သားသားလေး လိုချင်သလား ငှက်ပျောသီးများများ စားပါ

၂၀၀၈ ခုနှစ်က လေ့လာမှုအရ ကလေးမယူခင်မှာ ငှက်ပျောသီးစား သူတွေက သားလေးမွေးနိုင်ဖို့ အခွင့် အလမ်းပိုများတယ်လို့ သိရပါတယ်။ လေ့လာမှုကို ဦးဆောင်သူ ဖီရိုးနားက ပို တက်စီယမ်မြင့်မားတဲ့ အစားအစာနဲ့ သားသားလေး ရနိုင်ခြေက အလွန်ဆက် စပ်မှုရှိတယ်လို့ ကိုယ်ဝန်ဆောင်ပေါင်း ၇၄၀ ကို လေ့လာမှုအပြီးမှာ ထုတ် ဖော်လိုက်ပါတယ်။ ငှက်ပျောသီးဟာ ပိုတက်စီယမ်မြင့်မားစွာ ပါဝင်တဲ့ အစား အစာထဲက တစ်မျိုးအပါအဝင်ဖြစ်ပါ တယ်။ သားသားလေးရရှိသွားတဲ့ ကိုယ် ဝန်ဆောင် ၅၉ ရာခိုင်နှုန်းကလည်း ကလေးမယူခင် တစ်နှစ်အတွင်းမှာ နေ့စဉ် ကွေကာအုတ်စားသုံးကြတယ်လို့ သိရပါတယ်။ စွမ်းအင်မြင့်မားတာက သုက်ပိုးဆဲလ်တွေရဲ့ လျင်မြန်နှုန်းပေါ် မှာ လွှမ်းမိုးမှုရှိပြီး သားသားလေး ဖြစ်စေမယ့် Y ခရိုမိုဇုမ်းတွေက မမျိုးဥ ဆီအလျင်အမြန် ရောက်ရှိအောင် ကူး ခတ်သွားနိုင်ခဲ့ရင် သားသားလေး မွေးနိုင် တယ်လို့ ဆိုပါတယ်။ သုက်ပိုးဆဲလ်တွေ က မမျိုးဥဆီကို ရောက်ဖို့ အချိန်ယူရပြီး သူတို့က အာဟာရဓာတ်ကို သားအိမ် အရည်ကနေ ရယူကြရပါတယ်။ ကွေကာ ဆီက စွမ်းအင်မြင့်မားစွာ ရရှိသူတွေရဲ့ Y ခရိုမိုဇုမ်းဟာ မီးမီးလေးမွေးဖွားနိုင်တဲ့ X ခရိုမိုဇုမ်းထက် ဥဆီကို အရင်ရောက် အောင် သွားနိုင်တာကြောင့် သားသား လေး ရရှိရတာဖြစ်ပါတယ်။
ငှက်ပျောသီးတစ်လုံးမှာ ပိုတက်စီ ယမ် ၄၄၂ ဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၃၀ ဂရမ်နဲ့ ၁၀၀ ကယ်လိုရီ ပါဝင်ပါတယ်။ ငှက်ပျောသီးစားတာက သားသားလေး ရရှိရုံသာ အကျိုးရှိတာမဟုတ်ပါဘူး။ သူ့မှာများစွာ ပါဝင်တဲ့ ဖောလစ်အက်စစ် တွေကြောင့် လမစေ့ကလေးမွေးဖွားတာ၊ အာရုံကြောချို့ယွင်းချက်နဲ့မွေးဖွားလာ တဲ့ကလေးတွေ မဖြစ်အောင်လည်း ကာ ကွယ်ပေးနိုင်ပါတယ်။
ကလေးမယူခင် နံနက်စာကိုရှောင် ကြဉ်တဲ့အမျိုးသမီးတွေအနေနဲ့လည်း သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများတယ်လို့ သိပ္ပံပညာရှင်တွေက ရှာ ဖွေတွေ့ရှိခဲ့ပါတယ်။ ကလေးမယူခင် တစ်နှစ်အလိုမှာ ပုံမှန်ငှက်ပျောသီးစား တာက သားသားလေး မွေးနိုင်မယ့်အ ခွင့်အလမ်းပိုများတယ်လို့ ဆိုပေမယ့် လူတိုင်းလူတိုင်းကတော့ ဒီလိုဖြစ်လာမှာ မဟုတ်ပါဘူး။ ဘာပဲပြောပြော ကယ်လို ရီနဲ့ ပိုတက်စီယမ်များစွာ ပါဝင်တဲ့အစား အစာစားတာက မိခင်ရော၊ ကလေး ကျန်းမာရေးအတွက်ပါ အလွန်အထောက် အကူ ဖြစ်စေပါတယ်။ မိမိရရှိတဲ့ရင်သွေး ဟာ ဘုရားပေးတဲ့လက်ဆောင်ဖြစ်တဲ့ အတွက် သားသားလေးပဲဖြစ်ဖြစ်၊ မီးမီး လေးပဲဖြစ်ဖြစ် တန်ဖိုးထားရမှာပါ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *