ယုံကြည်မှုရှိရှိနဲ့ လှနိုင်ဖို့ …

လူအတော်များများဟာနေ့စဉ်ဘ၀မှာ စိတ်တိုင်းမကျမှုမျိုးစုံနဲ့ ရင်ဆိုင်နေရနိုင်ပါတယ်။ ဒီထဲမှာ သူတို့ရဲ့ ခန္ဓာကိုယ်ကို စိတ်တိုင်းမကျတာကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ငါက ၀လွန်းတယ်၊ ပိန်လွန်းတယ်၊ဘယ်နေရာပိန်ချင်တယ်၊ဘယ်နေရာပြည့်ချင်တယ် စသဖြင့်ကိုယ်စီမှာ စိတ်တိုင်းမကျတာမျိုးရှိနေတတ်ပါတယ်။ ဒါကလည်း သဘာဝပါပဲ။ ဒီတစ်ပတ်မှာ ရေးပေးချင်တာကတော့မိမိခန္ဓာကိုယ်အပေါ်မှာ ယုံကြည်မှုတိုးစေဖို့ရည်ရွယ်ပါတယ်။

လူတစ်ယောက်နဲ့ တစ်ယောက်မှာ ခန္ဓာ ကိုယ်အချိုးအစား တစ်သမတ်တည်း ပုံသေ မဟုတ်ပါဘူး။

မနှိုင်းယှဉ်ပါနဲ့
ဒီနေ့ခေတ်မှာ လူအတော်များများက Social Media တွေ အသုံးများလာကြပါ တယ်။ Sသခငal နြိငa တွေဆိုတာဟုတ်တာ ရော၊ မဟုတ်တာရော သတင်းအချက်အလက် အစုံအလင် ရောထွေးနေတာမျိုးပါ။ ဒီကနေ ကိုယ့်ကိုယ်ကိုယ်နဲ့ တခြားလူနဲ့ နှိုင်းယှဉ်မိတာ မျိုး၊Body Shaming Posts တွေ ဖတ်မိတာ မျိုးတွေက သင့်ကို စိတ်ဖိစီးစေတတ်တာကို သတိထားပါ။

ဘယ်သူမှPerfect မဖြစ်ပါဘူး
လူတိုင်း မှာပင်ကိုအလှကိုယ်စီ ရှိကြပါတယ်။ မိမွေး ဖမွေးအတိုင်း သဘာဝ အ လှကို တန်ဖိုးထားပါ။ ဒီနေ့ခေတ် မှာ အလှအပဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှု တွေကို ခေါင်းစခြေဆုံး စိတ်တိုင်းကျလုပ်နိုင် ပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ပြုပြင်ပြုပြင် ကိုယ့်ကိုယ်ကိုယ်မချစ်ရင် သင်ဘယ်တော့မှ စိတ်တိုင်းကျမှာ မဟုတ်ပါဘူး။ တစ်နေရာမ ဟုတ်တစ်နေရာ စိတ်တိုင်းမကျ ဖြစ်နေအုံးမှာ ပါ။ နောက်ပြီး ပြုပြင်ထားတဲ့ဘယ်အရာမဆို ဟာလည်းမမြဲပါဘူး။

ပြင်ဆင်ခြယ်သပါ
သင့်ခန္ဓာကိုယ်သင်ပြန်ကြည့်ပါ၊ သင့်ခန္ဓာ ကိုယ်တစ်ခုလုံးမှာ သင်နှစ်သက်တဲ့ အစိတ်အ ပိုင်းတွေချရေးပါ။ ရှိရင်းစွဲအလှကို ပေါ်လွင် အောင် အလှကုန်တွေနဲ့သော်လည်းကောင်း၊ ဝတ်စားဆင်ယင်ပုံနဲ့သော်လည်းကောင်းအမျိုး မျိုး လုပ်နိုင်ပါတယ်။ ခွဲစိတ်ခန်းထဲဝင်ပြီးမှ လှ နိုင်တာ မဟုတ်ပါဘူး။ နဂိုအလှကို ပေါ်လွင် အောင် ကိုယ့်ခန္ဓာကိုယ် အချိုးအစားနဲ့ လိုက် ဖက်တဲ့အဝတ်အစားရွေးဝတ်တာ၊ လိုက်ဖက်တဲ့ ပြင်ဆင်ခြယ်သမှုမျိုးလုပ်တာတွေ လုပ်နိုင်ပါ တယ်။ အမြဲတမ်း ဆောင်သွားရမယ့်အရာတစ်ခု ကတော့ ချိုသာတဲ့အပြုံးပါ။ ပြုံးပြုံးရွှင်ရွှင်နေ သူတိုင်းဟာ အမြဲလှနေပါတယ်။

မိမိကိုယ်မိမိ စောင့်ရှောက်ပါ
စောင့်ရှောက်တဲ့နေရာမှာ စိတ်ပိုင်းဆိုင် ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော ကျန်းမာအောင် စောင့်ရှောက်ဖို့လိုပါတယ်။ စိတ်ပိုင်းဆိုင်ရာမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့အတွက် ဝါသ နာပါရာအလုပ်ကိုကြိုးစားပါ၊ အကောင်းမြင် စိတ်မွေးမြူပါ။ ရုပ်ပိုင်းဆိုင်ရာကျန်းမာဖို့ အတွက် ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ တွေစားပါ၊ ကိုယ်လက်လှုပ်ရှား အားကစားလုပ် ပါ၊ အဆီပိုတွေပါကျသွားပြီး သင့်ကိုယ်သင် ယုံကြည်မှုတွေ ပိုတိုးလာပါလိမ့်မယ်။

မိမိကိုယ်မိမိ လှအောင်နေပါ
လှအောင်နေပါဆိုတာကတော့ ခန္ဓာကိုယ် တစ်ခုလုံး ကျန်းမာနေရင် ပြုံးပျော်ရွှင်နိုင်ပြီး လှမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရု စိုက်ပါ။ ရာသီဥတုအလိုက် အရေပြားအလှ မပျက်စေဖို့ ရေများများသောက်ပါ၊ အရည် ရွှမ်းတဲ့ အသီးအနှံများများစားပါ၊ ဟင်းသီး ဟင်းရွက်စားပါ၊ လိုအပ်ရင် ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်တဲ့ ဖြည့်စွက်ဆေးသောက်ပါ၊ နေရောင်ထဲမသွားခင် နေလောင်ကာခရင်မ် လိမ်းပါ။ အိပ်ချိန်ပြည့်ဝအောင် အိပ်ပြီး စိတ်ဖိ စီးမှုနည်းအောင်နေပါ။

မိမိကိုယ်မိမိ ချစ်မြတ်နိုးပါ
ဒီအချက်ကအရေးကြီးပါ တယ်။ မိမိကိုယ်ကိုယ်မှ တန်ဖိုးမထားရင် ဘယ်သူ မှတန်ဖိုးထား မှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးပါ၊ အသိပ ညာ အတတ်ပညာတွေ စု ဆောင်းပါ။ အချိန်ကိုရင်းပြီး ရရှိနိုင် တဲ့ အဖိုးအတန်ဆုံးအရာက အသိဉာဏ် ပညာဖြစ်ပါတယ်။ အပေါ်ယံအရေပြားရဲ့လှပ မှုမဟုတ်ပါဘူး။ ပညာပြည့်ဝ နှလုံးလှနေသူ ဟာ ဘယ်အခြေအနေမှာပဲ ရှိနေနေ၊ ဘယ်လို ခန္ဓာကိုယ်အချိုးအစားပဲ ရှိနေနေ မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်အဝရှိနေမှာဖြစ်ပါတယ်။

Darliko

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *