယားယံတာပျောက်ဖို့
မုန့်ဖုတ်ဆိုဒါမှာ ရောင်ရမ်းတာကို ပျောက်ကင်းနိုင်တဲ့ အာနိသင်နဲ့ ပိုးသတ်နိုင်စွမ်းအာနိသင်လည်း ရှိပါတယ်။ အရေ ပြားက အခန့်မသင့်လို့ နီရဲပြီး ယားယံလာတာမျိုးဖြစ်ရင် မုန့် ဖုတ်ဆိုဒါကို အုန်းဆီနဲ့ရောလိမ်းပြီး ငါးမိနစ်လောက် ထားပေး ပါ။ တစ်နေ့နှစ်ကြိမ်ပြုလုပ်ပေးမယ်ဆိုရင် အရေပြားယားယံတာ တွေ ပျောက်သွားစေမှာပါ။

နေလောင်တာပျောက်ဖို့
အသားအရေနေလောင်ဒဏ်ကိုပျောက်ဖို့လည်း မုန့်ဖုတ် ဆိုဒါကို အသုံးပြုနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါမှာ အေးမြစေတဲ့ ဂုဏ်သတ္တိရှိတာကြောင့်ပါ။ ရေအေးအေးနဲ့ မုန့်ဖုတ်ဆိုဒါမှုန့်ကို ရောပြီး လိမ်းထားပေးလိုက်ပါ။ နေလောင်ဒဏ်ရာတွေ သက် သာသွားမှာပါ။

Blackheads တွေပျောက်ဖို့
ဆားဝက်ခြံအမည်းစက်တွေရှိနေရင် တစ်ခါတလေ အရေပြားကနေ ညှစ်ထုတ်ဖို့ ခက်တတ်ပါတယ်။ မုန့်ဖုတ်ဆိုဒါ ကအရေပြားကို ပျော့ပျောင်းစေတဲ့အပြင် ပိုးသတ်အာနိသင် လည်း ရှိတာကြောင့် သူ့ကို ဘူခေု့နads တွေ သန့်စင်ပေးဖို့ အသုံးပြုနိုင်ပါတယ်။

အရေပြားသန့်စင်စေဖို့
မုန့်ဖုတ်ဆိုဒါမှုန့်က အဆီတွေ စုပ်ယူပေးနိုင်ပြီး ချွေး ပေါက်တွေကိုလည်း သန့်စင်ပေးနိုင်ပါတယ်။ ဒါကြောင့် မျက် နှာသန့်စင်တဲ့နေရာမှာလည်း မုန့်ဖုတ်ဆိုဒါကို အသုံးပြုနိုင်ပါ တယ်။ မုန့်ဖုတ်ဆိုဒါကို ရေနဲ့ရောပြီး မျက်နှာပြင်ပေါ် အသာ အယာလိမ်းပြီး သန့်စင်ပေးပါ။

Darliko

Post Author: Good Health Journal

Leave a Reply

Your email address will not be published.