သန္ဓေတည်ခြင်းနှင့် အာဟာရ

ဒီတစ်ခေါက် ဆောင်းပါးမှာတော့ ကလေးလိုချင်နေကြတဲ့ ဇနီးမောင်နှံတွေအတွက် အာဟာရဘက်ကနေ တစ် ဖက်တစ်လမ်းက ကလေးသန္ဓေတည်ဖို့ အထောက်အပံ့ပေးနိုင်တဲ့ နည်းလမ်းတချို့ကို ပြောပြပေးချင်ပါတယ်။

ဗီတာမင် ဒီ ကြွယ်ဝအောင် ပြုလုပ် ပေးရပါမယ်။ ဗီတာမင် ဒီ ဟာ ခန္ဓာကိုယ်အတွငှ်းSex Hormone တွေ ထုတ်လုပ် တဲ့နေရာမှာ အရေးပါတဲ့ကဏ္ဍကနေပါ ၀င်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ မှာဆိုရင် လစဉ်မျိုးဥကြွေတာကို ပုံမှန် ဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။ ဗီ တာမင် ဒီ ကတော့ အဓိက နေရောင်ခြည် က ရပါတယ်။ မနက် ၆ နာရီကနေ ၈ နာရီကြားရတဲ့ နေရောင်ခြည်ကို ၁၅ မိ နစ်လောက် လှုံပေးမယ်ဆိုရင် လုံလောက် ပါတယ်။ အစားအသောက်အနေနဲ့က တော့ ကြက်ဥ၊ ပင်လယ်ငါးနဲ့ ဗီတာမင်ဒီ ထပ်ဖြည့်ထားတဲ့နို့ထွက်ပစ္စည်းတွေဖြစ်ပါတယ်။

ဗီတာမင် E ပါတဲ့ အစားအစာများများ စားပေးပါ။ ဗီတာမင် E က အမျိုးသားတွေရဲ့သုက်ပိုးကောင်တွေကို ကျန်းမာစေတဲ့အပြင် သုက်ပိုးကောင်တွေ ပိုမိုလှုပ်ရှားနိုင်အောင် အကူအညီပေးတဲ့အတွက် သန္ဓေတည်တဲ့နေရာမှာ အထောက် အကူဖြစ်စေပါတယ်။ ဒါ့အပြင် ဗီတာမင် E က ဓာတ်တိုးဆန့်ကျင်သတ္တိရှိလို့ သုက်ပိုးကောင်တွေရဲ့ DNA တွေ ပျက်စီးတာကနေ ကာကွယ်ပေးပါတယ်။ အစားအစာအနေနဲ့ဆိုရင်တော့ သင်္ဘောသီး၊ နေကြာစေ့၊ ဗာဒံစေ့၊ သံလွင်သီး၊ သံလွင်ဆီ၊ ပာင်းနုနယ်နဲ့ တခြားအစိမ်းရင့်ရောင်ပာင်းရွက်တွေမှာ ဗီတာမင် E ကြယ်ဝစွာပါဝင်ပါတယ်။

CoQ10 (coenzyme Q 10)- သူကတော့ မမျိုးဥ အရေအတွက်များစေပြီး၊ သုက်ပိုးကောင်တွေကို ကျန်းမာစေပါတယ်။ အစားအသောက်အနေနဲ့ ပင်လယ်စာတွေ၊ ၀မ်းတွင်းကလီစာတွေ မှာပါဝင်သလို၊ ဖြည့်စွက်အားဆေးအ နေနဲ့လည်း သောက်နိုင်ပါတယ်။

ဗီတာမင် စီ ပြည့်ဝအောင် စားပါ။ ဗီတာမင် စီ က အမျိုးသားတွေရဲ့သုက်ပိုးကောင် Quality ကို ကောင်းစေပြီး သုက်ပိုးကောင်တွေ အလွယ်တကူပျက် စီးတာကနေလည်း ကာကွယ်ပေးပါ တယ်။ အစားအစာအနေနဲ့တော့ ငရုတ် သီးအနီတောင့်၊ ပန်းပွင့်စိမ်း၊ ခရမ်း ချဉ်သီး၊ အာလူး၊ ဂေါ်ဖီထုပ်၊ Cranberry နဲ့ တခြားချဉ်တဲ့အသီးတွေမှာပါဝင်ပါတယ်။

Lipoic Acid ပါတဲ့အစားအစာတွေဖြစ်တဲ့ အာလူး၊ ဟင်းနုနယ်၊ အနီရောင်ရှိတဲ့အသားတွေကို စားပေးတာကလည်း သန္ဓေတည်ဖို့ကို အထောက်အကူ ဖြစ်စေပါတယ်။

ဗီတာမင် ဘီ ၆ ပါတဲ့အစားအစာ တွေဖြစ်တဲ့ ငှက်ပျောသီး၊ ပင်လယ်ငါး တွေ၊ မုန်ညှင်းစိမ်း၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ပန်းပွင့်စိမ်း၊ ကိုက်လန်၊ အသည်း စတာ တွေ စားပေးပါ။

ဗီတာမင် ဘီ ၁၂ ကြွယ်ဝတဲ့ ပင် လယ်စာတွေ၊ cheese နဲ့ ဥအမျိုးမျိုး စားပေးပါ။

ဖောလစ်အက်စစ်ကတော့ မဖြစ်မနေ စားပေးရပါမယ်။ ကလေးယူဖို့ ကြိုး စားနေပြီဆိုတာနဲ့ အမျိုးသမီးအနေနဲ့ ဖောလစ်အက်စစ်အားဆေးကိုတော့ ပုံမှန် တစ်နေ့ 400 Micrograms သောက်ပေး ရပါမယ်။ မသောက်မိရင် ဖော့လစ်အက် စစ်ချို့တဲ့ပြီး မွေးရာပါကလေးမှာ Neural Tube Defect ဆိုတဲ့ရောဂါရနိုင်ပါတယ်။ အစားအစာအနေနဲ့ကတော့ အသည်းနဲ့ ပဲအမျိုးမျိုးစားပေးပါ။

သုက်ပိုး ကျန်းမာရေးအတွက် ဆီလီနီယမ် ကြွယ်ဝတဲ့ တူနာငါး၊ ဆာဒင်း၊ ဆော်လမွန်၊ ပုစွန် စတာတွေ စားပေးဖို့ လိုအပ်ပါတယ်။

ဇင့်ဓာတ် ကြွယ်ဝတဲ့ အစေ့အဆန်တွေနဲ့ နှံစားအမျိုးမျိုး စားပေးပါ။ ဇင့် ဓာတ်က ချို့တဲ့ပါက အမျိုးသမီးတွေမှာ ဆိုရင် ကလေးပျက်ကျတာတွေဖြစ်တတ် ပါတယ်။ အမျိုးသားတွေမှာဆိုရင် မျိုး မအောင်တတ်ပါဘူး။

မျိုးဥကြွေတာကို အထောက်အကူ ဖြစ်စေတဲ့ Omega-3 fatty acid ကြွယ်ဝတဲ့ ဆော်လမွန်၊ ဆာဒင်း၊ တူနာ ငါး၊ Flaxseed နဲ့ Walnuts စတာတွေ စားပေးဖို့ လိုအပ်ပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
အာဟာရဆိုင်ရာအထူးကုဆရာဝန်

Good Health Journal

Post Author: Good Health Journal