ကိုယ်ခံစွမ်းအားမြှင့်တင်ပြီးအအေးမိတုပ်ကွေးမဖြစ်အောင် ကာကွယ်ပါ

အအေးမိတုပ်ကွေးရောဂါက မိုးရာ သီမှာ အဖြစ်များပါတယ်။ တုပ်ကွေးဖြစ် စေတဲ့ ဗိုင်းရပ်စ်ပိုးက နွေနေပူမှာ မရှင် သန်နိုင်ဘဲ မိုးရာသီရဲ့ စိုစွတ်မှုတွေမှာ ပေါက်ဖွားရှင်သန်ပါတယ်။ သင်ဟာ ကိုယ်ခံစွမ်းအားကောင်းသူတစ်ယောက် ဆိုရင် တော်ရုံနဲ့ ရောဂါပိုးကူးစက်တာကို မခံရနိုင်တာကြောင့် အအေးမိတုပ်ကွေး ဖြစ်ဖို့အခွင့်အလမ်းနည်းပါတယ်။ သင်ရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ဖို့ အောက်ပါ အချက်သုံးချက်ကိုလုပ်ဆောင်ကြည့်ပါ။

အကျိုးပြုဘက်တီးရီးယား
ဘာအတွက်လဲ – ကိုယ်ခံစွမ်းအားမြှင့် တင်ရန်
ဘက်တီးရီးယားဆိုလို့ မစိုးရိမ်ပါနဲ့။ ဒိန်ချဉ်မှာပါတဲ့ ဘက်တီးရီးယားတွေက ခန္ဓာကိုယ်ကို ရောဂါဖြစ်စေတဲ့ပိုးမွှားတွေ ဝင်ရောက်တာကနေ အကောင်းဆုံး ကာ ကွယ်မှု ပေးနိုင်ပါတယ်။ အကျိုးပြု ဘက် တီးရီးယားတွေက ခန္ဓာကိုယ်မှာ ခုခံကာ ကွယ်မှုပေးတဲ့ ဆဲလ်တွေကို ၇၀ ရာခိုင် နှုန်းအထိ တိုးတက်များပြားစေပြီး အဲဒီ ဆဲလ်တွေကနေ ခုခံဓာတ်တွေထုတ်လုပ် ပေးပါတယ်။ ခန္ဓာကိုယ်မှာ ခုခံဓာတ်တွေ ရှိနေတာဟာ သင့်ခန္ဓာကိုယ်တွင်းကိုတုပ် ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေ မဝင် ရောက်နိုင်အောင် တွန်းလှန်နိုင်ပါတယ်။

ဘယ်လိုလုပ်သင့်သလဲ
ခန္ဓာကိုယ်ခုခံအားကို မြှင့်တင်ပေး နိုင်တဲ့ဆေးတွေရှိပါတယ်။ သင့်ခန္ဓာကိုယ် အတွက် အသင့်တော်ဆုံးက သဘာဝက ရတာတွေပါ။ ဒိန်ချဉ်သောက်ပေးပါ။ အ ကျိုးပြုဘက်တီးရီးယားတွေကို သဘာဝ အတိုင်း ရရှိစေပါတယ်။

ဗီတာမင် စီ
ဘာအတွက်လဲ – အအေးမိဖျားနာခြင်းမှ အမြန် ဆုံးပျောက်ကင်းရန်
ဗီတာမင် စီက အအေးမိဖျားနာတာ ကို အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ် လို့ နိုဘယ်လ်ဆုရ သိပ္ပံပညာရှင် Linus Pauling ကပြောပါတယ်။ အော်ရီဂွန် တက္ကသိုလ်မှ သိပ္ပံပညာရှင် Jane Hig­don ကတော့ သုတေသနအများစုမှာ ဗီတာမင် စီက အအေးမိဖျားနာတာကို ကာကွယ် ပေးတယ်ဆိုတာ မတွေ့ရပါဘူးတဲ့။ ဒါပေ မဲ့ သုတေသန တချို့မှာ တွေ့ရတာက အအေးမိဖျားနာဖြစ်ချင်တဲ့ လက္ခဏာတွေ ပြလာချိန်မှာဗီတာမင်စီကိုသုံးစွဲမယ်ဆိုရင် ဖျားနာတဲ့ရက်တိုစေတယ်လို့ ပြောပါတယ်။

ဘယ်လိုလုပ်သင့်သလဲ
ဗီတာမင်နဲ့ သတ္တုဓာတ်မျိုးစုံရနိုင်ဖို့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို နေ့ စဉ် စားပေးပါ။ ဗီတာမင်စီဓာတ်ပါ လုံလုံ လောက်လောက်ရရှိနိုင်ပါတယ်။ အအေး မိဖျားနာဖြစ်ချင်တဲ့ အစောဆုံးလက္ခဏာ တွေပြလာပြီဆိုရင်တော့ ဗီတာမင်စီဆေး ပြားဖြည့်စွက်သောက်သုံးဖို့ လိုပါတယ်။

ဇင့်
ဘာအတွက်လဲ – အအေးမိဖျားနာခြင်း ရောဂါ လက္ခဏာများပျောက်ကင်းရန်နှင့် အအေးမိဖျား နာဖြစ်စေသော ဗိုင်း ရပ်စ်ပိုးကို ကာကွယ်တားဆီး နိုင်ရန်
သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ ဇင့်ဓာတ် က နှာရည်ယို၊ နှာပိတ်တာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အအေးမိဖျား နာဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးက နှာခေါင်းထဲ ဝင်ရောက်ပြီး မော်လီကျူးနဲ့ ပေါင်းနေ တတ်ပါတယ်။ ဇင့်က ဗိုင်းရပ်စ်ပေါင်းမယ့် မော်လီကျူးနဲ့ပေါင်းလိုက်ပြီး ဗိုင်းရပ်စ်ပိုး တွယ်ကပ်တာကို တားဆီးပေးပါတယ်လို့ လော့စ်အိန်ဂျလိမှ နား၊ နှာခေါင်း၊ လည် ချောင်းရောဂါအထူးကု Murray Gro­ssan က ရှင်းပြပါတယ်။

ဘယ်လိုလုပ်သင့်သလဲ
ဇင့်ဓာတ်များများရနိုင်အောင် အ စားအစာတွေစားပါ။ ဇင့်ဓာတ်ပါတဲ့ နှာ ခေါင်းတွင်းရှူဆေးက ထိရောက်မှုရှိ သော်လည်း ဘေးထွက်ဆိုးကျိုးတွေ ရှိ နေပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး ညွှန် ကြားချက်ရယူပါ။

ကြက်စွပ်ပြုတ်
ဘာအတွက်လဲ – ဖျားနာခြင်းကင်းဝေး စေရန်
ကြက်စွပ်ပြုတ်နဲ့ တုပ်ကွေးရောဂါရဲ့ ဆက်စပ်မှုကို သုတေသီတွေက လေ့လာ ကြည့်တဲ့အခါ ကြက်သားကို ချက်ပြုတ် နေချိန်မှာ အမိုင်နိုအက်စစ်တစ်မျိုးဖြစ်တဲ့ စစ္စတင်းထွက်လာပါတယ်။ အဲဒီစစ္စတင်း က လေပြွန်လေးတွေ ရောင်ရမ်းမှုကျစေ တဲ့ဆေး အစီတိုင်းစစ္စတင်းနဲ့ အာနိသင်တူ တာကို တွေ့ရှိခဲ့ပါတယ်။ အသက်ရှူလမ်း ကြောင်းကတစ်ဆင့် ဝင်ရောက်နိုင်တဲ့ ပိုး မွှားတွေကို ကာကွယ်နိုင်ပါတယ်။ ကြက် စွပ်ပြုတ်ထဲထည့်တဲ့ကြက်သွန်ဖြူ၊ ကြက် သွန်နီတွေက သင့်ကို ခုခံအားမြင့်တက် စေပါတယ်။ သင်ဟာ တုပ်ကွေးအအေးမိ ဖြစ်တော့မယ့် လက္ခဏာတွေ ခံစားရပါက ကြက်စွပ်ပြုတ်တစ်ပန်းကန်သောက်ပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *