ငွေကုန်ကြေးကျမများဘဲလှပလာစေမည့်နည်းလမ်းများ

အလှအပကို လူတိုင်းမြတ်နိုးကြတာကြောင့် အလှကုန်ပစ္စည်း အများအပြား ထုတ်လုပ်လာကြပါတယ်။ မိမိကလည်း လှချင်ပချင်၊ ထွက်လာသမျှ အလှကုန် ပစ္စည်းအားလုံးကိုလည်း ဝယ်မသုံးနိုင်ကြ သူတွေအတွက် မိမိအိမ်မှာရှိနေတဲ့ ပစ္စည်းတွေနဲ့ပဲ လှပအောင်ပြုပြင် နိုင်တဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဆံသားကျန်းမာဖို့အတွက် ဘီယာကို အသုံးပြုနိုင်ပါတယ်
ဘီယာမှာ တဆေး၊ malt နဲ့ ဗီတာ မင်များစွာပါဝင်တာကြောင့် ဆံသား အတွက် အာဟာရရရှိစေနိုင်ပါတယ်။ ဘီယာကို ဆံပင်ပျော့ဆေးအနေနဲ့ အ သုံးပြုနိုင်ပါတယ်။ ဘီယာတစ်ဆကို ရေ တစ်ဆနဲ့ရောပြီး လျှော်ပြီးသားဆံပင်ပေါ် မှာ ဆံသားပျော့ဆေးအနေနဲ့ အသုံးပြု ပါ။ သင်ဟာ ဆံပင်ကို ဆေးဆိုးထားသူ ဖြစ်ရင် ဆံပင်မှာ အရောင်မစွန်းဖို့အ တွက် ဘီယာအရောင်ဖျော့ဖျော့ကို ရွေး ချယ်ပါ။

၂။ မျက်တောင်ရှည်လျားဖို့အတွက် ကလေးပေါင်ဒါကို အသုံးပြုနိုင်ပါတယ်

မျက်တောင်ကိုလည်း ရှည်လျားပြီး ကော့ညွတ်ချင်တယ်၊ မျက်တောင်တု ကိုလည်း မတပ်ချင်ဘူးဆိုရင်တော့ ကလေးပေါင်ဒါကို အသုံးပြုနိုင်ပါတယ်။ သင့်မျက်တောင်ပေါ်မှာ မျက်တောင် ကော့ဆေးတစ်ထပ်လိမ်းပါ။ ပြီးရင် နား ကြပ်တံကိုအသုံးပြုပြီး ကလေးပေါင် ဒါကို မျက်တောင်ပေါ်တို့လိုက်ပါ။ အ ပေါ်ကနေ မျက်တောင်ကော့ဆေး ထပ် ကော့လိုက်ရင် ကော့ညွတ်နေတဲ့ မျက် တောင်ရှည်ရှည်တွေကို ရရှိပါလိမ့်မယ်။

၃။ သွားဖြူအောင် မီးသွေးမှုန့်အသုံး ပြုနိုင်ပါတယ်

မီးသွေးခဲမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ရေနဲ့ပျစ်ပျစ်ဖျော်ပါ။ ပြီး ရင် သွားပွတ်တံပေါ်မှာထည့်ပြီး သွား တိုက်ပေးပါ။ နေ့စဉ်အသုံးပြုဖို့ မလိုပါ ဘူး။ တစ်လတစ်ကြိမ်-နှစ်ကြိမ် အသုံး ပြုရုံနဲ့ သွားဖြူလာနိုင်ပါတယ်။

၎။ နှုတ်ခမ်းဖူးဖူးလေးပိုင်ဆိုင်ဖို့အတွက် ကွန်ဆယ်လာကို အသုံးပြုနိုင်ပါတယ်
သင့်နှုတ်ခမ်းက အလွန်ပါးလွှာနေ ပြီး သင်ကလည်း နှုတ်ခမ်းနီအရောင်ရင့် ဆိုးချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းကို အသုံးပြုရပါမယ်။ ကွန်ဆယ်လာကို နှုတ် ခမ်းအနားတစ်ဝိုက်မှာ သုတ်လိမ်းလိုက် တာက မူလရှိရင်းစွဲနှုတ်ခမ်းအနားသတ် တွေ ဝါးသွားနိုင်ပါတယ်။ ပြီးရင် တောက် ပတဲ့ နှုတ်ခမ်းလိုင်းဖော်ခဲတံနဲ့ နှုတ်ခမ်း သားပုံဖော်ပြီးတော့မှ နှုတ်ခမ်းနီဆိုးလိုက် ပါ။ (ပုံဖော်ထားတဲ့နှုတ်ခမ်းသားက မူလ ရှိရင်းစွဲသဘာဝနှုတ်ခမ်းအနားသတ်နဲ့ အရမ်းကြီးမဝေးကွာပါစေနဲ့)

၅။ မျက်ကွင်းညိုတာဖုံးကွယ်ဖို့အတွက် အနီရောင်နှုတ်ခမ်းနီကို အသုံးပြုနိုင် ပါတယ်
မျက်ကွင်းညိုတာအတွက် အနီ ရောင်နှုတ်ခမ်းနီတောင့်ကို မျက်ရိုးကွင်း ပေါ်မှာသုတ်လိမ်းလိုက်ပါ။ ပြီးရင်အပေါ် ကနေ ကွန်စီလာထပ်လိမ်းပေးပါ။ ကွန်စီ လာက အနီရောင်နှုတ်ခမ်းနီတွေကို စုပ် ယူသွားပါလိမ့်မယ်။ နောက်ထပ် ကွန်စီ လာတစ်ထပ်လိမ်းပါ။ ပြီးရင် ပေါင်ဒါမှုန့် လေးကို အသာအယာ သုတ်လိမ်းလိုက် ပါ။ မျက်ကွင်းညိုတာ ဖုံးကွယ်သွားပါလိမ့် မယ်။

၆။ နှာတံပေါ်ဖို့အတွက် ခက်ရင်းကို အ သုံးပြုနိုင်ပါတယ်
သင့်နှာတံက ပြားနေလို့ စိတ်ညစ် နေပါသလား။ ခွဲစိတ်ပြုပြင်စရာမလိုဘဲ နှာတံပေါ်တဲ့နည်းလမ်းလေးကို ဖော်ပြ ပေးလိုက်ပါမယ်။ ခက်ရင်းကို ပုံမှာပြ ထားတဲ့အတိုင်း နှာခေါင်းပေါ်တင်ပါ။ နှာ ရိုးတစ်လျှောက် အရောင်ဖျော့ဖျော့မိတ် ကပ်နဲ့ နှာရိုးဘေးတစ်လျှောက်ကိုတော့ အရောင်ရင့်ရင့်မိတ်ကပ်ကို အသုံးပြုကာ ပုံဖော်လိုက်ပါ။ နှာတံစင်းဖြောင့်ပြီး လှပ နေပါလိမ့်မယ်။

၇။ အိုင်းလိုင်နာမရှိလို့စိတ်ညစ်နေလား။ ရောင်စုံခဲတံကို အသုံးပြုနိုင်ပါတယ်
သင့်မှာ အိုင်းလိုင်နာရောင်စုံမရှိလို့ စိတ်ညစ်မနေပါနဲ့။ ရောင်စုံခဲတံကို ရေ နွေးထည့်ထားတဲ့ ဖန်ခွက်ထဲမှာ မိနစ်အ နည်းငယ်စိမ်ပြီး အဲဒီခဲတံကို အိုင်းလိုင် နာအဖြစ် အသုံးပြုနိုင်ပါတယ်။

၈။ Lip balm ကို High Lighter အနေနဲ့ အသုံးပြုနိုင်ပါတယ်
သင့်အနေနဲ့ ကွန်စီလာ၊ ပါးနီ၊ high lighter တွေကို အသုံးပြုဖို့အတွက် ပိုက်ဆံအကုန်မခံချင်ရင်Lip balm ကို အသုံးပြုနိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *