ကင်ဆာဝေဒနာရှင်များနှင့် အာဟာရပြည့်ဝစွာ စားသောက်ခြင်း

ကျွန်မတို့လူမျိုးရဲ့ ဓလေ့ထုံးစံက ကြောက်တတ်ကြပါတယ်။ ဘာမှမဖြစ်သေးခင်မှာတော့ ကြိုက်တာကို ဝယ်စားခဲ့ကြပါတယ်။ ကျွန်မကိုယ်တိုင်လည်း ပါပါတယ်။ စနစ်တကျ စားသုံးတာထက် ကိုယ်ကြိုက်တာကို ကိုယ်စားပါတယ်။ ကိုယ်မကြိုက်ဘူးဆိုရင် မစားကြဘူး။ ငယ်ငယ်ကတည်းက မိဘတွေကလည်း ကလေးက မကြိုက်ဘူးဆိုရင် မကျွေးပါဘူး။ ကြီးပြင်းလာတဲ့အခါမှာလည်း ကျန်းမာရေးနဲ့ ညီညွတ်တယ်၊ မညီညွတ်ဘူးဆိုတာတွေကို သိပ်မစဉ်းစားပါဘူး။ အဲဒီလိုကနေ ကင်ဆာရောဂါလည်းဖြစ်ရော ဘာမှမစားရဲတော့ဘူး ဖြစ် သွားတယ်။

အစာဖြတ်လိုက်ခြင်း

ကျွန်မတို့ လူမျိုးတွေက ရောဂါ တစ်ခုဖြစ်လာပြီဆိုရင် အစာမစားဘဲ ဖြတ်လိုက်ကြပါတယ်။ ဟင်းဆိုရင် အဖြူ ထည်ပဲ ကျွေးတော့တယ်။ နည်းနည်း လေး နေမကောင်းတာကနေ ကင်ဆာ ဖြစ်တယ်လည်းဆိုရော အချိုဆို လုံးဝ မစားရဘူး၊ အသားလုံးဝမစားရဘူး ဖြစ် သွားတယ်။ အဲဒီလိုတွေ ရှောင်လိုက်တော့ လူနာအများစုမှာ အာဟာရချို့တဲ့သွားပါ တယ်။ ကင်ဆာဆိုတာကို ကုသမှုခံယူဖို့ အရေးကြီးသလို ဆေးဒဏ်ခံနိုင်အောင် အစားအသောက်တွေကို မှန်မှန်ကန်ကန် စားသောက်ဖို့လည်း လိုပါတယ်။ ကျွန်မ တို့ လူနာတွေက ဆရာဝန်တွေကို မေးဖို့ ကြောက်ကြတယ်။ အချင်းချင်းပဲ တီးတိုး မေးနေကြတယ်။ လူနာတစ်ယောက် ကင်ဆာရှိတယ်၊ ကျောက်ကပ်ကလည်း ဆိုးနေတယ်၊ နောက်တစ်ယောက်က ကင်ဆာရှိတယ်၊ ကျောက်ကပ်က မဆိုး ဘူးဆိုရင် အဲဒီလူနာနှစ်ယောက်မှာ တစ် ယောက်နဲ့တစ်ယောက်က မတူဘူး။ ဆရာဝန်က ပိုတက်စီယမ် တက်နေလို့ ငှက်ပျောသီးမစားနဲ့ ဒီအရွက်တွေမစား နဲ့လို့ ပြောလိုက်ရင် ဆရာကြီးက၊ ဆရာမ ကြီးက ဒါတွေမစားနဲ့ဆိုပြီး လက်ဆင့် ကမ်းလိုက်ပါတယ်။ တစ်ယောက်နဲ့တစ် ယောက်က ဖြစ်တာချင်း မတူပါဘူး။ ဒါ ကြောင့် တစ်ယောက်နဲ့တစ်ယောက် စကားမပို့ပါနဲ့။ ဆရာဝန်ကို မမေးရဲဘူးဆို ရင် သူနာပြုတွေ ရှိပါတယ်။ သူတို့ကို မေးလို့ရပါတယ်။ မေးပါ။

ကိုယ်တစ်ယောက်တည်း မဟုတ်ပါ

ကင်ဆာရောဂါက တစ်ကမ္ဘာလုံးမှာ ဖြစ်ပါတယ်။ ကျွန်မတို့ တစ်နိုင်ငံတည်း ဖြစ်နေတာတော့ မဟုတ်ပါဘူး။ ဖြစ်တဲ့ ဝေဒနာရှင်ကလည်း ဝမ်းနည်းတယ်၊ မိသားစုကလည်း ဝမ်းနည်းတယ်၊ အဲဒါ ကြောင့် ကျွန်မအနေနဲ့ လူနာတွေကို ပြောချင်တာက ကိုယ်တစ်ယောက်တည်း ဖြစ်နေတာ မဟုတ်ဘူးဆိုတဲ့ အသိလေး ကို ရစေချင်ပါတယ်။ ငါ့မှာ ကင်ဆာရောဂါ ဖြစ်နေပြီ သေတော့မှာပဲဆိုတဲ့ အတွေး မျိုးကို မတွေးစေချင်ပါဘူး။ ရှင်သွားတဲ့သူ တွေ အများကြီးရှိပါတယ်။ ဘ၀ရဲ့စိန်ခေါ် မှုတစ်ခုလို့ သတ်မှတ်ပြီး ကြိုးစားကုသ ရမှာ ဖြစ်ပါတယ်။

အဖြစ်များသော ကင်ဆာရောဂါများ

ယောက်ျားလေးတွေမှာ အဖြစ်များ တဲ့ ကင်ဆာက အသည်း၊ အဆုတ်၊ အစာအိမ်၊ အူ၊ လျှာ၊ ခံတွင်း စတဲ့ကင်ဆာ တွေဖြစ်ပြီး မိန်းကလေးတွေမှာ ရင်သား၊ သားအိမ်၊ အစာအိမ်၊ အသည်း၊ အဆုတ် စတဲ့ ကင်ဆာတွေ အဖြစ်များပါတယ်။

ကင်ဆာရှင်သန်နှုန်း

လူနာတစ်ယောက်နဲ့ တစ်ယောက် က အခြေခံချင်းမတူဘူး၊ စားသောက်ပုံ ချင်းမတူဘူး၊ ခံယူနေတဲ့ ကုသမှုမတူ ဘူး၊ အဲဒီလိုတွေပေါ် မူတည်ပြီး ရှင်သန် နှုန်းတွေလည်း မတူပါဘူး။ ဟိုတစ် လောက တွေ့ရတဲ့လူနာဆိုရင် အသက် ၉၆ နှစ် လျှာကင်ဆာဖြစ်တာ လျှာရဲ့ဟိုး အောက်ဘက်မှာဖြစ်တာ၊ အသက် ကလည်း ကြီးနေတော့ လူနာရှင်တွေက ကုတော့မလို၊ မကုဘဲနေတော့မလိုနဲ့ နောက်တော့ ကုဖြစ်ပါတယ်။ အစာလည်း မဝင်ပါဘူး။ အစာပိုက်ကိုလည်း လည် ချောင်းကနေ ထည့်လို့မရပါဘူး။ ဗိုက် ကနေ ဖောက်ပြီး ထည့်ရပါတယ်။ အာ ဟာရပြည့်တော့မှပဲ ကင်ဆာဆေးတွေနဲ့ ကုသတယ်၊ ဓာတ်ရောင်ခြည်ပြတယ်၊ အဲဒီလိုနဲ့ ဆက်ကုလိုက်တော့ လူနာက ရှင်သွားပါတယ်။ ကင်ဆာက ရှင်သန်မှု တွေ အများကြီးရှိနေပါပြီ။ အဓိကက စောစောသိဖို့လိုတယ်၊ စောစောကုသ မယ်၊ အာဟာရပိုင်းလည်း ပံ့ပိုးလိုက် မယ်ဆိုရင် ဆေးဒဏ်လည်း ခံနိုင်သွားပြီး မရှင်သန်စရာ အကြောင်းမရှိပါဘူး။ ကင် ဆာဖြစ်တဲ့ လူ ၁၀၀ မှာ ၁၀၀ စလုံးရှင်ရ မယ်လို့တော့ မဆိုလိုပါ ဘူး။ အတတ်နိုင် ဆုံး ဆေးဝါးကုသမှုတွေ လုပ်လိုက်တဲ့ အခါ ရှင်သန်တဲ့သူတွေ ရှိတယ်လို့ ပြော ချင်တာပါ။

စောစောစီးစီး ရောဂါရှာတွေ့စေချင်တယ်

စောစောစီးစီး ရောဂါရှာဖွေတွေ့ရှိ တယ်ဆိုရင် စောစောစီးစီး ကုသမယ်။ ဆေးကုသတဲ့အခါမှာလည်း အာဟာရ ပြည့်ဝဖို့က အရေးကြီးတယ်။ ကျန်းမာ ရေးနဲ့ ညီညွတ်စွာ စားသောက်နေထိုင် ရပါမယ်။ လွယ်လွယ်ပြောရမယ်ဆိုရင် ကင်ဆာဖြစ်ရင် မတည့်တဲ့ အစားအ သောက်ဆိုတာ မရှိပါဘူး။ အားလုံး စားလို့ရပါတယ်။ မတည့်ဘူးလို့ ပြောလို့ ရတာ အနည်းငယ်ပဲရှိပါတယ်။ ဥပမာ – အချိုရည်ပေါ့။ အချိုရည် မသောက်နဲ့ ဆိုတာကို သကြားလုံးဝဖြတ်လိုက်ကြပါ တယ်။ ကျွန်မတို့ဆိုလိုတာက ပက်စီ၊ ကို ကာကိုလာတို့လိုမျိုး ဓာတုပစ္စည်းပါဝင် တာတွေပါ။ ကျန်တဲ့ သံပရာရည်၊ ထော ပတ်သီးဖျော်ရည် စတာတွေ သောက်လို့ ရပါတယ်။ လူနာက နေမကောင်းတဲ့အခါ အစားအသောက်ပျက်တယ်၊ ဝိတ်တွေ ကျလာတယ်ဆိုတာက ကင်ဆာကြောင့် တွေ့ရတဲ့ အာဟာရမပြည့်ဝတာရဲ့ အကြောင်းတွေပဲ ဖြစ်ပါတယ်။

အာဟာရမပြည့်ဝခြင်း အကြောင်းရင်း

စားသောက်မှုက မပြည့်ဝတာ၊ ကယ်လိုရီ လိုအပ်ချက်တွေ ရှိနေတာ၊ ကင်ဆာကြောင့်ပဲဖြစ်ဖြစ်၊ ကင်ဆာဆေး တွေကြောင့်ပဲဖြစ်ဖြစ် အာဟာရဓာတ်တွေ ဆုံးရှုံးနေတာ၊ အစာအိမ်နဲ့ အူလမ်း ကြောင်းမှာ ကင်ဆာဖြစ်နေရင် သူရဲ့လုပ် ငန်းဆောင်တာတွေဖြစ်တဲ့ အစာချေဖျက် ရာနဲ့ စုပ်ယူရာတွေမှာ အားနည်းသွားပါပြီ။ အစာအိမ်ကင်ဆာဖြစ်တဲ့ လူနာတွေဆို ရင် အစာကို အူသိမ်ကနေ ထည့်ပေးပါ တယ်။

အာဟာရပြည့်ဝမှုနှင့် ကြွက်သားဆုံးရှုံးမှု

လူတစ်ယောက်က နေမကောင်းဖြစ် ပြီဆိုရင် ကြွက်သားတွေက တဖြည်းဖြည်း နဲ့ လျော့လာပါတယ်။ သဘာဝကို ပြန် စဉ်းစားကြည့်လိုက်ရင် ကျွန်မတို့တစ် တွေက အသားစားတာ နည်းခဲ့ပါတယ်။ ငယ်ငယ်ကတည်းက ထမင်းများများ စားပြီးဟင်းကို တစ်တုံးလောက်ပဲ စားခဲ့ ကြပါတယ်။ အဲဒါကြောင့် ကျွန်မတို့ ကြွက်သားတွေ သေးနေပါတယ်။ အသက် ၃၅ နှစ်ရောက်လာတဲ့အခါ ဇီဝရုပ်ဖြစ်ပျက်မှုတွေ နှေးလာပါတယ်။ အသက် ၄၅ နှစ်ရောက်လာ ပြီဆိုရင် တော့ လူတစ်ယောက်ရဲ့ ကြွက်သားက ပုံမှန် ၂ ပေါင် ကျသွားပါတယ်။ ဒါက သဘာဝအလျောက်ဖြစ်တာပါ။ အဲဒီမှာမှ ရောဂါက ထပ်ဖြစ်လိုက်တော့ အိပ်ရာထဲ လဲသွားပါတယ်။ တစ်ခုခုဖြစ်ပြီဆိုရင် မိသားစုကအစ အားမရှိတော့ဘူး၊ အနား ယူတယ်လို့ပြောပြီး အိပ်ရာထဲ လဲသွားပါ တယ်။ လူနာကို အိပ်ရာပေါ်မှာပဲ ထား လိုက်တော့ ကြွက်သားတွေက အလုပ် မလုပ်တော့ဘူး။ အလုပ်မလုပ်တာ ကြာ လေလေ ကြွက်သားတွေက သေးလာ လေလေ ဖြစ်ပါတယ်။ ရောဂါဖြစ်လာ ပြီဆိုရင် အသားကို ပုံမှန်ထက် ပိုစားစေ ချင်ပါတယ်။ ကင်ဆာဖြစ်ပြီဆိုတာနဲ့ အသားကို ဖြတ်လိုက်ကြတယ်ဆိုတာ မလုပ်ပါနဲ့။ ပရိုတင်းဓာတ်ရအောင် စား ပေးရပါမယ်။ အနီရောင်အသား မစားချင် အဖြူရောင် အသားတွေကို စားပါ။ ဆိတ် သား၊ ဝက်သား၊ အမဲသားတွေ မစားချင် ရင် တစ်ပတ်တစ်ကြိမ်လောက်ပဲ စားပေါ့။ ကြက်သား၊ ကြက်ဥ၊ ပဲ ဒါတွေကို ပိုစား ပေးဖို့လိုပါတယ်။ အစားအသောက်အပြင် လှုပ်ရှားမှုလည်း လုပ်ပေးပါ။ လူနာက ကိုယ်တိုင် လုပ်နိုင်ရင်လုပ်ပါ။ မလုပ် နိုင်ရင် အိမ်ကလူတွေက လုပ်ပေးဖို့လိုပါ တယ်။ အဲဒီလိုတွေသာ လုပ်ပေးမယ်ဆို ရင် လူတစ်ယောက်က ကင်ဆာဖြစ်တာ နဲ့ပဲ အရမ်းကြီးသေးသွားစရာ မရှိပါဘူး။

အာဟာရမပြည့်ဝမှု လည်ပတ်ပုံ

ရောဂါတွေ ဝင်လာတဲ့အခါ ဆေး တွေသောက်တယ်၊ အစားအသောက် တွေပျက်တယ်၊ ဝမ်းလျှောတာတွေ ရှိ တယ်၊ အစားနည်းတယ်၊ မျက်နှာတစ် ဝိုက်မှာဖြစ်တဲ့ ကင်ဆာရောဂါတွေဆိုရင် အစာမစားနိုင်ဘူး၊ စားသောက်ဖို့ ခက်ခဲ တယ်။ အစာစားတဲ့အခါ ပါးစပ်နဲ့စားကြ ပါတယ်။ ပါးစပ်နဲ့ မစားနိုင်တဲ့အခါ နှာ ခေါင်းပိုက်ထည့်ရပါတယ်။ တချို့က နှာ ခေါင်းပိုက်ထည့်မယ်ဆိုရင် တီကောင်ကို ဆားနဲ့တို့လိုက်သလိုပဲ မဖြစ်ဘူး၊ လူနာ က ဘာမှမဖြစ်ဘူး၊ ဒီတိုင်းရပါတယ် ဆရာမရယ်ဆိုပြီး ပြောကြတယ်။ လူနာ ရှင်ကနာမှာစိုးတဲ့အတွက် မထည့်စေချင် ကြဘူး။ ဆရာဝန်က လိုအပ်တဲ့အတွက် ထည့်တာဖြစ်လို့ လက်ခံစေချင်ပါတယ်။ လူနာအဘိုးတစ်ယောက်ဆိုရင် အစာ ပိုက်ထည့်မယ်ဆိုပြီး ကျွန်မတို့ကိုယ်တိုင် ပြောတာတောင်မရဘူး။ နှာခေါင်းပိုက်နဲ့ လည်း အစာထည့်လို့ မရဘူးဆိုရင်တော့ ဗိုက်မှာအပေါက်ဖောက်ပြီး ထည့်ရပါ တယ်။ ဗိုက်မှာအ ပေါက်ဖောက်မယ်လို့ သာ ပြောလိုက်လို့ ကတော့ လူနာတွေက မေ့လဲသွားမတတ်ပါပဲ။

နှာခေါင်းပိုက် မထည့်ချင်ကြ

ကျွန်မရဲ့လူနာတစ်ယောက် အ သက်က ၅၈ နှစ်ပဲ ရှိသေးတယ်။ အမျိုး သမီးပါ။ အူမကြီးကင်ဆာဖြစ်တယ်။ သူက အစာမဝင်ဘူး။ ခွဲပြီးသွားပြီးနောက် မှာ ဓာတ်ရောင်ခြည်ပေးမယ်၊ ကီမိုဆေး သွင်းမယ်၊ အဲဒီလိုတွေလုပ်ဖို့ အာဟာရ ပြည့်အောင် စောင့်တယ်။ လူနာက အစာ မဝင်ဘူး။ အဲဒါကြောင့် ကျွန်မက နှာ ခေါင်းပိုက်ထည့်မှရမယ်လို့ ပြောပါတယ်။ လူနာရဲ့အမျိုးသားက မထည့်ပါနဲ့၊ ကျွန် တော်ရအောင် ကျွေးပါမယ် ပြောပါတယ်။ လူနာကို ကျွန်မသွားကြည့်ပါတယ်။ တစ် နေ့ကို ကြက်ဥတစ်လုံး၊ နောက်တစ်နေ့ ကျတော့ ဆန်ပြုတ်က နှစ်ဇွန်းပဲ ဝင်ပါ တယ်။ နှာခေါင်းပိုက်ထည့်ဖို့ ကျွန်မဘယ် လိုပဲ ပြောပေမယ့် မရပါဘူး။ နောက်ဆုံး လူနာက ဆုံးပါးသွားပါတယ်။ အသက် ၅၈ နှစ်လူနာတစ်ယောက်က ဘယ်လိုမှ သေစရာအကြောင်းမရှိပါဘူး။ အစာအာ ဟာရသာဝင်မယ်၊ နောက်ပြီး ဓာတ်ရောင် ခြည်နဲ့ ကီမိုဆေးတွေ ဆက်ပေးမယ်ဆို ရင် ဒီလိုဖြစ်စရာအကြောင်းမရှိပါဘူး။ ဒါကြောင့် ကျွန်မရောက်တဲ့နေရာတွေ၊ ကြုံတဲ့နေရာတွေမှာ အမြဲပြောပါတယ်။ ဆရာဝန်၊ ဆရာမတွေ လူနာတစ်ယောက် ကို မလိုအပ်ဘဲတော့ နှာခေါင်းပိုက် မထည့်ပါဘူး၊ မလိုအပ်ဘဲ ဗိုက်မှာအ ပေါက်ဖောက်ပြီး အစာမထည့်ပါဘူး။ လို အပ်လို့သာ လုပ်တာဖြစ်ပါတယ်။ လူနာ ရှင်တွေဘက်က လက်ခံစေချင်ပါတယ်။

အာဟာရဓာတ်ချို့တဲ့ခြင်း

တချို့လူနာတွေက ဆေးရုံတက်တဲ့ အခါ စားသောက်ဖို့ အဆင်မပြေတာတွေ ရှိပါတယ်။ ဝယ်စားရတာ၊ တချို့လည်း ဘုန်းကြီးကျောင်းမှာ တည်းခိုပြီး ဆေးရုံ မှာ ဓာတ်ရောင်ခြည်လာပြရတာမျိုးတွေ ရှိပါတယ်။ စားသောက်ဖို့ အဆင်မပြေတဲ့ အခြေအနေမှာ အာဟာရဓာတ်ချို့တဲ့ တတ်ပါတယ်။ ကိုယ်အလေးချိန် လျော့ နည်းသွားပြီး ပင်ပန်းတာ၊ အားလျော့ နည်းတာတွေ ဖြစ်လာပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ ဆုံးပါးသွားကြပါတယ်။

ကင်ဆာလူနာများတွင် အာဟာရဓာတ် ပိုမိုလိုအပ်ခြင်း

ကင်ဆာလူနာတွေက လူကောင်း တွေထက် ကယ်လိုရီ (အင်အားဓာတ်) ပိုလိုအပ်ပါတယ်။ ကျွန်မတို့တွေမှာ ကယ် လိုရီ ၁၅၀၀ လိုအပ်ပြီး အမျိုးသားတွေမှာ ကယ်လိုရီ ၂၀၀၀ ကနေ ၂၅၀၀ လောက် လိုအပ်ပါတယ်။ ကင်ဆာဝေဒနာရှင်တွေ မှာ ကယ်လိုရီ ၁၇၀၀ကနေ ၂၀၀၀ ကျော် အထိလိုပါတယ်။ သာမန်လူတွေ တစ်နေ့ ကို အသား တစ်ဆယ်သား စားမယ်ဆိုရင် ကင်ဆာဖြစ်ရင် အသားနှစ်ဆယ်သား စားရပါမယ်။ အဲဒီလိုပြောတော့ လူနာတွေ က ထိုင်ငိုကြတာပေါ့။ အသား နှစ်ဆယ် သားဆိုတာ ကျွန်မတို့တစ်အိမ်လုံး စား လို့ရတယ်။ မစားနိုင်ပါဘူးလို့ ပြောကြပါ တယ်။ တကယ်တော့ ကင်ဆာဝေဒနာရှင် တွေမှာ အသားဓာတ်က အဲဒီလောက်အ ထိ လိုပါတယ်။ လူနာတွေက အသားစား ရင် ကင်ဆာဆဲလ်တွေ ပိုပွားတယ်၊ အနာ မကျက်ဘူးဆိုရင် အသားဓာတ်ကို ဖြတ် လိုက်ကြပါတယ်။ အဲဒီတော့ လူနာက အ သက်ကြီးလို့ ကြွက်သားတွေ လျော့နည်း လာရတဲ့အထဲမှာ အသားစားတာကို ဖြတ် လိုက်တော့ ကြွက်သားတွေက ပိုပြီးသိမ် လှီသွားပါတယ်။ ဒါကြောင့် ကင်ဆာလူနာ တွေအနေနဲ့ အသားစားလို့ရပါတယ်။ ရဲရဲ သာစားပါ။ အနီရောင်အသားကို တစ် ပတ်တစ်ရက်စားပါ။ ကျန်တဲ့အချိန်တွေ မှာ ကြက်ဥ၊ ကြက်သား၊ ငါး၊ ပုစွန်တွေ စားလို့ရပါတယ်။ တချို့ပုစွန်စားလို့ ယား တတ်သူတွေဆိုရင်တော့ အလာဂျီရှိလို့ မစားပါနဲ့။ ကျန်တဲ့သူတွေအားလုံး အသားဓာတ် အများကြီးလိုအပ်လို့ အကုန်စားလို့ ရပါတယ်။
ကင်ဆာရောဂါ ကုသပြီဆိုရင် ကိုယ်အလေးချိန်ကျလာမယ်၊ အန်တယ်၊ မူးတယ်၊ ရောင်တယ်၊ အရသာတွေ ပြောင်းတယ်၊ ဝမ်းချုပ်တယ်၊ ဒါတွေက ရောဂါကုတဲ့အခါ ဖြစ်လာတဲ့ ဘေးထွက် ဆိုးကျိုးတွေပါ။ ဆေးသွင်းတာ၊ ဓာတ် ရောင်ခြည်ပေးတာ၊ ခွဲစိတ်တာ စတာ တွေမှာလည်း ဖြစ်တတ်ပါတယ်။ အခု နောက်ပိုင်း ကီမိုဆေးသွင်း ကုသတာ တွေမှာ ဘေးထွက်ဆိုးကျိုးနည်းပါတယ်။ လူနာက ဒီလိုတွေ ခံစားရမှာဖြစ်တာ ကြောင့် အစာအာဟာရက အရမ်းကို အရေးကြီးပါတယ်။

ကင်ဆာလူနာများအတွက် အာဟာရ

ကင်ဆာလူနာအတွက် အာဟာရက ဘယ်လိုမျိုးလဲဆိုရင် ခါတိုင်းပုံမှန်စားသ လို ပါးစပ်ကနေစားမယ်၊ ထမင်းစားမယ်၊ အသားစားမယ်၊ မလုံလောက်ရင် ဖြည့် စွက်အာဟာရမှုန့်တွေ ထည့်ပေးတယ်၊ အဲဒါမှမရရင် နှာခေါင်းပိုက်ကနေ ထည့် မလား၊ ဗိုက်ကနေထည့်မလား တစ်ခုခု ပေါ့။ နောက်တစ်ခုကတော့ လက်ကနေ သွင်းတဲ့နည်း (ဏမေနညအနမal ညကအမငအငသည) တွေသုံးပါတယ်။ ကင်ဆာဖြစ်လာပြီ ဆိုရင် ကိုယ့်လူနာက ပါးစပ်ကနေ စား နိုင်လား၊ ပါးစပ်က မစားနိုင်ရင် နှာခေါင်း ပိုက်ထည့်မယ် အဲဒါကအလွယ်ဆုံးပါပဲ။ ဒီနှာခေါင်းပိုက်ထည့်လို့ရတာရှိတယ်၊ ထည့်လို့မရတာရှိတယ်။ တချို့လူနာ တွေမှာ လျှာရဲ့အနောက်ပိုင်းမှာရှိတဲ့ ကင်ဆာ၊ အစာအိမ်ကင်ဆာလိုမျိုးမှာ ပိုက်ထည့်လိုက်ရင် အစာအိမ်ကို ဖြတ်ရ မှာဖြစ်လို့ အောက်ဘက်ကနေ ပြန်ထည့် ရတာမျိုးရှိပါတယ်။ အခုနောက်ပိုင်းမှာ ခေတ်စားလာတာကတော့ ဏမေနညအနမal ညကအမငအငသည ပါ။ တစ်နည်းနည်းနဲ့တော့ လူနာကို အာဟာရ ရအောင် လုပ်ပေးရ ပါတယ်။
ပါးစပ်နဲ့စားတဲ့ အာဟာရဓာတ်မှာ တော့ အစာအုပ်စု ခြောက်ခုက ပါကို ပါရ ပါမယ်။ လူနာဖြစ်လာရင် ကျွန်မတို့လူမျိုး တွေက ဆန်ပြုတ်ကျွေးလိုက်ကြပါတယ်။ ထမင်းက ကာဗိုဟိုက်ဒရိတ်ပါ။ ဆန်ပြုတ် ကျွေးတဲ့အခါ အဖြူထည် ဘာမှမပါဘူး။ လူကောင်းတောင် မစားချင်တာ နေမ ကောင်းလို့ ပါးစပ်ပျက်နေတဲ့သူက ဘယ် စားချင်ပါ့မလဲ။ ကိုယ့်လူနာကို ဆန်ပြုတ် ကျွေးမယ်ဆိုရင် ကြက်သား၊ ငါးထည့်လို့ ရပါတယ်။ ဖရုံသီး၊ မုန်လာဥနီတွေ ထည့် လိုက်မယ်ဆိုရင် ဆန်ပြုတ်တော့ ဆန် ပြုတ်ပဲ ဒါပေမဲ့ အာဟာရပြည့်ဝတဲ့ ဆန် ပြုတ်၊ စားလို့ကောင်းတဲ့ဆန်ပြုတ် ဖြစ် သွားပါတယ်။
အစာအုပ်စုခြောက်ခုမှာ ကာဗိုဟိုက် ဒရိတ်၊ အသား၊ အဆီ၊ ဗီတာမင်၊ သတ္တု ဓာတ်နဲ့ ရေဓာတ်ပါရပါမယ်။ လူနာက ထမင်းစားတယ်ဆိုပြီး ထမင်းနဲ့ ကြက်ဥ ပြုတ်၊ ထမင်းနဲ့ ကြက်သားကြော်ပဲ ကျွေး မယ်ဆိုရင်လည်း လူနာက အာဟာရ ဓာတ် ပြည့်ဝမှာမဟုတ်ပါဘူး။ နောက် တစ်ခုက လူနာက အရွက်ကြိုက်တယ် ဆိုပြီး ထမင်းနဲ့ ကန်စွန်းရွက်ကြော်ပဲ စား မယ်ဆိုရင်လည်း အာဟာရဓာတ် မပြည့် ၀ပါဘူး။ ဒီ လိုအုပ်စု ခြောက်ခုစလုံးပါဝင် မှသာ အာဟာရဓာတ်ညီညွတ်မျှတမှာ ဖြစ်ပါတယ်။ ထမင်းပဲစားစား၊ ခေါက်ဆွဲပဲ စားစား၊ အရွက်ထည့်မယ်၊ အသားထည့် မယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်ပါ မယ်။ အဆီဓာတ်ကလည်း လိုပါတယ်။ ဆန်ပြုတ်ကျွေးမယ်ဆိုရင် ဆန်ပြုတ်ထဲ ကို ဆီချက်ထည့်ကျွေးပါမယ်။ ထမင်းစား မယ်ဆိုရင်လည်း ထမင်းနဲ့ပဲပြုတ်ထဲကို ဆီဆမ်းပြီး ကျွေးမယ်ဆိုရင် အာဟာရ ပြည့်ဝပါမယ်။

ဒေါက်တာဝင်းဝင်းမြင့်
အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး

 

Post Author: Good Health Journal