ရှက်နေသောကြောင့် မမေးမိသည့် မေးခွန်းများ

အမျိုးသမီးတစ်ယောက်ဖြစ်ရတာ မလွယ်ကူလှပါဘူး။ အိမ်မှုကိစ္စလုပ်ရတာ၊ က လေးမွေးဖွားရတာ၊ ပိုက်ဆံရှာရတာတွေနဲ့ မိသားစုအရေးနဲ့ ငွေရေးကြေးရေးကိစ္စတွေ အတွက် အလွန်ခေါင်းရှုပ်နေရတာကြောင့် မိမိရဲ့ ကျန်းမာရေးအတွက် မိမိဘာသာ ဂရုမစိုက်နိုင်ကြပါဘူး။ ကျန်းမာရေးပြဿနာတွေဖြစ်ပေါ်လာလို့ ဆေးရုံဆေးခန်းသွား ခဲ့ရရင်လည်း ရှက်နေတာကြောင့် မမေးမိတဲ့မေးခွန်းတွေ ရှိကြပါတယ်။ ဖော်ပြပါမေး ခွန်းတွေက အမျိုးသမီးအများစုအနေနဲ့ သားဖွားနဲ့ မီးယပ်ဆရာဝန်ကို ရှက်နေတဲ့ အတွက် မေးချင်ပေမယ့် မမေးဖြစ်ခဲ့တဲ့ မေးခွန်းတွေပါ။

Q : လိင်ဆက်ဆံတဲ့အကြိမ်များတာကြောင့် မိန်းမကိုယ်ကျယ်သွားနိုင်ပါသလား 
အမျိုးသမီးအများစုအမှတ်မှားနေကြတာပါ။ အမှန်မှာတော့ အမျိုးသမီးတွေရဲ့ အင်္ဂါက သဘာဝအားဖြင့် ကျုံ့နိုင်ဆန့်နိုင်စွမ်း အလွန်ကောင်းမွန်ပါတယ်။ လိင်ဆက် ဆံမှုပြုလုပ်နေစဉ်အတွင်းမှာ ကျယ်သွားပေမယ့် ဆက်ဆံမှုအပြီးမှာတော့ သူ့အလိုလို ပုံမှန်အရွယ်အစားကို ပြန်လည်ရရှိသွားနိုင်ပါတယ်။ သဘာဝအတိုင်း ကလေးမွေးဖွား တာက အမျိုးသမီးအင်္ဂါတွေရဲ့ ပုံသဏ္ဌာန်ပြောင်းလဲမှုရှိနိုင်ပေမယ့် ကျန်းမာရေးပြဿ နာတော့ ဘာမှမဖြစ်ပေါ်နိုင်ပါဘူး။

Q : မကောင်းတဲ့အနံ့အသက်တွေရှိနေတာက ဘာကြောင့်လဲ၊ ဘယ်လိုပြုလုပ်နိုင်ပါသလဲ
အဖြူဆင်းတာက ဆီးလမ်းကြောင်း ပိုးဝင်တဲ့လက္ခဏာဖြစ်နိုင်ပါတယ်။ ခန္ဓာ ကိုယ်ရဲ့ စံ ညီညွတ်မှုမရှိတာကအစပြုပြီး လိင်မှတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါအထိ အကြောင်းအမျိုးမျိုးကြောင့် အဖြူဆင်းနိုင်ပါတယ်။ ဒါပေမဲ့ ဆင်းတဲ့အဖြူက ပုံ မှန်ထက် ပိုများပြီး မကောင်းတဲ့အနံ့အသက်ထွက်ကာ ယားယံနေခဲ့ရင် ရောဂါပိုးဝင် ရောက်တာကြောင့် ဖြစ်နိုင်ပါတယ်။ သားဖွားနဲ့မီးယပ်ဆရာဝန်ကို မရှက်မကြောက်ဘဲ မေးမြန်းပြီး သေချာကုသမှုခံယူဖို့ လိုအပ်ပါတယ်။

Q : ဓမ္မတာလာနေစဉ် လိင်ဆက်ဆံလို့ရပါသလား 
ရပါတယ်။ ဒါပေမဲ့ ဓမ္မတာလာနေစဉ်အတွင်း လိင်ဆက်ဆံတာကြောင့်လည်း ကိုယ်ဝန်ရရှိနိုင်ပါတယ်။

Q : ဓမ္မတာလာတာ ဘယ်နှရက်ကျော်ရင် နောက်ကျတယ်လို့ ခေါ်ပါသလဲ
သင့်ဓမ္မတာက လာရမယ့်ရက်ထက် ရက်အနည်းငယ်ကျော်သွားရင်တောင်မှ သတိ ထားရပါလိမ့်မယ်။ ဓမ္မတာလာရက် ပုံမှန်မရှိသူတွေအနေနဲ့ လာရမယ့်ရက်ထက် တစ် ပတ်ကျော်သွားတာနဲ့ ကိုယ်ဝန်ရှိ မရှိ စမ်းသပ်စစ်ဆေးဖို့ လိုအပ်ပါတယ်။

Q : လိင်ဆက်ဆံမှုမပြုလုပ်ခင်မှာ ဆီးအရင်သွားထားဖို့က အရေးတကြီးလိုအပ်သလား 
လိင်ဆက်ဆံမှုပြုလုပ်အပြီး ဆီးသွားတာက ဆီးလမ်းကြောင်း ပိုးဝင်ရောက်နိုင် ခြေလျော့နည်းသွားနိုင်သလို လိင်မဆက်ဆံခင် ဆီးသွားထားတာကြောင့်လည်း ဆီး လမ်းကြောင်းအတွင်း ပိုးဝင်ရောက်နိုင်ခြေ လျော့နည်းသွားနိုင်ပါတယ်။ ဆီးအိမ်တင်း နေစဉ်မှာ လိင်ဆက်ဆံမှုပြုလုပ်မိခဲ့ရင် ရောဂါပိုးတွေကို ဝင်ရောက်ဖို့ ဖိတ်ခေါ်သလို ဖြစ်သွားနိုင်တာကြောင့်ပါ။

Q : ကိုယ်ဝန်ဆောင်တစ်ယောက်အနေနဲ့ ဆီးထွက်ကျတတ်တာက ပုံမှန်ပါလား
ကိုယ်ဝန်ဆောင်ကာလမှာ ဆီးထွက်ကျတာက ပုံမှန်အနေအထားပါ။ ဒီအချိန်မှာ သားအိမ်က အလုပ်အလွန်လုပ်ရတာကြောင့် ရယ်မောတာ၊ နှာချေတာနဲ့ ချောင်းဆိုး တာလိုမျိုး အခြေအနေတွေမှာ ဆီးတစက်စက်ထွက်ကျနိုင်ပါတယ်။

Q :Tampon ကို ညဘက်မှာ ဘာကြောင့်အသုံးမပြုသင့်ပါသလဲ
မိန်းမကိုယ်တွင်းထည့် အမျိုးသမီးလစဉ်သုံးပစ္စည်း Tampon ကို ညအိပ်စဉ် အသုံးပြုခဲ့ရင် ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ အလွန်မြင့်မားပါတယ်။ Tampon က သားအိမ်ထဲကနေ သဘာဝအတိုင်းထွက်လာတဲ့ ကျန်းမာရေးကောင်းစေတဲ့အရည် တွေကိုပါ စုပ်ယူလိုက်တဲ့အတွက် ရောဂါပိုးဝင်ရောက်ဖို့ လွယ်ကူရတာပါ။ Tampon က သင့်ခန္ဓာကိုယ်ထဲ ကြာကြာရှိလေလေ၊ ရောဂါပိုးဝင်ရောက်နိုင်ခြေများလေလေပါ။

Q : သန္ဓေတားဆေး သောက်ဆေးကို အသုံးပြုတာက လိင်ဆက်ဆံချင်စိတ်ကို လျော့နည်း စေပါသလား
လေ့လာမှုအများအပြားအရ တချို့အမျိုးသမီးတွေက သန္ဓေတားသောက်ဆေး အသုံးပြုပြီးနောက်ပိုင်း လိင်ဆက်ဆံချင်စိတ် ပိုမိုများပြားလာတတ်သလို တချို့အမျိုး သမီးတွေကျတော့လည်း လိင်ဆက်ဆံချင်စိတ်လျော့နည်းသွားတယ်လို့ သိရပါတယ်။ သန္ဓေတားသောက်ဆေးတွေက မျိုးဥကြွေတာကို ရပ်တန့်နိုင်တဲ့ ဟော်မုန်းထုတ်လုပ် တာကို ရပ်တန့်ပေးပါတယ်။ ဒီဟော်မုန်းတွေက လိင်ဆက်ဆံစိတ်နဲ့သက်ဆိုင်ပြီး မ မျိုးဥအိမ်က ထုတ်လုပ်တဲ့ တက်စထရိုစတီရုန်းထုတ်လုပ်မှုမှာ အကျိုးသက်ရောက်မှု ရှိပါတယ်။ သုတေသီတွေကတော့ လိင်ဆက်ဆံစိတ်နဲ့ သန္ဓေတားသောက်ဆေးရဲ့ ဆက်စပ်မှုကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။

Q : လိင်ဆက်ဆံနေစဉ်မှာ နာကျင်တဲ့ဝေဒနာခံစားရတာက ဘာကြောင့်ပါလဲ 
လိင်ဆက်ဆံစဉ်မှာ နာကျင်တာက အကြောင်းအမျိုးမျိုးကြောင့်ပါ။ စိတ်ဖိစီးမှု များတာ၊ ပင်ပန်းနေတာ၊ ဆီးရောဂါပိုးဝင်နေတာ၊ မိန်းမကိုယ်ထဲမှာ ချောဆီမထွက်တာ ဒါမှမဟုတ် လိင်စိတ်ကုန်ခန်းနေတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဖြစ်ရတဲ့အကြောင်း ရင်းပေါ်မှာ အခြေခံပြီး ကုသမှုခံယူပါ။
ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *