အဝလွန်တာက ဉာဏ်ရည်လျော့နည်းတာနဲ့ဆက်နွှယ် နေနိုင်တယ်လို့ သုတေသနသစ်တစ်ရပ်မှာ ဖော်ပြပါရှိခဲ့ပါတယ်။ခန္ဓာကိုယ်ထုထည်အညွှန်းကိန်းများတဲ့ကျောင်းသားတွေဟာ ကျောင်းစာမှာညံ့လေ့ရှိတယ်လို့ သုတေသီတွေက ဆိုလိုက် တာဖြစ်ပါတယ်။ အဝလွန်သူတွေရဲ့ဦးနှောက်အပြင်ဘက်လွှာ က ပါးလွှာပြီးတော့ ဒီအပိုင်းက မှတ်ဉာဏ်၊ ဆုံးဖြတ်ချက်ချနိုင် စွမ်းတွေနဲ့ဆက်နွှယ်မှုရှိနေပါတယ်။ ဒါပေမဲ့ ကျန်းမာရေးနဲ့ညီ ညွတ်အောင်မစားလို့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်တာလား ဒါမှမဟုတ် ကောင်းစွာမဖွံ့ဖြိုးတဲ့ဦးနှောက်ကြောင့် အလွန်အ ကျွံစားသုံးမိတာလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေး ပါဘူး။ University of Vermont မှ ဒေါက်တာ Jennifer Laurent ဟာ အသက်ကိုးနှစ်နဲ့ ၁၀ နှစ်ကြား ကလေးငယ် ၃၁၉၀ ဦးကို လေ့လာစောင့်ကြည့်ခဲ့ကြတာဖြစ်ပေမယ့် ဒီလေ့ လာမှုဟာ အငြင်းပွားဖွယ်ရာဖြစ်နေခဲ့တယ်လို့ သိရပါတယ်။
(AP,12.12.19) အေးယုနိုင်
