ပူနွေးတဲ့ရာသီဥတုမှာ ပင်လယ်ကြီးကိုကြည့်ပြီး ကမ်းခြေ သဲသောင်ပေါ် ပစ်လှဲ အနားယူရတာက တော်တော်အပန်း ပြေစေမှာပါ။ ဒါပေမဲ့ ပင်လယ်ရေနဲ့ နေဒဏ် နှစ်ခုရောပြီး ထိတွေ့ရမှာဖြစ်လို့ ဆံကေသာကို ပုံမှန်ထက် ပိုပြီး ထိခိုက် ပျက်စီးစေကာ ဆံသားခြောက်တာ၊ ငြိတာ၊ စေးကပ်တာတွေ ဖြစ်လာစေပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ ကမ်းခြေမှာ အပန်းဖြေရင်း ဆံကေသာမပျက်စီးစေဖို့ Tips တွေကို ရေးပေး လိုက်ပါတယ်။
Tips 1
ဆံကေသာမှာရှိတဲ့ အစိုဓာတ်တွေကို နေရောင်ခြည်က စုပ်ယူလိုက်နိုင်ပါတယ်။ ဒီအခါ ဆံသားအရမ်းခြောက်သွေ့ပြီး ကျိုးပြတ်လွယ်တာတွေ ဖြစ်လာမှာပါ။ ဒီအတွက် ပထမဆုံး အရေးကြီးတဲ့ အချက်က ရေများများသောက်ပါ။ ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။
Tips 2
Leave-in conditioner များများ လိမ်းထားပါ။ ဒါဆို ဆံကေသာ ခြောက်သွားမှာ မစိုးရိမ်ရတော့ပါဘူး။ နောက်ပြီး ဆံကေသာက ဆားငန်ရေကို သိပ်ပြီး မစုပ်ယူတော့တဲ့အတွက် ပျက်စီးမှု နည်းသွားပါတယ်။
Tips 3
ပင်လယ်ရေထဲမဆင်းခင် ဆံသားကို ရိုးရိုးရေ ရေချိုနဲ့ အရင် စိုစွတ်သွားအောင်လုပ်လိုက်ပါ။ ဒါက ကသိကအောက် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ပင်လယ်ရေငန်နဲ့ ထိတွေ့တဲ့အခါ ဆံသားပျက်စီးမှုကို လျော့နည်းစေပါတယ်။
Tips 4
ဦးထုပ်ဆောင်းပါ။ ကမ်းခြေမှာ ဦးထုပ်ကြီးကြီးကားကား တွေ ဆောင်းတာဟာ ဖက်ရှင်တစ်ခုတည်းအတွက် မဟုတ် ပါဘူး။ ဆံကေသာကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေး ပြီး ဦးရေပြား နေမလောင်အောင်လည်း အကာအကွယ် ပေး နိုင်ပါတယ်။
Tips 5
အပူပေးကိရိယာတွေသုံးတာ ရှောင်ပါ။ ကမ်းခြေမှာ နေဒဏ်ရော၊ ဆားငန်ရေဒဏ်ရောကို ဆံကေသာက ခံရမှာ ဖြစ်ပါတယ်။ သူ့ကိုထပ်ပြီး ပျက်စီးစေမယ့် အပူပေးကိရိယာ တွေနဲ့ ဆံကေသာပုံသွင်းတာကို ရှောင်စေချင်ပါတယ်။
Darliko