“ကင်ဆာဆဲလ်များကို စက္ကန့်ပိုင်းအတွင်း စစ်ဆေးထောက်လှမ်းနိုင်မည့်ကင်ဆာဘောပင်”

ကင်ဆာအကျိတ်ခွဲစိတ်ဖယ်ရှားကု သမှုတွေမှာ ပိုမိုမြန်ဆန်ပြီး ပိုမိုတိကျ စိတ်ချရတဲ့ ကင်ဆာဆဲလ်ကို စက္ကန့်ပိုင်း အတွင်း စစ်ဆေးသိရှိနိုင်မယ့် ကင်ဆာ ဘောပင်အကြောင်း Science Translational Medicine စာစောင်မှာ ဖော် ပြထားခဲ့ပါတယ်။ MasSpec Pen လို့ အမည်ပေးထားတဲ့ ဒီကင်ဆာစစ်ဆေးမှု ဘောပင်က ကင်ဆာကျိတ်ခွဲစိတ်ဖယ် ရှားမှုမှာ ကင်ဆာဆဲလ်တွေ ကျန်ရစ်ခဲ့ တာမျိုးမရှိရလေအောင် တစ်ခါတည်း စစ်ဆေးပေးပြီး ဖယ်ရှားနိုင်စေမယ့်အပြင် ခွဲစိတ်မှုအချိန်ကို ၉၆ ရာခိုင်နှုန်းပိုမို မြန် ဆန်စေနိုင်တယ်လို့သိရပါတယ်။

 

ကင် ဆာဆဲလ်တွေမှာပါရှိနေတဲ့ ဓာတုတွေက သာမန်ကျန်းမာတဲ့တစ်သျှူးတွေမှာပါရှိ တာနဲ့ ကွဲပြားခြားနားပြီး ဒီအချက်နဲ့ အဓိ ကစစ်ဆေးတာလို့သိရပါတယ်။ ကင်ဆာ လို့သံသယဖြစ်တဲ့နေရာမှာ ဘောပင်ထဲ ကနေ ရေစက်ငယ်လေးချထားလိုက်ပြီး ရေစက်ငယ်လေးထဲကို ဆဲလ်တွေထဲက ဓာတုတွေစိမ့်ဝင်သွားပါတယ်။ ဒီရေစက် ငယ်လေးကို ဘောပင်နဲ့ ပြန်စုပ်ယူလိုက် ပြီး ဓာတုစစ်ဆေးရေးကိရိယာဖြစ်တဲ့ mas spectrometer ထဲ စစ်ဆေးကာ ကင်ဆာဆဲလ်လား၊ သာမန်ကျန်းမာတဲ့ တစ်သျှူးလားဆိုတာ သိရှိနိုင်တာဖြစ်ပါတယ်။

 

ကင်ဆာကျိတ်ခွဲစိတ်မှုတွေမှာ အဓိကစိန်ခေါ်မှုဖြစ်တဲ့ ကင်ဆာနဲ့သာမန် တစ်သျှူး ခွဲခြားသိမြင်မှုနဲ့ ဖယ်ရှားမှုကျန် ရစ်တာမျိုးကို အထိရောက်ဆုံးဖြေရှင်း ပေးနိုင်မယ့် ဘောပင်ဖြစ်ပါတယ်။ ဒီဘော ပင်ကို နမူနာ ၂၅၃ ချောင်းထိ စမ်းသပ် လေ့လာထားခဲ့ပြီး ပိုမိုအဆင့်မြင့်အောင် ကြိုးပမ်းလျက်ရှိကာ လာမယ့်နှစ်ထဲမှာ စမ်းသပ်အသုံးပြုမှုစတင်မယ်လို့သိရပါတယ်။ တန်ဖိုးအားဖြင့်လည်း ကုန်ကျစ ရိတ်နည်းပါးတဲ့ စစ်ဆေးရေးကိရိယာဖြစ် ပြီး လူနာတွေကုသမှုမှာ မြန် မြန်ဆန်ဆန် နဲ့ မှန်ကန်ထိရောက်တဲ့ကုသမှုတွေအဖြစ် ဆရာဝန်တွေအားထားရတဲ့ ကင်ဆာစစ် ဆေးရေးကိရိယာဖြစ်လာမယ်လို့ ဗြိတိန် ကင်ဆာသုတေသနအဖွဲ့မှ ဒေါက်တာ အိုင်းမက်ကာသီက ပြောကြားခဲ့ပါတယ်။

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *