လက်သည်းအလှပြင်တဲ့အခါ …

လက်သည်းအလှပြင်ဆင်တဲ့အခါ အထောက်အကူပြုနိုင်မယ့် Tips တွေကို ဖော်ပြပေးလိုက်ပါတယ်။

လက်သည်းနီမဆိုးခင် လက်သည်းခွံ ဘေးပတ်လည်မှာ ရေနံဂျယ်လီကို ဂွမ်းတံနဲ့ လိုက်သုတ်ထားတာက လက်သည်း ဆိုးဆေးတွေ လက်သည်းခွံအပြင်ဘက်ကို ပေသွားခဲ့ရင် အလွယ်တကူ ဖျက်ရလွယ်စေပါတယ်။

လက်သည်းနီဆိုးပြီး လက်သည်းပဲ့တာမဖြစ်စေချင်ရင် Basecoat အောက်ခံကို ပဲ့တတ်တဲ့လက်သည်းခွံ အစွန်းနားမှာ နှစ်ထပ်၊ သုံးထပ်လောက် ခံဆိုးထားပေးပါ။

လက်သည်းနီအရောင်ကို ပိုပြီး တောက်စေချင်တယ်ဆိုရင် အောက်ခံကို အဖြူရောင်လက်သည်းဆိုးဆေး အရင် ဆိုးပြီးမှ အပေါ်ကထပ်ဆိုးပါ။

သင်နှစ်သက်တဲ့ ရှဲဒိုးရောင်ခြယ်မှုန့်တွေကို အကြည်ရောင် လက်သည်းဆိုးဆေးရည်နဲ့ရောပြီး လက်သည်းပေါ် ဆိုးလို့ ရပါတယ်။

လက်သည်းဆိုးဆေးတွေ အမြန်ခြောက်ချင်တယ်ဆိုရင် ဇလုံတစ်ခုထဲကို ရေနဲ့ ရေခဲတွေထည့်ပြီး မိနစ်အနည်းငယ် စိမ်ထားပေးပါ။ ရေခဲရေက လက်သည်း ဆိုးဆေးတွေကို မြန်မြန်ခြောက်စေပါတယ်။

အလက်မှုန့်တွေ ကပ်ထားတဲ့ လက်သည်းဆိုးဆေးတွေက ဖျက်ရခက် ပါတယ်။ ဖျက်ရခက်တဲ့ လက်သည်း ဆိုးဆေးတွေ အလွယ်တကူပျက်အောင်ဆိုရင် ဂွမ်းစကို လက်သည်းဖျက်ဆေးရည်နဲ့တို့ပြီး လက်သည်းခွံပေါ်ကပ်ထားပါ။ အပေါ်ကနေ ခဲပတ်နဲ့ ထပ်အုပ်ပြီး ငါးမိနစ်လောက်စောင့်ပါ။ ပြန်ဖြုတ်လိုက်တဲ့အခါ လက်သည်းဆိုးဆေး အလက်တွေက တစ်ခါတည်းပါသွား မှာဖြစ်ပါတယ်။

အလက်မှုန့်တွေပါတဲ့ လက်သည်းဆိုးဆေးတွေ ဆိုးမယ်ဆိုရင် အောက်ခံကို အကြည်ရောင် စက္ကူကပ်ကော်အရင်သုတ်ပြီး အခြောက်ခံပါ၊ ပြီးမှ ဆိုးပါ။ ဒါဆို သင်ဖျက်ပြစ်ချင်တဲ့အခါ ကော်အလွှာကို ခွာပြစ်လိုက်တာနဲ့ သန့်စင်ပြီး ဖြစ်မှာပါ။

လက်သည်းနီပုလင်းအဖုံး ဖွင့်ရခက်နေရင် လက်သည်းနီပုလင်းကို ရေနွေးထည့်ထားတဲ့ ခွက်ထဲမှာ အဖုံးမြုပ်ရုံလောက် မိနစ်အနည်းငယ် ဇောက်ထိုးထည့်ထားပါ။ ဒါဆို ဖွင့်ရလွယ်သွားပါလိမ့်မယ်။

လက်သည်းနီပုလင်းအဝ အရစ်မှာ ရေနံဂျယ်လီကို ဂွမ်းတံနဲ့ သုတ်လိမ်းပေးပါကလည်း လက်သည်းနီ ပုလင်းကို နောက်တစ်ခါ ဖွင့်တဲ့အခါ လွယ်ကူစေမှာပါ။

လက်သည်းနီပုလင်းကို ခလောက်တဲ့အခါ ပူစီဖောင်းတွေ ထလာနိုင်တဲ့အတွက် လက်နှစ်ဖက်ထဲ လက်သည်းနီ ပုလင်းကိုထည့်ပြီး လှိမ့်ပေးတာမျိုးပဲ လုပ်ပါ။

Darliko

Post Author: Good Health Journal

Leave a Reply

Your email address will not be published.