နှုတ်ခမ်းပါးသူတွေဆိုးသင့်တဲ့နှုတ်ခမ်းနီအရောင်(၃)မျိုး

နှုတ်ခမ်းပုံစံအမျိုးမျိုးရှိတာမှာ ဒီနေ့ခေတ် ခေတ်စားနေတာ ကတော့ အမေရိကန်မော်ဒယ်တစ်ဦးဖြစ်တဲ့ Kylie Jenner လိုပြည့်ဖူးပြီး ထူတဲ့ နှုတ်ခမ်းပုံစံမျိုးပါ။ ဒီလိုနှုတ်ခမ်းပုံစံရဖို့ အတွက် Filler ထိုးတဲ့ပျိုမေတွေလည်း အများအပြားရှိလာ ပါတယ်။ တကယ်လို့ သင်ဟာ နှုတ်ခမ်းပါးသူဖြစ်ပြီး Filler လည်း မထိုးချင်ဘူး၊ နှုတ်ခမ်းလည်း ပြည့်ပြည့်ဖူးဖူးအသွင် ရချင်တယ်ဆိုရင် အလွယ်ကူဆုံးနည်းလမ်းကတော့ နှုတ်ခမ်းထု ထည်ပေါ်လွင်အောင် နှုတ်ခမ်းနီဆိုးဖို့လိုပါတယ်။
နှုတ်ခမ်းတစ်စုံရဲ့ အလှက လူတစ်ယောက်ရဲ့ အသွင်အပြင် အတွက် အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်နေပါတယ်။ နှုတ်ခမ်းနီဖြစ်ရင်ပြီးရောဆိုပြီးတော့လည်း မဆိုးပါနဲ့။ တချို့နှုတ်ခမ်းနီ တွေက သင်ရဲ့ နဂိုမူလအလှကိုတောင် ဖျောက်ပစ်လိုက်တာမျိုး ရှိပါတယ်။ အထူးသဖြင့် နှုတ်ခမ်းပါးသူ ပျိုမေတွေအနေနဲ့ နှုတ်ခမ်းနီအရောင်ကို သေချာဂရုစိုက်ပြီး ရွေးချယ်သင့်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ နှုတ်ခမ်းနီ အရောင်တွေက နှုတ်ခမ်း ပါးသူ ပျိုမေတို့ရဲ့နှုတ်ခမ်းအလှကို ၂၀၀ ရာခိုင်နှုန်းပိုတိုးစေမှာပါ။
နှုတ်ခမ်းပါးသူပျိုမေတို့ ရွေးချယ်သင့်တဲ့ နှုတ်ခမ်းနီအရောင် တွေက –

(၁) ပန်းရောင်အဖျော့
ပန်းရောင်ရင့်ရင့် တောက်တောက်နှုတ်ခမ်းနီတွေက မလိုက်တဲ့သူ များပါတယ်။ ပန်းရောင်အဖျော့နှုတ်ခမ်းနီက သင့် နှုတ်ခမ်းရဲ့အလှကို ပေါ်လွင်စေပြီး စတိုင်ကျစေပါတယ်။ ဘယ် ပွဲလမ်းသဘင်သွားသွား၊ ဘယ်နေရာသွားသွား ပန်းရောင် အဖျော့နှုတ်ခမ်းနီက လိုက်ဖက်ပါတယ်။ နှုတ်ခမ်းနီကို ပန်း ရောင်အဖျော့ဆိုးပြီး မျက်လုံးကို အမှောင်ဘက်သွားတဲ့ အရောင် ခြယ်ပါ။

(၂) မက်မွန်သီးအရောင်
Peach Color လို့ ခေါ်ပါတယ်။ ဒီနေ့ခေတ်မှာ ပေါ်ပြူလာ ဖြစ်တဲ့ အရောင်တစ်ရောင်လည်း ဖြစ်ပါတယ်။ သူက နှုတ် ခမ်းသား ပြည့်ဖူးတဲ့အသွင် ရစေသလို မျက်နှာကိုလည်း ပိုပြီး ဝင်းသွားစေပါတယ်။ မျက်လုံးကို Warm Color Tone ဘက် ခြယ်ပါ။

(၃)Nude
လူတိုင်း နှုတ်ခမ်းဖျားမှာ ရေပန်းစားနေတဲ့ အရောင်တစ် ရောင် ဖြစ်ပါတယ်။Nude ဆိုတာ တစ်နည်းအားဖြင့်တော့ အ သားရောင် နှုတ်ခမ်းနီဖြစ်ပါတယ်။ အသားအရောင် အမျိုးမျိုး အတွက် လိုက်ဖက်တဲ့Nude နှုတ်ခမ်းနီအရောင် မျိုးစုံရှိပါ တယ်။ ကြိန အရောင်ကို Matte ဒါမှမဟုတ် Gloss အမျိုး အစား နှုတ်ခမ်းနီရွေးချယ်ပါ။

Darliko

Post Author: Good Health Journal