ရာသီတုပ်ကွေးရောဂါဖြစ်ပါက ဘယ်လိုနည်းလမ်းကောင်းတွေနဲ့ ဖြတ်ကျော်မလဲ

မိုးရာသီမှာ ရာသီတုပ်ကွေးရောဂါကို အများစု ခံစားရတတ်ပါတယ်။ အသက် ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်တာ ကြောင့် လူထူထပ်တဲ့နေရာတွေကို သွား လာလုပ်ကိုင်နေရသူတွေမှာ ကိုယ်ခံ အားနည်းနေချိန်နဲ့ ကြုံကြိုက်ပါက တုပ် ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေကူးစက် ပြီး ရောဂါလက္ခဏာတွေ ခံစားရတတ် ပါတယ်။ ရာသီတုပ်ကွေးဖြစ်ပါက ခံစားရ တဲ့ရောဂါလက္ခဏာတွေကို သက်သာစေ ဖို့ ဖြတ်ကျော်နိုင်တဲ့ နည်းလမ်းကောင်း တွေကို မျှဝေပေးချင်ပါတယ်။

ရာသီတုပ်ကွေးလက္ခဏာတွေ သက်သာ အောင် ဘာတွေက ကူညီပေးနိုင်လဲ

(၁) ရာသီတုပ်ကွေးရောဂါ သက်သာ ပျောက်ကင်းအောင် အိုမီဂါ -၃ အဆီက ကူညီပေးတယ်
နေ့စဉ် ငါးစားသုံးဖို့ ကြိုက်နှစ်သက် မှု မရှိခဲ့ရင် အိုမီဂါ-၃ အဆီကို နေ့စဉ် ဖြည့်စွက်သောက်သုံးပေးပါက ခန္ဓာကိုယ် ခုခံစွမ်းအားကို မြင့်မားစေလို့ ရာသီတုပ် ကွေး မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ အိုမီဂါ-၃ က ရာသီတုပ်ကွေး ဖြစ်စေတဲ့ ပိုးမွှားတွေကို စားပေးတဲ့ ကလာပ်စည်း တွေရဲ့ လုပ်ဆောင်စွမ်းအားကို မြှင့်တင် ပေးတယ်လို့ ဗြိတိန်အာဟာရနဲ့ ဆေး ပညာတက္ကသိုလ်က လေ့လာတွေ့ရှိခဲ့ပါ တယ်။ တခြားလေ့လာမှုတွေအရ အိုမီဂါ -၃က အသက်ရှူလမ်းကြောင်းက တစ် ဆင့် ဝင်ရောက်လာမယ့် ရာသီတုပ်ကွေး ဖြစ်စေတဲ့ ပိုးမွှားတွေ အဆုတ်ထဲ မရောက်ရှိအောင် ကာကွယ်ပေးပါတယ်။

(၂) ရာသီတုပ်ကွေးလက္ခဏာတွေ သက်သာအောင် ဗီတာမင် ဒီ သောက်ပါ
ဟားဗတ်တက္ကသိုလ်ရဲ့ လေ့လာမှု အရ ဗီတာမင် ဒီက ခုခံစွမ်းအားကို မြင့် မားစေပြီး ရာသီတုပ်ကွေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ဗီတာမင် ဒီပမာဏ ချို့တဲ့ပါ က ဗီတာမင် ဒီ ပြည့်ဝနေသူတွေ ထက် အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းမှာ ပိုးဝင်နိုင်ခြေ ပိုများပါ တယ်။ ခန္ဓာကိုယ်မှာ ဗီတာမင် ဒီပမာဏ လုံလောက်နေပါက ဗိုင်းရပ်စ်ပိုးတွေကို သေစေတဲ့ ပရိုတင်းတွေ ထုတ်လုပ်မှုကို များပြားစေပါတယ်။ ပန်းနာရင်ကျပ်ရှိသူ တွေမှာ ဗီတာမင် ဒီချို့တဲ့ပါက လုံ လောက်သူတွေထက် ခြောက်ကြိမ်ပိုပြီး ဖျားနာနိုင်ခြေ ပိုများပါတယ်။ မနက်ခင်း နေခြည်နုနုနဲ့ ထိတွေ့တာ၊ ဗီတာမင် ဒီ ဖြည့်စွက်ထားတဲ့ အစာတွေ စားသုံးတာ၊ ငါးစားသုံးတာတွေကနေ ဗီတာမင် ဒီကို ရယူနိုင်ပါတယ်။ ဖြည့်စွက်သောက်သုံး မယ်ဆိုရင်တော့ တစ်နေ့ကို ဗီတာမင် ဒီ ၁၀၀၀ အိုင်ယူကို သောက်သုံးပါ။

(၃) ရာသီတုပ်ကွေးမဖြစ်အောင် ဂျင်စင်း က ကူညီပေးတယ်
ရာသီတုပ်ကွေးဖြစ်နေချိန်မှာ ဂျင် စင်းသောက်တာကြောင့် ရာသီတုပ် ကွေးဖြစ်တာ ပျောက်ကင်းချိန်မှာ ကျန်ခဲ့ တဲ့ ချောင်းဆိုးတာကို သက်သာစေတယ် လို့ အမေရိကန်ကင်ဆာနဲ့ ပိုးမွှားကူးစက် မှုစင်တာရဲ့ လေ့လာမှုအရ သိရပါတယ်။ ဂျင်စင်းသောက်သုံးတာက ရာသီတုပ် ကွေးရဲ့ ရောဂါလက္ခဏာတွေကို သက် သာစေပါတယ်။ ဂျင်စင်းမှာ ပါဝင်တဲ့ ဒြပ် ပေါင်းတွေက ပိုးမွှားတွေကို တိုက်ထုတ် ပေးမယ့် သွေးဖြူဥတွေနဲ့ ခုခံအားကောင်း မွန်စေတဲ့ ပရိုတင်းတစ်မျိုးရဲ့ ထုတ်လုပ် မှုကို အားပေးတာကြောင့်ပါ။

(၄) ရာသီတုပ်ကွေးရောဂါ သက်သာ ပျောက်ကင်းအောင် ဇင့်ဓာတ်ကို ဖျားနာ နေချိန် သောက်သုံးပါ
ယေးတက္ကသိုလ် ရောဂါကာကွယ် ရေးစင်တာကပြုလုပ်တဲ့ လေ့လာမှုတွေ အရ ရာသီတုပ်ကွေးရောဂါကြောင့် ဖျားနာတာခံစားနေရတယ်ဆိုရင် ဇင့် ၃၀ မီလီဂရမ် သောက်သုံးတာက အဖျားတာ ရှည်မဖြစ်အောင် တားမြစ်နိုင်ပါတယ်။ နှာခေါင်း၊ လည်ချောင်းထဲမှာ ဗိုင်းရပ်စ်ပိုး တွေ ပွားများမှုမဖြစ်အောင် တားဆီးပေး လို့ ရာသီတုပ်ကွေးရောဂါ သက်သာ ပျောက်ကင်းမှု မြန်ဆန်စေပါတယ်။ ခန္ဓာ ကိုယ်မှာ ဇင့်ဓာတ် ချို့တဲ့နေပါက ပိုးမွှား တွေကို တိုက်ထုတ်ပေးတဲ့ သွေးဖြူဥ ထုတ်လုပ်မှု လျော့နည်းစေလို့ ရောဂါ ပိုးမွှား ကူးစက်နိုင်ခြေ များစေပါတယ်။ လို အပ်တာထက် ပိုပြီး သောက်သုံးမိပါက ခန္ဓာကိုယ်ခုခံအားစနစ်ကို ကျဆင်းစေ တဲ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ် စုပ်ယူမှုကို တားမြစ်ပါတယ်။

(၅) ရာသီတုပ်ကွေးရောဂါလက္ခဏာတွေ သက်သာပျောက်ကင်းအောင် ဗီတာမင် စီ နေ့စဉ်သောက်ပါ
ဗီတာမင် စီကြွယ်ဝတဲ့ အစားအစာ တွေ စားသုံးပါက ခန္ဓာကိုယ်ခုခံစွမ်းအား မြင့်မားပြီး ပိုးမွှားတွေ ဝင်ရောက်ကူးစက်မှု မရှိအောင် တားမြစ်ပေးပါတယ်။ ငရုတ် ပွသီး၊ အချဉ်ဓာတ်ရှိတဲ့ သစ်သီး စတာ တွေကနေ ဗီတာမင် စီကို ရရှိနိုင်ပါတယ်။ လေ့လာမှုပေါင်း ၃၀ ကျော်အရ ဗီတာမင် စီက အအေးမိတုပ်ကွေး မဖြစ်အောင် ကာကွယ်နိုင်တယ်ဆိုတဲ့ ထူးခြားတဲ့ တွေ့ရှိချက်မျိုးတော့ မတွေ့ရှိရပါဘူး။ ဗီတာမင် စီ သောက်သုံးမှု များပြားပါက ကျောက်ကပ် ကျောက်တည်တာ၊ ဝမ်း ဗိုက်မအီမသာဖြစ်တာ၊ ကလေးငယ်တွေ မှာ ခန္ဓာကိုယ်တွင်း သွေးယိုစိမ့်တာတွေ ဖြစ်စေပါတယ်။

ရာသီတုပ်ကွေးရောဂါလက္ခဏာတွေ သက်သာ အောင် ဘာဆေးတွေ သောက်သင့်သလဲ
 ပါရာစီတမော သောက်ပါ
ရာသီတုပ်ကွေးဖြစ်တဲ့အခါ တချို့ တွေမှာ ကိုယ်အပူချိန် ၁၀၂ နဲ့ အထက် တက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ခေါင်း ကိုက်တာ၊ ကိုယ်လက်တွေ ညောင်းကိုက် တာ စတာတွေ ခံစားရနိုင်ပါတယ်။ ရေ ဓာတ်ခန်းခြောက်မှုမဖြစ်အောင် ထိန်း သိမ်းပြီး ရောဂါဆိုးရွားတဲ့ အခြေအနေ မရောက်အောင် ကာကွယ်နိုင်ပါတယ်။ နာကျင်ကိုက်ခဲမှုတွေ သက်သာစေဖို့ ပါရာစီတမောဆေးပြား သောက်သုံးနိုင် ပါတယ်။

 အကိုက်အခဲ ပျောက်ဆေးများ
ဆရာဝန်ညွှန်ကြားချက် မလိုဘဲ ဆေးကောင်တာတွေမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ အကိုက်အခဲပျောက် ဆေးတွေဖြစ်တဲ့ အက်စပရင်၊ ပါရာစီတ မော၊ အိုင်ဗျူပရိုဖန်စတာတွေက တုပ် ကွေးကြောင့် နာကျင်ကိုက်ခဲနေတာတွေ ကို သက်သာစေပါတယ်။ အက်စပရင်နဲ့ အိုင်ဗျူပရိုဖန်ဆေးတွေက ရောင်ရမ်းမှု တွေကို လျော့နည်းစေပြီး အက်စပရင်နဲ့ ပါရာစီတမော ဆေးတွေက ဖျားနာတာကို သက်သာစေပါတယ်။ ဒါပေမဲ့ ရေ ရှည်ဆွဲပြီး သောက်သုံးဖို့တော့ မသင့် ပါဘူး။

ရာသီတုပ်ကွေးရောဂါလက္ခဏာတွေ သက်သာ အောင် ဘာတွေ လိုက်နာရမလဲ

(၁) ရေ များများသောက်ပါ
တုပ်ကွေးအအေးမိဖြစ်နေရင် ရေ ဓာတ် မခန်းခြောက်အောင် ရေများများ သောက်ပေးပါ။ သစ်သီးဖျော်ရည်၊ ဆိုဒါ၊ သံပရာရနံ့ ထည့်ထားတဲ့ ရေ စတာတွေ ကို သောက်သုံးပါ။ ကဖင်းဓာတ်ပါတဲ့ အရည်တွေက ဆီးရွှင်စေတာကြောင့် ရေဓာတ်ခန်းခြောက်မှုဖြစ်စေလို့ မသောက်သုံးသင့်ပါ။

(၂) စွပ်ပြုတ် သောက်ပါ
ရာသီတုပ်ကွေးဖြစ်နေပါက စွပ် ပြုတ်သောက်သုံးတာက အသင့်တော်ဆုံး ပါ။ ကြက်သားစွပ်ပြုတ် သောက်သုံးတာ က အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း အထက်ပိုင်း ပိုးမွှားကူးစက်မှုကြောင့် ခံစားရတဲ့ ရောဂါလက္ခဏာတွေကို သက်သာစေတယ်လို့ ဆေးပညာဂျာနယ် တစ်စောင်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

(၃) အိပ်စက် အနားယူပါ
ရာသီတုပ်ကွေးဖြစ်နေပါက အလုပ် သွားတာ၊ ကျောင်းသွားတာမျိုးတွေ မလုပ်ပါနဲ့။ အိမ်မှာပဲ အိပ်စက် အနား ယူတာက ရောဂါလက္ခဏာတွေကို သက် သာစေပြီး အမြန်ဆုံးနေပြန်ကောင်းစေပါ တယ်။

(၄) လေထု စွတ်စိုမှု ရှိပါစေ
အခန်းတွင်း လေထုစွတ်စိုမှုရှိတာ က နှာခေါင်းပိတ်တာ၊ လည်ချောင်း နာတာတွေကို သက်သာစေပါတယ်။ အခန်းတွင်း မှိုတွေ၊ ပိုးမွှားတွေ ကင်းရှင်း ပြီး သန့်ရှင်းသပ်ရပ်မှုရှိအောင် ဆောင် ရွက်ပါ။

(၅) ငုံဆေးပြား ငုံပါ
ဇင့်ဓာတ်ပါဝင်တဲ့ ငုံဆေးပြားတွေက ရာသီတုပ်ကွေးဖြစ်ရင် ခံစားရတဲ့ လတ်တလောရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။

ခိုင်သစ္စာရှင် (ဆေးဝါး)