အစားအသောက်ကြောင့် ဝမ်းဗိုက်ပြဿနာတွေဖြစ်နိုင်လား…

အစားအသောက်တွေကြောင့် ဘယ်လိုဝမ်းဗိုက်ပြဿနာတွေ ဖြစ်နိုင် သလဲဆိုတာသိရှိစေဖို့ ရေးသားလိုက် ပါတယ်။

ဆီကြော်စာတွေက ဝမ်းသွားစေတယ်
ဆီကြော်စာတွေ၊ အဆီပါဝင်မှု များတဲ့အစာတွေ စားသုံးတာက ဝမ်း သွားစေပါတယ်။ အဆီများတဲ့အသား၊ ထောပတ် ဒါမှမဟုတ် ခရင်မ်ပါတဲ့အချို စာတွေ စားသုံးတာကလည်း ဝမ်းဗိုက် ကို မအီမသာဖြစ်စေပါတယ်။

အချဉ်အရသာရှိသစ်သီးတွေက အူလမ်းကြောင်း မသက်မသာဖြစ်စေတယ်
အမျှင်ဓာတ်ပါဝင်မှုများပြီး အချဉ် ဓာတ်ရှိတဲ့သစ်သီးတွေက တချို့လူ တွေမှာ အူလမ်းကြောင်းကို ဒုက္ခပေး နိုင်ပါတယ်။ လိမ္မော်သီး၊ စပျစ်သီး၊ ဂရိတ်ဖရုသီး စတဲ့သစ်သီးတွေက အစာ ချေဖျက်မှုကို အနှောင့်အယှက်ပေးပါ တယ်။

သကြားတုက ဝမ်းသွားစေတယ်
သကြားမပါဘဲ ဆော်ဘီတောနဲ့ ပြု လုပ်ထားတဲ့ ပီကေစားသုံးတာက ဝမ်း သွားတာနဲ့ ဗိုက်နာတာတွေ ဖြစ်စေပါ တယ်။ ဆောဘီတော ၅၀ ဂရမ်နဲ့အထက် စားသုံးပါက အူတွေကို ဒုက္ခပေးနိုင်ပါ တယ်။ ပီကေမစားပေမယ့် ဆော်ဘီတော ပါဝင်တဲ့ တခြားအစားအစာတွေ စားသုံး တာကြောင့်လည်း ဝမ်းသွားတာ ဖြစ်စေပါ တယ်။

ဖရက်တို့စ်သကြားစားသုံးတာကြောင့် ဝမ်းသွား၊ လေပွ၊ ဗိုက်နာတာ ဖြစ်နိုင်တယ်
ဆိုဒါရည်၊ သကြားလုံး၊ အသင့် သောက်သုံးနိုင်တဲ့ ဖျော်ရည်ဘူး စတာ တွေမှာပါဝင်တဲ့ ဖရက်တို့စ်သကြားက တချို့တွေ စားသုံးလိုက်တဲ့အခါ အစာမ ကြေတာ၊ ဝမ်းသွားတာ၊ လေပွတာ၊ ဗိုက် နာတာစတဲ့ ဝမ်းဗိုက်မအီမသာ လက္ခဏာ တွေကို ခံစားရနိုင်ပါတယ်။

အစပ်စာတွေ စားသုံးတာကြောင့် ရင်ပူတာနဲ့ အစာမကြေ တာဖြစ်စေတယ်
တချို့တွေက အစပ်စာတွေ အထူး သဖြင့် အစာအများကြီး စားသုံးလိုက်တဲ့ အခါ ရင်ပူတာ ဒါမှမဟုတ် အစာမကြေ တာတွေ ခံစားရနိုင်ပါတယ်။ သုတေသန တချို့အရ ငရုတ်သီးမှာပါဝင်တဲ့ Capsa­i­cin ကြောင့် ရင်ပူတာကိုခံစားရနိုင်ပါတယ်။

အမျှင်ဓာတ်များစွာ စားသုံးပါက လေပွစေတယ်
အမျှင်ဓာတ်များစွာပါဝင်တဲ့ ကောက် နှံကွေကာတွေနဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးတာက အစာချေဖျက်မှုကို ကောင်း စေတယ်ဆိုပေမယ့် စစားခါစမှာတော့ လေပွတာကိုဖြစ်စေပါတယ်။ အမျှင်ဓာတ် ပါဝင်မှုများတဲ့အစာတွေကို စားသုံးတဲ့ အခါ စစားစားချင်းမှာ နည်းနည်းစီစားပြီး တဖြည်းဖြည်းတိုးတိုးစားပါ။

နို့နဲ့ နို့ထွက်ပစ္စည်းတွေကြောင့် အစာအိမ်နဲ့ အူလမ်း ကြောင်းပြဿနာတွေဖြစ်စေတယ်
နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာပါဝင်တဲ့ လက်တို့စ်နဲ့ ဓာတ်မတည့်တာကြောင့် ဝမ်းသွားတာ၊ လေပွတာ၊ ဝမ်းဗိုက်မအီမ သာဖြစ်တာ စတာတွေ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်မှာ လက်တို့စ်သကြားကို ချေဖျက်နိုင်တဲ့ အင်ဇိုင်းမရှိတာကြောင့်ပါ။ နို့နဲ့ နို့ထွက် ပစ္စည်းတွေ သောက်သုံးတိုင်း ဒီပြဿ နာတွေဖြစ်နေရင်တော့ ရှောင်ဖို့လိုပါ တယ်။

ပက်ပါးမင့်က စားချဥ့်ပြန်တာနဲ့ ရင်ပူတာကိုဖြစ်စေ တယ်
ပက်ပါးမင့်က အစာအိမ်ရဲ့ထိပ် ပိုင်းမှာရှိတဲ့ ကြွက်သားတွေကို အနား ရစေတာကြောင့် အစာအိမ်ထဲမှာရှိတဲ့ အစာတွေ နောက်ပြန်ထွက်နိုင်ပါတယ်။ အက်စစ်နဲ့ရောနေတဲ့အစာတွေနောက် ပြန်ထွက်တာကြောင့် စားချဥ့်ပြန်တာနဲ့ ရင်ပူတာဖြစ်ရတာပါ။ တချို့တွေမှာ ကော်ဖီနဲ့ ချောကလက်တွေ စားရင် လည်း ဖြစ်တတ်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published.