မျက်ခမ်းတွေလှုပ်နေတာ ကျန်းမာရေး ပြ၁သနာကြောင့်လား

မျက်ခမ်းလှုပ်တာဟာ မျက်ခမ်းမှာရှိ တဲ့ ကြွက်သားတွေဟာ အလိုအလျောက် ကျုံ့တာကြောင့်ဖြစ်ပြီးတော့ ထပ်ခါထပ်ခါ ဖြစ်တတ်ပါတယ်။ အပေါ်မျက်ခမ်းရော၊ အောက်မျက်ခမ်းရော နှစ်နေရာစလုံးမှာ လှုပ်လေ့လှုပ်ထရှိပေမယ့်အပေါ်ဘက် မျက်ခမ်းကတော့ ပိုပြီးတော့အဖြစ်များပါ တယ်။ လူအများစုမှာမျက်ခမ်းလှုပ်တာဟာ သိပ်ပြီးတော့မသိသာလှပေမယ့် ပြင်းပြင်းထန်ထန်လှုပ်တဲ့သူတွေအဖို့တော့ မျက်လုံး ကို လုံးဝမှိတ်ချချင်လောက်တဲ့အထိဖြစ်စေ တတ်ပါတယ်။ ယေဘုယျအားဖြင့်တော့ မျက်ခမ်းလှုပ်တာဟာ စက္ကန့်အနည်းငယ်က နေ ၁ မိနစ်၊ ၂ မိနစ်လောက်အထိကြာတတ်ပါ တယ်။ လူတိုင်းဟာ သူတို့ဘ၀တစ်လျှောက် လုံးမှာ အနည်းနဲ့အများဆိုသလို မျက်ခမ်း တွေလှုပ်ဖူးကြပါတယ်။ ပါးစပ်ကနေထုတ် ပြီးတော့ မပြောလိုက်မိပေမယ့် ခဏတ ဖြုတ်လောက်ကလေး မျက်ခမ်းတွေလှုပ် သွားတာကိုတော့ သတိပြုလိုက်မိပါတယ်။ အဲဒီလိုသတိပြုလိုက်မိပေမယ့် ဒါကို ကျန်း မာရေးနဲ့ပတ်သက်တဲ့ပြဿနာတစ်ခုဆို တာကိုတော့သတိထားလိုက်မိတဲ့သူအ တော်နည်းနေပါတယ်။

(က) မျက်ခမ်းလှုပ်စေသည့် ဇာစ်မြစ်များ
မျက်ခမ်းလှုပ်တာဟာ ဘာကြောင့် လဲ လို့ အတိအကျမပြောနိုင်ပေမယ့် ပင်ပန်းမှု၊ စိတ်ဖိစီးမှု၊ ကဖင်းတို့နဲ့ဆက်စပ်နေပါတယ်။ မျက်ခမ်းလှုပ်တာဟာ နေ့စဉ်လှုပ်ရှားနေကျ ကိစ္စတွေကို အဟန့်အတားမဖြစ်စေပေ မယ့် စိတ်ကိုတော့ အဟန့်အတားဖြစ်စေပါ တယ်။ မျက်တောင်တဖျတ်ဖျတ်ခတ်စေ တာမျိုး၊ မျက်လုံးကို တစ်ဝက်လောက်အထိ မှေးသွားစေတာမျိုးကိုဖြစ်စေတတ်ပါတယ်။ တချို့သူတွေမှာတော့ မျက်လုံးကိုဖွင့်ဖို့ခက် ခဲတာမျိုးကနေ အမြင်အာရုံချို့တဲ့တဲ့ ပြဿ နာတွေ ဖြစ်လာစေတတ်ပါတယ်။ မျက်ခမ်း တွေလှုပ်တာဟာ မျက်ခမ်းရောင်တာ၊ မျက် လုံးတွေခြောက်တာ၊ အလင်းရောင်ကို မခံနိုင်တာ၊ မျက်စိနာတာတွေလိုမျိုး မျက် လုံးနဲ့ပတ်သက်တာတွေရဲ့လက္ခဏာတွေ ဖြစ်နိုင်သလို ပါကင်ဆန်ရောဂါ၊ ကြွက်သား တင်းအားပျက်တာ (Dystonia)၊ Bell’s Palsy အကြောရောဂါ အပါအဝင် ဦး နှောက်နဲ့ ပတ်သက်တဲ့တစ်စုံတစ်ရာပြောင်း လဲမှုဖြစ်နေတာကိုသတိပေးတဲ့လက္ခဏာ တွေလည်း ဖြစ်နိုင်ပါသေးတယ်။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုကုစားဖို့အသုံးပြု ကြတဲ့ဆေးတွေ၊ အတက်ရောဂါကိုကုသတဲ့ ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ လည်း မျက်ခမ်းလှုပ်တာမျိုးကိုကြုံတွေ့ရ တတ်ပါတယ်။

၁။ စိတ်ဖိစီးမှုနှင့်ပင်ပန်းနွမ်းနယ်ခြင်း
စိတ်ဖိစီးမှုတွေရှိနေတဲ့အချိန်မျိုးမှာ ခန္ဓာကိုယ်က နည်းလမ်းအမျိုးမျိုးနဲ့တွန်း လှန်တာကြောင့် မျက်ခမ်းလှုပ်တာဟာ စိတ် ဖိစီးမှုရဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။ မျက်လုံးကိုများများ အသုံးပြုရတဲ့သူတွေမှာ အမြင်အာရုံနဲ့ပတ်သက်တဲ့ ပြဿနာတွေကို ကြုံတွေ့ရခါနီးပြီဆိုရင်ဦးစွာသတိပေးတဲ့ အနေနဲ့မျက်ခမ်းတွေ လှုပ်နေတတ်ပါတယ်။ ဒီလိုလူတွေကတော့ မျက်လုံးကိုအနားပေး လိုက်ရင် မျက်ခမ်းလှုပ်နေတာတွေ သက် သာသွားပါတယ်။ စိတ်ဖိစီးမှုများတာတွေ၊ တခြားအကြောင်းအရာတွေကြောင့် အိပ် ချိန် လျော့နည်းတာတွေဟာ မျက်ခမ်းလှုပ် တာတွေကိုဖြစ်ပေါ်စေပါတယ်။ အိပ်ရေး ၀၀အိပ်လိုက်ရတဲ့အချိန်မှာတော့ ဒီလိုမျိုး ပြ ဿနာဟာ ပျောက်ကွယ်သွားပါတယ်။

၂။ မျက်လုံးညောင်းညာခြင်း
မျက်မှန်တပ်ဖို့လိုအပ်တာ၊ မျက်မှန်ဒီဂရီပြောင်းလဲဖို့လိုတာမျိုးအမြင်အာရုံနဲ့ ပတ်သက်တဲ့ဖိစီးမှုတွေဟာ မျက်ခမ်းတွေ လှုပ်စေပါတယ်။ ကွန်ပျူတာ၊ လက်ကိုင်ဖုန်း တို့ကိုအသုံးပြုလွန်ကဲတာ၊ ဂိမ်းကစားများ တာတွေဟာလည်း Eye Strain ကို ဖြစ် စေကာ မျက်လုံးမှာရှိတဲ့ ကြွက်သားတွေကို ဝန်သွားပိစေပြီး အလွန်အမင်းကျုံ့တာမျိုး ကိုဖြစ်ပေါ်စေတတ်ပါတယ်။ အဲဒီလိုမျိုး မျက်လုံးညောင်းညာတာနဲ့ မျက်ခမ်းတွေ တ ဆတ်ဆတ်နဲ့လှုပ်နေတာမျိုးဟာ အချိန်ကြာ ကြာဖြစ်နေရင်တော့ မျက်လုံးနဲ့ပတ်သက်တဲ့ ဆရာဝန်ဆီမှာ သွားရောက်ပြသင့်ပါတယ်။ တကယ်လို့ ကွန်ပျူတာကိုများများအသုံး ပြုရတဲ့သူဆိုရင်လည်း အလင်းပြန်မှုကို ခံနိုင်တဲ့သင့်တော်တဲ့မှန်အမျိုးအစားကိုရွေး ချယ်အသုံးပြုလိုက်တဲ့အခါ မျက်ခမ်းလှုပ် တာတွေ လျော့ပါးသွားပါတယ်။

၃။ နေထိုင်စားသောက်မှုပုံစံ
ကျွမ်းကျင်သူတွေကတော့ ကဖင်းနဲ့ အရက်ကို အလွန်အမင်းသုံးစွဲတာဟာ မျက်ခမ်းကို လှုပ်စေတယ်လို့ဆိုကြပါတယ်။ ဒါကြောင့် ကော်ဖီ၊ လက်ဖက်ရည်၊ ဆိုဒါ တွေ၊ အရက်တွေကိုသောက်တာများသွားတာနဲ့မျက်ခမ်းတွေလှုပ်လာတတ်ပါတယ်။ နောက်တစ်ခုကတော့သတ္ထုဓာတ်တွေပါ။ ကျွန်မတို့ခန္ဓာကိုယ်အတွက်မရှိမဖြစ်လို အပ်တဲ့ တချို့သတ္တုဓာတ်တွေချို့တဲ့မှုဟာ မျက်ခမ်းလှုပ်တဲ့ပြဿနာဆီကိုဦးတည် သွားတတ်ပါတယ်။ အထူးသဖြင့် မဂ္ဂနီဆီ ယမ်ချို့တဲ့မှုဟာ ကြွက်သားတွေကိုပိုပြီး တော့ ကျုံ့စေတတ်ပါတယ်။ ဒါကြောင့် အစားအသောက်ကို ပုံမှန်စားသုံးတဲ့သူအ တွက် မျက်ခမ်းလှုပ်တာဟာ တခြားအ ကြောင်းအရာတွေကြောင့် ဖြစ်နိုင်ပေမယ့် အာဟာရ ပြည့်ဝအောင် မစားသောက်ဖြစ် တဲ့သူတွေအဖို့တော့ ဒါဟာ ပြင်ဆင်ရမယ့် အချက်တစ်ချက်ပါပဲ။

၎။ မျက်လုံးခြောက်ခြင်း
အသက်အရွယ်ကြီးတဲ့လူကြီးတွေ ထဲက တစ်ဝက်လောက်ဟာ မျက်လုံး ခြောက်တဲ့ ပြဿနာကိုကြုံတွေ့ရတတ်ပြီး နောက်ဆက်တွဲအနေနဲ့မျက်ခမ်းတွေ လှုပ် နေတတ်ပါတယ်။ ကွန်ပျူတာအသုံးများတဲ့ သူ၊ တချို့ဆေးဝါးတွေကို သောက်သုံးနေရ တဲ့ သူတွေ၊ မျက်ကပ်မှန်တပ်နေရတဲ့သူတွေ ဟာလည်း မျက်လုံးခြောက်တတ်ပါတယ်။ စိတ်ဖိစီးမှု၊ ပင်ပန်းနွမ်းနယ်မှုတွေဟာ မျက် လုံးခြောက်စေပါတယ်။ သူတို့တွေဟာ တ ခြားသူတွေထက် မျက်ခမ်းပိုလှုပ်လေ့ရှိပြီး မူလဇာစ်မြစ်ဖြစ်တဲ့အကြောင်းအရင်းတွေ ကို မကုသနိုင်မချင်း မျက်ခမ်းလှုပ်တာဟာ ပျောက်မသွားတတ်ပါဘူး။

၅။ ဓာတ်မတည့်မှုများ
မျက်လုံးနဲ့ပတ်သက်ပြီး ဓာတ်မတည့် မှုကို ခံစားရလွယ်တဲ့သူတွေဟာ မျက်လုံး တွေ ယားယံတာ၊ ယောင်တာ၊ မျက်ရည်ယို စီးကျတာတွေကို ခံစားရတတ်ပါတယ်။ မျက်လုံးကို ပွတ်လိုက်တာကြောင့် Histamine တွေဟာ မျက်ခမ်းတွေ၊ မျက်ရည် တွေထဲကို ရောက်သွားပါတယ်။ အဲဒီကနေ မှရောက်လာတဲ့ Histamine နတွေဟာ မျက်ခမ်း၊ မျက်လုံးတွေရဲ့ကြွက်သားတွေကို ရုတ်တရက်ကြီး ကျုံ့သွားစေပါတယ်။ ဒီပြ ဿနာတွေကိုဖြေရှင်းဖို့အတွက် Antihistamines ပါတဲ့ မျက်စဉ်းဆေးတွေ၊ ဆေး ပြားတွေကို အသုံးပြုကြပါတယ်။ ဒါပေမဲ့ Antihistamines တွေဟာ မျက်လုံးတွေ ကို ခြောက်စေတတ်တာကိုတော့ သတိ ထားပေးဖို့ လိုပါတယ်။

(ခ) မျက်ခမ်းလှုပ်သည့် အမျိုးအစားများ
၁။ Minor Eyelid Twitch
တစ်ခါတလေကျရင် ကျွန်မတို့သတိ မထားမိလိုက်ဘဲ မျက်ခမ်းလှုပ်သွားတာမျိုး တွေဟာ ကျွန်မတို့ရဲ့နေထိုင်မှုပုံစံနဲ့ဆက် စပ်နေပါတယ်။ အဲဒီလိုမျိုး မသိမသာမျက် ခမ်းလှုပ်သွားတဲ့ Minor Eyelid Twitch ဟာ ပင်ပန်းနွမ်းနယ်မှု၊ စိတ်ဖိစီးမှု၊ အိပ်ချိန် နည်းပါးမှု၊ အရ