ကဖင်းဓာတ် Sensitivity မြင့်တက်နေရင်

ကဖင်းနဲ့ဓာတ်တည့်၊ မတည့် ဆိုတာ ဟာ ခန္ဓာကိုယ်က ကဖင်းဓာတ်ကို ဘယ် လိုတုံ့ပြန်လဲဆိုတာပေါ် မူတည်ပါတယ်။ ကဖင်းဓာတ်ကို ခန္ဓာကိုယ်က ကောင်း ကောင်းမချေဖျက်နိုင်တဲ့သူမှာဆိုရင် ကဖင်းဓာတ်နည်းနည်းလေးပါတဲ့ အစား အသောက် စားမိတာနဲ့ ခေါင်းကိုက်တာ၊ စိတ်လှုပ်ရှားတာ၊ ကတုန်ကယင်ဖြစ်တာ၊ ရင်တုန်တာ၊ အိပ်မပျော်တာတွေ ခံစား လာရနိုင်ပါတယ်။ ဒါကြောင့် ကဖင်းနဲ့ ဓာတ်မတည့်သူတွေမှာဆိုရင် ကဖင်းပါတဲ့ အစားအသောက်တွေကို ဂရုစိုက်စားဖို့ လိုပါတယ်။

ဘာကြောင့်ကဖင်းနဲ့မတည့်တာ ဖြစ်တာလဲ
ကော်ဖီသောက်လိုက်ပြီဆိုတာနဲ့ က ဖင်းဓာတ်ကို အူကစုပ်ယူပြီး သွေးကြော ထဲကို ပျံ့နှံ့သွားစေပါတယ်။ ကဖင်းဓာတ် ကို အသည်းကပြန်ချေဖျက်ပြီး ကျောက် ကပ်ကနေတစ်ဆင့် ဆီးထဲပြန်စွန့်ထုတ် လိုက်ပါတယ်။ ကဖင်းနဲ့ ဓာတ်မတည့်သူ တစ်နည်းအားဖြင့် Caffeine Sensi-tivity မြင့်သူတွေမှာ ကဖင်းဓာတ်ကို ချေ ဖျက်ပေးတဲ့ အသည်းအင်ဇိုင်းCYP1A2 ရဲ့ လုပ်ဆောင်နိုင်မှုအားနည်းလို့ ဖြစ်ပါ တယ်။ ဒီ CYP1A2 အင်ဇိုင်းပေါ် သက် ရောက်နိုင်တဲ့အချက်တွေကတော့ –
အသက်အရွယ် – အသက်ကြီးသူတွေ မှာ ငယ်သူတွေမှာထက် CYP1A2 အင် ဇိုင်းရဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာ ပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့သူ တွေမှာ ကော်ဖီသောက်တာ လျှော့သင့်ပါ တယ်။
လိင်အမျိုးအစား – CYP1A2 အင်ဇိုင်း ရဲ့ လုပ်ဆောင်မှုဟာ အမျိုးသမီးတွေမှာ အမျိုးသားတွေထက် လျော့နည်းပါတယ်။
ဒါကြောင့် အမျိုးသားတွေဟာ ကော်ဖီ ပြင်းပြင်းတွေကို အမျိုးသမီးတွေထက် ပို သောက်နိုင်ကြတာပါ။
ကိုယ်ဝန်ဆောင်မိခင် (ဒါမှမဟုတ်) ကိုယ် ဝန်တားဆေးသောက်နေသူ – ဒီလူတွေ မှာ အီစထရိုဂျင်ဟော်မုန်းက ပုံမှန် အမျိုး သမီးတွေထက် မြင့်တက်နေပါတယ်။ ဒီ ဟော်မုန်းက ကဖင်းဓာတ်ကို ချေဖျက်ပေး တဲ့ CYP1A2 အင်ဇိုင်းရဲ့ လုပ်ဆောင်မှု ကို ကျဆင်းစေပါတယ်။ Caffeine Sensitivity မြင့်တက်လာစေတတ်တာမို့ ကိုယ်ဝန်ဆောင်မိခင်တွေကို ကော်ဖီ လျှော့သောက်ဖို့ မှာတာ ဖြစ်ပါတယ်။
မျိုးရိုးဗီဇ – မျိုးရိုးဗီဇကလည်း CYP1A2 အင်ဇိုင်းရဲ့ လုပ်ဆောင်မှုအပေါ် သက်ရောက်မှုရှိတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

ဘယ်အစားအသောက်တွေမှာ ကဖင်းဓာတ် ပါဝင်လဲ
ကော်ဖီမှာ ကဖင်းဓာတ်ပါဝင်တာကို လူတိုင်းသိကြပါတယ်။ နောက်ထပ် က ဖင်းပါဝင်တဲ့စားစရာတွေထဲမှာ ချောက လက်၊ ချောကလက်ပူတင်း၊ ချောက လက်ဒိန်ချဉ်၊ ကိုကိုးမှုန့်(Cocoa)၊ ကို ကာကိုလာ၊ ကျွဲရိုင်းအချိုရည် စတာတွေ မှာ ကဖင်းဓာတ်ပါဝင်ပါတယ်။

ကဖင်းဓာတ် ဘယ်လောက်ပမာဏ စားလို့ရလဲ
ကျန်းမာရေးကောင်းတဲ့ သက် လတ်ပိုင်းအရွယ်တွေမှာ တစ်နေ့ကို က ဖင်းဓာတ် ၄၀၀ မီလီဂရမ်ထိ သောက်သုံး တာက အန္တရာယ်ကင်းတယ်လို့ သတ် မှတ်ပြီး ကိုယ်ဝန်ဆောင်တွေမှာ မ သောက်ဘဲ မနေနိုင်သူဆိုရင် တစ်နေ့ကို ကဖင်းဓာတ် ၂၀၀ မီလီဂရမ်ထက်မပိုဖို့ သတ်မှတ်ထားပါတယ်။ ကလေးတွေမှာ သတ်မှတ်ထားတာကတော့ ကလေး အသက် လေးနှစ်ကနေ ခြောက်နှစ် အတွင်း တစ်နေ့ကို ကဖင်းဓာတ် ၄၅ မီလီဂရမ်ထိ ခွင့်ပြုထားပြီး ခုနစ်နှစ်ကနေ ကိုးနှစ်အတွင်းမှာ တစ်နေ့ကို ကဖင်း ဓာတ် ၆၂.၅ မီလီဂရမ်ထိ ခွင့်ပြုထားပါ တယ်။ အသက် ဆယ်နှစ်ကနေ ဆယ့်နှစ် နှစ်အတွင်းမှာ တစ်နေ့ကို ကဖင်းဓာတ် ၈၅ မီလီဂရမ်ထိခွင့်ပြုထားပါတယ်။ ကိုယ် အလေးချိန်နဲ့ ကဖင်းသုံးစွဲနိုင်မှု ပမာဏ ကို တွက်မယ်ဆိုရင် တစ်ကီလိုဂရမ် ကိုယ် အလေးချိန်အတွက် ၂.၅ မီလီဂရမ် က ဖင်းဓာတ်သုံးစွဲနိုင်ပါတယ်။

ထူးဒါလီကိုကို (MPharm) 

Post Author: Good Health Journal