သွေးလုံးအကျိတ်ဆိုတာ ဘယ်လိုအခြေအနေ မျိုးကို ခေါ်ပါသလဲဆရာ။
ခန္ဓာကိုယ်မှာ သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောဆိုပြီး နှစ်မျိုးရှိပါတယ်။ သွေးလွှတ်ကြော၊ သွေးပြန်ကြောတွေက အပွားမြန်တဲ့ ဆဲလ်အသွင်ပြောင်းသွားပြီး အလုံးအကျိတ်အနေနဲ့ ဖွဲ့စည်းထားပါ တယ်။ သာမန်အားဖြင့်တော့ သိပ်ပြီး ဒုက္ခ မပေးပါဘူး။ အလုံးအကျိတ်အနေနဲ့ပဲ ရှိ ပါတယ်။ Haemangioma လို့ ခေါ်ပါ တယ်။ ကင်ဆာအဖြစ် ပြောင်းသွားတာ ရှားပါတယ်။ မြန်မာတွေက ကင်ဆာလို့ ပြောလိုက်ရင် အရမ်းကို ထိတ်လန့် ကြောက်ရွံ့သွားတတ်ကြပါတယ်။ အဲဒါ ကြောင့် သွေးလုံးအကျိတ် မြစ်ပွားနာ ဒါမှ မဟုတ် ဆဲလ်တွေ အပွားမြန်တဲ့ အကျိတ် လို့ပဲ ပြောပါတယ်။
သွေးလုံးအကျိတ်ကင်ဆာဆိုတာကိုလည်း ရှင်းပြပေးပါဆရာ။
မျိုးရိုးဗီဇကြောင့်ဖြစ်ဖြစ်၊ ပရိုတင်း တွေကြောင့် ဖြစ်ဖြစ်၊ အပွားမြန်တဲ့ ဟော် မုန်းတွေကြောင့်ဖြစ်ဖြစ် နှစ်ကာလ အချိန် တွေကြာလာတာဖြစ်ဖြစ်၊ လှုံ့ဆော် မှု တစ်ခုခုရှိနေလို့ဖြစ်ဖြစ် ကင်ဆာအဖြစ် ပြောင်းသွားရင်တော့ Haemago-sarcoma လို့ ခေါ်ပါတယ်။
သွေးလုံးအကျိတ်နဲ့ သွေးလုံးအကျိတ်ကင်ဆာ မှာ ဘယ်လိုကွဲပြားမှုတွေ ရှိနေပါသလဲ ဆရာ။
ပုံမှန်အလုံးအကျိတ်ဖြစ်တဲ့ Haemago-sarcoma ဆိုရင်တော့ ဖြစ်တဲ့နေရာမှာပဲ ရှိနေပါတယ်။ Haemangiosarcoma ဆိုရင်တော့ ခန္ဓာကိုယ်အနှံ့ တခြားနေရာ တွေကို လျှောက်သွားနိုင်ပါတယ်။ အရေ ပြားအောက်မှာ၊ အသည်းမှာ၊ အဆစ်အ မျက်ဆုံတဲ့နေရာ စတာတွေမှာ တွေ့ရ တာများပါတယ်။ အများနဲ့ မတူတာက သွေးလုံးအကျိတ်ဖြစ်တာကြောင့် သွေးစီး ဆင်းမှု များနေလို့ လက်နဲ့ စမ်းကြည့်လိုက် ရင် နွေးနေပါတယ်။ သိပ်ကြီးတဲ့အလုံး ဆိုရင် လက်နဲ့ စမ်းကြည့်ရင် သွေးခုန်နှုန်း ရှိနေတာကို ခံစားမိပါတယ်။
ဘယ်လိုနေရာတွေမှာ အဖြစ်များတတ်ပါ သလဲ ဆရာ။
မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်၊ ဗိုက် စတဲ့ နေရာတွေက အရေပြားပေါ်မှာ သွေးလုံးအကျိတ်တွေ ဖြစ်နိုင်ပါတယ်။ အရေပြားပေါ်မှာ ဖြစ်တဲ့အခါ ရိုးရိုးမှဲ့နဲ့ မှားနိုင်ပါတယ်။ ရိုးရိုးမှဲ့နဲ့မှားပြီး ခွဲရင် သွေးမတိတ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အလုံးသေးရင်တော့ သွေးမတိတ်တာမျိုး ဖြစ်ခဲ့ရင် ထိန်းချုပ်ရတာ လွယ်ကူနိုင်ပေ မယ့် အလုံးက သိပ်ကြီးရင်တော့ ထိန်း ချုပ်ရတာ ခက်ခဲပါတယ်။ အသက်အန္တ ရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် အလုံးအ ကျိတ်တွေကို ခွဲတော့မယ်ဆိုရင် Hae-mangioma ဟုတ်၊ မဟုတ် သေချာစစ် ဆေးဖို့ လိုပါတယ်။
စမ်းသပ်စစ်ဆေးမှုအနေနဲ့ ဘာတွေလုပ်ဆောင် ဖို့ လိုအပ်ပါသလဲ ဆရာ။
အရင်စူးစမ်းလေ့လာတယ်၊ လက်နဲ့ စမ်းကြည့်တယ်၊ ခေါက်ကြည့်တယ်၊ နား ကြပ်နဲ့ နားထောင်ကြည့်တယ်၊ ဒီမှာတော့ လက်နဲ့ စမ်းကြည့်ပြီးမှ လိုအပ်တဲ့ စမ်း သပ်မှုတွေ ဆက်ပြီး ပြုလုပ်ပါတယ်။ သွေးလုံးအကျိတ်က လက်နဲ့ စမ်းကြည့် လိုက်ရင် ပူနေတယ်၊ နွေးနေတယ်၊ အ ရောင်က မှဲ့နဲ့ မတူတာက နီညိုရောင် ဖြစ်နေတယ်၊ သေသေချာချာ စမ်းသပ် ကြည့်မယ်ဆိုရင် တခြား အလုံးအကျိတ် တွေမှာ မရှိနိုင်တဲ့ သွေးခုန်နှုန်း ရှိနေ တယ်။ နားကြပ်နဲ့ နားထောင်ကြည့်ရင် လည်း သွေးလျှောက်တာများတဲ့အတွက် အသံတွေကြားနေရတယ်။
သွေးလုံးအကျိတ်ကို ဘယ်လိုကုသမှုတွေလုပ် ဖို့ လိုအပ်ပါသလဲ ဆရာ။
သွေးလုံးအကျိတ်က မျက်နှာပေါ်၊ အရေပြားပေါ်မှာ ရှိနေရင် သေချာလေး ပြောင်စင်အောင် ခွဲစိတ်ပေးလို့ရပါတယ်။ အခုနောက်ပိုင်းမှာတော့ သွေးလုံးအ ကျိတ်ဆိုရင် မခွဲစိတ်ဘဲ လေဆာနဲ့တောင် ပြုလုပ်လို့ရနေပါပြီ။ တချို့ဆိုရင် အရေ ပြားကနေ ခွဲစိတ်ဖယ်ရှားပြီး ပလတ်စတစ် ဆာဂျရီပေါ့။ အပေါ်ယံ အရေပြားကို ပြန် အုပ်ပေးလို့ရပါတယ်။
သွေးလုံးအကျိတ် ရှိနေပြီး မျိုးရိုးဗီဇ ကြောင့်ဖြစ်စေ၊ ခန္ဓာကိုယ်က လှုံ့ဆော်မှု တစ်ခုခု ရှိနေလို့ဖြစ်စေ၊ ဆဲလ်ပွားနှုန်းမြန် တဲ့ ဟော်မုန်းကြောင့်ဖြစ်စေ ကင်ဆာ ဘက်ကို ပြောင်းသွားတဲ့ သွေးလုံးအ ကျိတ်ကင်ဆာ (Haemangiosar-coma) က အရိုးနဲ့ တွယ်ဆက် တစ်သျှူး တွေထဲမှာဖြစ်တဲ့ ကင်ဆာ (Bone and Soft tissue Cancer) ထဲမှာ ပါဝင်ပါ တယ်။
သွေးလုံးအကျိတ်ကနေ သွေးလုံးအကျိတ် ကင်ဆာကို ပြောင်းသွားခဲ့ရင်ကော ဆရာ။
အသည်းမှာဖြစ်ဖြစ်၊ အဆုတ်မှာဖြစ် ဖြစ် သွေးလုံးအကျိတ်ကနေ သွေးလုံးအ ကျိတ်ကင်ဆာအဖြစ် ပြောင်းသွားပြီဆိုရင် ကင်ဆာရဲ့အဆင့်ပေါ်မူတည်ပြီးကုသရ ပါတယ်။ လက်၊ ပေါင်၊ မျက်နှာ စတဲ့ အရေပြားပေါ်မှာပဲ ရှိသေးတယ်။ တခြား နေရာတွေကို မပျံ့နှံ့သေးဘူး၊ မရောက် သေးဘူးဆိုရင်တော့ ခွဲစိတ်ကုသပါတယ်။ နောက်ထပ် မဖြစ်အောင် ဓာတ်ရောင် ခြည်ပေးပါတယ်။ ဆေးသွင်းပေးပါတယ်။ Adriamycin, Gemcitabine ပါတဲ့ ဆေးတွေ သွင်းပေးလို့ ရပါတယ်။ စား ဆေးအနေနဲ့က Imatinib ဆိုတဲ့ ဆေး ကို သုံးပါတယ်။
သွေးလုံးအကျိတ်ကင်ဆာက ခန္ဓာကိုယ်ရဲ့ တခြားဘယ်နေရာတွေကို ပျံ့နှံ့ရောက်ရှိနိုင် ပါသလဲ ဆရာ။
သွေးလုံးအကျိတ်ကင်ဆာကို Carcinoma လို့ မခေါ်ဘဲ Sarcoma လို့ပဲ ခေါ်ရတာက Sarcoma ဆိုရင် ပြန်ရည် အကျိတ် (Lymph)တွေ မကြီးဘူး၊ ပြန် ရည်ကြောတွေ ကနေလည်း မပျံ့တတ် ဘူး။ ပြန်ရည်အကျိတ်တွေက လည်ပင်း၊ ချိုင်းကြား စတဲ့နေရာတွေမှာ ရှိပါတယ်။ ခန္ဓာကိုယ်မှာ သွေးစီးဆင်းမှုများတဲ့နေရာ တွေက အဆုတ်၊ အသည်း၊ အရိုးနဲ့ ဦး နှောက်တွေပါ။ အများဆုံးရောက်တတ်တဲ့ နေရာကတော့ အဆုတ်ပါ။ သွေးလုံးအ ကျိတ် မူလစဖြစ်တဲ့နေရာက အရေပြား တို့ အသည်းတို့မှာ ဖြစ်ပေမယ့် သွေးက တစ်ဆင့်ကူးစက်ပြီး အဆုတ်ဆီကို ရောက်ပါတယ်။ အဆုတ်မှာ ကင်ဆာ ဆဲလ်တွေ ပျံ့နှံ့ပြီး သွေးကျိတ်ကင်ဆာ ဖြစ်ပါတယ်။ အဲဒီအဆင့်ဆိုရင်တော့ ကု ရတာ နည်းနည်းခက်ပါတယ်။ ကုလို့ မရ ဘူးလို့ ပြောတာမဟုတ်ပါဘူး။
အလုံးအကျိတ်တွေ ကျုံ့သွား၊ သေးသွားစေ ဖို့ ခွဲစိတ်တာမဟုတ်ဘဲ နောက်ထပ်ဘယ်လိုမျိုး ကုသနိုင်သေးလဲ ဆရာ။
အလုံးအကျိတ်တွေသေးအောင် စဖြစ်တဲ့နေရာကို ဓာတ်မှန်ပါရဂူ အကူအ ညီနဲ့ သွေးကြောလေးတွေ သွားတဲ့နေရာ ကို ပေါင်ကဖြစ်စေ၊ လည်ပင်းကဖြစ်စေ ပိုက်ထည့်ပြီး သွေးကြောကို ပိတ်လို့ရပါ တယ်။ Sအမေခ့ မော်လီကျူး ဒါမှမဟုတ် ပစ္စည်းတစ်ခုခု ထည့်ပြီး ပိတ်လို့ရပါတယ်။ သွေးကြောပိတ်လိုက်ရင် အလုံးအကျိတ် ဆီ အစာအာဟာရမရောက်တာကြောင့် အလုံးအကျိတ်က သေးသွားနိုင်ပါတယ်။ အဆုတ်အထိ ရောက်သွားရင်တော့ ပျံ့ သွားတာ ဖြစ်တဲ့အတွက် ကုသရတာ အ နည်းငယ် ခက်သွားနိုင်ပါတယ်။ ဒီလိုအ ခြေအနေမှာဆိုရင်တော့ ဆေးသွင်းပြီး ကုသနိုင်ပါတယ်။
ဖြည့်စွက်ပြောကြားလိုတာတွေ ရှိရင်လည်း ပြောပြပေးပါ ဆရာ။
အခုနောက်ပိုင်းမှာ ကြီးထွားမှုဟော် မုန်းကို သွားပိတ်တဲ့ ဆေးတွေနဲ့ ပတ် သက်ပြီး သုတေသနတွေ အများကြီး လုပ်နေပါပြီ။ အောင်မြင်ပြီဆိုရင်တော့ တွင်တွင်ကျယ်ကျယ် အသုံးပြုလာ နိုင်မယ်လို့ မျှော်လင့်ပါတယ်။ Tမေါနအနိ ဃ့နာသ-အ့နမစေပ လို့ ခေါ်ပါတယ်။ လှုံ့ ဆော်တဲ့ပရိုတင်းက ဘာတွေလဲဆိုတာ အသေအချာ လေ့လာနေပါတယ်။ အဲဒီ ပရိုတင်းကို သိလာပြီဆိုရင် ပရိုတင်း လမ်းကြောင်းကို ပိတ်နိုင်ရင် ရောဂါကို ထိန်းချုပ်ထားလို့ ရပါတယ်။
ပါမောက္ခဒေါက်တာစိန်လင်း
ခွဲစိတ်နှင့် ကင်ဆာပါရဂူ