ကင်ဆာကျိတ်ကြီးမလာအောင် သားရေပင်နှင့်စည်းထားရာမှ လိင်အင်္ဂါတစ်စိတ်တစ်ပိုင်းကို ဖြတ်ထုတ်ခဲ့ရ

ဂျပန်နိုင်ငံက အသက် ၆၅ နှစ်အရွယ်အမျိုးသားတစ်ဦးဟာ ကင်ဆာကျိတ်ကြီးထွားမလာအောင် လိင်အင်္ဂါကို သားရေပင်နဲ့ပတ် ထားရာကနေ လိင်အင်္ဂါရဲ့အစိတ်အပိုင်းတချို့ကို ဖြတ်ထုတ်ပစ်ခဲ့ရ တယ်လို့ သိရပါတယ်။ လိင်အင်္ဂါက နာကျင်မှုကြောင့် ဆေးရုံရောက်ရှိ လာရာကနေ ကင်ဆာကျိတ်ကို သားရေပင်နဲ့ကုသနေခဲ့မှန်း ဆရာဝန် တွေက တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဒီလိုဖြစ်ရပ်မျိုးဟာ လိင်အာသာဖြေတဲ့အနေနဲ့မြင်တွေ့ရလေ့ရှိပေမယ့် ဒီလိုဖြစ်ရပ်မျိုးက တော့ ရှားရှားပါးပါးတွေ့ရှိရတာဖြစ်ပါတယ်။ ဒီဂျပန်အမျိုးသားက ဆရာ ဝန်သွားပြရမှာရှက်တာကြောင့် အရေပြားကင်ဆာကျိတ်တွေပျံ့နှံ့မ သွားအောင် လိင်အင်္ဂါရဲ့အောက်ခြေကို သားရေပင်နဲ့စည်းထားခဲ့တာ ဖြစ်ပါတယ်။ လူနာဟာ အရေပြားကင်ဆာတစ်မျိုးဖြစ်တဲ့ squamous cell carcinoma ကို ခံစားနေရတာဖြစ်ပြီးတော့ ကင်ဆာဆဲလ်တွေ က မပျံ့နှံ့သေးတဲ့အခြေအနေဖြစ်တာကြောင့် ခွဲစိတ်ကုသမှုခံယူပြီးနှစ် ပတ်အကြာမှာ ဆေးရုံဆင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လိင်အင်္ဂါကို သားရေ ပင်နဲ့စည်းထားတာကြောင့် သွေးလည်ပတ်မှုကိုဟန့်တားသလိုဖြစ်ပြီး လိင်အင်္ဂါထဲကတစ်သျှူးတွေကို သေဆုံးသွားစေတဲ့အတွက် လိင် အင်္ဂါရဲ့အစိတ်အပိုင်းတချို့ကို ဖယ်ထုတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

(AP,5.9.19) အေးယုနိုင်

Post Author: Good Health Journal