မကြာခဏမေ့တတ်ခြင်းက ဉာဏ်ရည်အလွန်မြင့်မားနေခြင်း လက္ခဏာတစ်ရပ်ဖြစ်သည်ဟု သုတေသီများအတည်ပြု

ယူလာတဲ့ထီးကို မေ့ချန်ခဲ့လေ့ရှိလို့ မကြာခဏထီးဝယ်နေ ရတတ်သူတွေ၊ မှတ်ထားတဲ့အိမ်နံပါတ်တွေ၊ ဖုန်းနံပါတ်တွေမ ကြာခဏမေ့ပျောက်သွားတတ်သူတွေ၊ သုံးနေတဲ့အကောင့်တွေ ရဲ့လျှို့ဝှက်ကုတ်တွေကို မေ့တတ်လွန်းလို့ စာရွက်နဲ့ ချမှတ် ထားရသူတွေ ဒီလိုမျိုးမကြာခဏမေ့တတ်တာက ဉာဏ်ရည် အလွန်မြင့်မားနေလို့ဖြစ်တယ်လို့ သုတေသီတွေရဲ့လေ့လာ တွေ့ရှိချက်မှာ ဖော်ပြခဲ့ထားပါတယ်။ ဘာလုပ်လုပ်၊ ဘယ်သွားသွား တစ်ခုခုတော့ မေ့လိုက်ရမှဆိုသူတွေအတွက်တော့ စိတ်အား တက်ဖွယ်ရာသတင်းပါပဲ။ တော်ရွန်တိုတက္ကသိုလ်က သုတေသီ တွေရဲ့ လေ့လာချက်အရ ဉာဏ်ရည်မြင့်မားသူတွေရဲ့ ဦးနှောက် က အရေးမကြီးတဲ့ အသေးအဖွဲကိစ္စတွေနဲ့ပတ်သက်တဲ့ မှတ် ဉာဏ်တွေကို မေ့ပစ်လိုက်လေ့ရှိတာကို တွေ့ရှိခဲ့ကြတာဖြစ်ပါ တယ်။ တစ်ခုလောက်တော့ မမေ့လိုက်ရဘဲမနေတတ်သူတွေ ရဲ့ ဦးနှောက်က သာမန်အသေးအဖွဲကိစ္စတွေထက် ပိုအရေးကြီး တဲ့အကြောင်းအရာတွေကိုသာ မှတ်သားထားလေ့ရှိတာကြောင့် ဖြစ်တယ်လို့သိရပါတယ်။ တွေ့ကြုံသမျှအကြောင်းအရာတိုင်း ကို မှတ်ဉာဏ်အဖြစ် ဦးနှောက်ထဲမှာ သိမ်းဆည်းထားတဲ့အခါ အရေးကြီးတဲ့ မှတ်သားမှုတွေက ဘာလဲဆိုတာကို ရွေးချယ်မှတ် သားဖို့ ခဲယဉ်းသွားတတ်တာကြောင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်သူတွေက အရေးမကြီးတဲ့အသေးအဖွဲအချက်အ လက်တွေကိုအလွယ်တကူပဲမေ့တတ်ကြတာဖြစ်တယ်လို့ လေ့ လာမှုမှာ ဖော်ပြထားခဲ့တာဖြစ်ပါတယ်။

(DM, 7.3.19) သံသာ

Post Author: Good Health Journal