ကမ္ဘာ့အသေးဆုံး မွေးကင်းစကလေး ကျန်းမာစွာဆေးရုံဆင်း

ဂျပန်မှာမွေးတဲ့ ကမ္ဘာ့အသေးဆုံး မွေးကင်းစကလေးဟာ ဆေးရုံ မှာ ခုနစ်လတိုင်တိုင် အထူးကြပ်မတ်ဆောင်မှာနေရအပြီးမှာတော့ ကျန်း ကျန်းမာမာနဲ့ ဆေးရုံဆင်းနိုင်သွားပါပြီ။ မိခင်က ကလေးကို ကိုယ်ဝန် ၂၄ ပတ်နဲ့ခွဲမွေးခဲ့တာဖြစ်ပြီး မွေးကင်းစမှာ ကလေးဟာ ကိုယ်အလေး ချိန် ၀ ဒသမ ၅၉ ပေါင်ပဲ ရှိပါတယ်။ တစ်ပေါင်တောင်မပြည့်တဲ့ အဲဒီ အလေးချိန်ဟာ ကြက်သွန်နီတစ်ဥရဲ့အလေးချိန်နဲ့ တူနေပါတယ်။ ကိုယ် ဝန် ၂၄ ပတ်မှာ မိခင်လောင်းကို ဓာတ်မှန်ရိုက်ကြည့်တော့ ကလေးက အဲဒီထက် ထပ်မထွားလာတော့တာကို ဆရာဝန်တွေတွေ့ လိုက်ပါတယ်။ ဒါကြောင့် ကလေးအသက်အန္တရာယ်ကိုစိုးရိမ်ပြီး ဆရာဝန်တွေက ခွဲ မွေးပေးလိုက်တော့တာပါ။ အထူးကြပ်မတ်ဆောင်မှာ ခုနစ်လတာနေခဲ့ ရအပြီးမှာတော့ ကလေးရဲ့ကိုယ်အလေးချိန်ဟာ ၇ ဒသမ ၁၄ ပေါင် အထိ ဖြစ်လာပါတော့တယ်။ ဒါကြောင့် ကလေးကို ဆရာဝန်တွေက ဆေးရုံဆင်းခွင့်ပေးလိုက်တာပါ။ ဒီကလေးကိုကြည့်ပြီး မွေးကင်းစက လေး သေးသေးလေးတွေ ရထားတဲ့ မိဘတွေ အားတက်လာနိုင်မယ် လို့ ကလေးအထူးကုတွေက မျှော်လင့်နေပါတယ်။

(DM, 28.2.19) ချယ်ရီ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *