ကိုယ်တွင်းဟော်မုန်းဓာတ်တွေ ညီမျှအောင် ဘာတွေလုပ်နိုင်လဲ

သိုင်းရွိုက်ဂလင်း၊ အက်ဒရီနယ်ဂ လင်း၊ ပစ်ကျူထရီဂလင်း၊ သားဥအိမ်၊ ဝှေးစေ့၊ ပန်ကရိယစတဲ့ ကိုယ်တွင်းအင်္ဂါ တွေက ဟော်မုန်းတွေကို ထုတ်ပေးပါ တယ်။ သိုင်းရွိုက်ဟော်မုန်း၊ အီစထရိုဂျင်၊ တက်စထရိုစတီရုန်း၊ အင်ဆူလင် စတဲ့ ဟော်မုန်းတွေက သွေးစီးဆင်းမှုနဲ့အတူ ခန္ဓာကိုယ်အနှံ့ လှည့်လည်ပြီး ကျန်းမာ ရေးအပေါ်များစွာ သက်ရောက်မှုရှိပါ တယ်။ ခန္ဓာကိုယ်မှာ ဟော်မုန်းညီမျှမှု မရှိပါက မျိုးမပွားနိုင်တာ၊ ကိုယ်အလေး ချိန်များတာ၊ စိတ်ဓာတ်ကျတာ၊ မောပန်း နွမ်းနယ်နေတာ၊ အိပ်မပျော်တာ၊ လိင် စိတ်ဆန္ဒမရှိတာ၊ ဆံပင်ကျွတ်တာ စတဲ့ ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။ ဟော်မုန်း အစားထိုးကုသနိုင်တယ်ဆိုပေမယ့် ဒီနည်းလမ်းက ဘေးထွက်ဆိုးကျိုးတွေ လည်းရှိတာကြောင့် အရေးကြီးတဲ့ ကျန်း မာရေးအခြေအနေ မဟုတ်ဘူးဆိုရင် တော့ သဘာဝနည်းလမ်းတွေနဲ့ ဟော် မုန်းညီမျှအောင် လုပ်ဆောင်နိုင်ပါတယ်။

အဆိပ်အတောက်ဖြစ်နိုင်တာတွေကို ဖယ်ရှား ပါ
ခန္ဓာကိုယ်ကို အဆိပ်အတောက် တွေ ထိတွေ့မှုမှ လျော့နည်းအောင် DEA ၊ ပါရာဘင်၊ ပရိုဖိုင်လင်း ဂလိုင် ကောနဲ့ ဆိုဒီယမ် လော်ရိုင်း ဆာလဖိတ် တွေပါဝင်တဲ့ အလှကုန်ပစ္စည်းတွေ အသုံးပြုမှုကို ရှောင်ကြဉ်ဖို့ လိုပါတယ်။ ပလတ်စတစ်ဘူးတွေ၊ ပန်းကန်တွေ၊ ခွက်တွေ အသုံးပြုမှုအစား ဖန်ခွက်နဲ့ စတီးပစ္စည်းတွေကို အစားထိုးသုံးစွဲပါ။ ဟင်းလျာတွေ ချက်ပြုတ်ကြော်လှော်ရာ မှာ ဟင်းအိုးမကပ်စေဖို့နဲ့ ဆီကုန်သက် သာစေဖို့ အိမ်ရှင်မတွေ အသုံးပြုတတ်ကြ တဲ့ လက်ကိုင်ကိုင်းပါတဲ့ ဒယ်အိုးတွေက ခန္ဓာကိုယ်ရဲ့ ဟော်မုန်းစနစ်ကို ပြောင်းလဲ မှုတွေ ဖြစ်စေလို့ အသုံးမပြုသင့်ပါဘူး။

လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်တာကို ရှောင်ကြဉ်ပါ
သင့်တင့်တဲ့ လေ့ကျင့်ခန်းပြုလုပ် တာက ကျန်းမာရေးအတွက် ကောင်းမွန် စေသလို ခန္ဓာကိုယ်တွင်း ဟော်မုန်းပမာ ဏကိုလည်း ညီညွတ်မျှတစေပါတယ်။ လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်တာကြောင့် အန်ဒေါ်ဖင်၊ တက်စထရိုစတီရုန်း၊ ကြီး ထွားဟော်မုန်း၊ အင်ဆူလင် စတဲ့ ဟော် မုန်းတွေ ညီညွတ်မျှတပြီး စိတ်ဖိစီးတွေ လျော့နည်းစေတာ၊ ခန္ဓာကိုယ်ခုခံစွမ်း အား ပိုမို ကောင်းမွန်စေတာ၊ ဇီဝရုပ်ဖြစ် ပျက်မှု မှန်ကန်စေတာ၊ ကိုယ်အလေးချိန် ထိန်းသိမ်းပေးတာ စတဲ့ ကောင်းကျိုးတွေ ကို ရရှိစေပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်း ကို ပြင်းပြင်းထန် ထန်လုပ်တာကြောင့် ဟော်မုန်း ထုတ်လုပ်မှုတွေကို ပြောင်းလဲ စေပါတယ်။

အိပ်ရေး၀၀ အိပ်စက်ပါ
တစ်ညကို ပုံမှန်အိပ်ချိန် ၇-၈ နာရီ ရှိ သင့်ပါတယ်။ အိပ်ချိန်နည်းတာ၊ နေ့ည အိပ်ချိန်တွေ မှားယွင်းနေတာ စတာတွေ က ခန္ဓာကိုယ်မှာ ဟော်မုန်းညီညွတ်မျှတ မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟော်မုန်းတွေက အချိန်အပိုင်းအခြားနဲ့ အလုပ်လုပ်တာ ကြောင့်ပါ။ စိတ်ဖိစီးမှု ဖြစ်တဲ့အခါ ထွက် ရှိတဲ့ ဟော်မုန်းကော်တီဇောက ညဥ့်သန်း ခေါင်အချိန်မှာ ပုံမှန်ထွက်ရှိမှု ဖြစ်အောင် ပြန်လည်ထိန်းညှိပါတယ်။ အိပ်ချိန် နောက်ကျပြီး ညဥ့်နက်သန်းခေါင်မှ အိပ် စက်သူတွေအနေနဲ့ စိတ်ဖိစီးမှုဟော်မုန်း ထွက်ရှိမှုကို ပုံမှန်ပြန်လည် ပြုလုပ်ချိန်မရှိ တာကြောင့် စိတ်ဖိစီးမှုနဲ့ ဆက်စပ်တဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားရ နိုင်ပါတယ်။ အိပ်စက်တာက ဟော်မုန်း ထုတ်လုပ်မှုတွေ ပုံမှန်ပြန်ဖြစ်စေဖို့ ခန္ဓာ ကိုယ်က ပြုပြင်ချိန်ရအောင် ည ၁၀ နာရီ မှာ ပုံမှန် အိပ်စက်သင့်ပါတယ်။

ကော်ဖီသောက်သုံးမှုကို လျှော့ချပါ
ကော်ဖီကို အလွန်အကျွံသောက်သုံး တာကြောင့် အိပ်စက်မှုကို အနှောင့်အ ယှက်ဖြစ်စေပါတယ်။ အဲဒီလိုဖြစ်တာက စိတ်ဖိစီးမှုဟော်မုန်း ကော်တီဇော မြင့် မားစေပြီး သိုင်းရွိုက်ဟော်မုန်းပမာဏကို လျော့နည်းစေပါတယ်။ ဒါကြောင့် တစ် နေ့ကို ကော်ဖီ ၁-၂ ခွက်ထက် ပိုမ သောက်သင့်ပါ။ ကော်ဖီ သောက်သုံးမှုကို လျှော့ချလိုက်ပါက ခန္ဓာကိုယ်တွင်း ဟော် မုန်းပမာဏကို ပုံမှန်ဖြစ်အောင် ထိန်း ထားနိုင်ပြီး ကိုယ်အလေးချိန် ထိန်းသိမ်း နိုင်တာ၊ ကင်ဆာဖြစ်ပွားနိုင်ခြေ လျော့ နည်းစေတာ စတဲ့ ကောင်းကျိုးတွေကို ရရှိစေပါတယ်။

ဗီတာမင် D3 ဖြည့်စွက်ပါ
အမေရိကန် အာဟာရဆိုင်ရာ ဆေး ပညာဂျာနယ်မှာ ဗီတာမင် D3 ရဲ့ ကျန်း မာရေးအပေါ် ကောင်းကျိုးတွေကို ရေး သားဖော်ပြခဲ့ပါတယ်။ လူအများစုက ရုံး မှာ၊ အလုပ်မှာ၊ ကျောင်းမှာ၊ အိမ်တွင်းမှာ နေ့လည်နေ့ခင်းအချိန်တွေ ကုန်ဆုံး တတ်ကြတာကြောင့် နေရောင်ခြည်နဲ့ ထိတွေ့မှု မရှိလို့ ဗီတာမင် D3 မရရှိတာ၊ ဖြည့်စွက် သောက်သုံးမှု မရှိတာတွေ ကြောင့် စိတ်ဓာတ်ကျဆင်းတာနဲ့ တခြား ကျန်းမာရေး ပြဿနာတွေကို ခံစားနေ ရပါတယ်။ ဗီတာမင် D3 က ပန်ကရိယက အင်ဆူလင်ဟော်မုန်း ထုတ်လုပ်မှုကို ပုံမှန်ဖြစ်စေပါတယ်။ နှလုံးလုပ်ငန်းတွေ ကောင်းမွန်စေတာ၊ သွေးဖိအားကို ပုံမှန် ဖြစ်စေတာ၊ သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုး မှုကို အားပေးတာ စတဲ့ ကောင်းကျိုးတွေ ကို ရရှိစေပါတယ်။ နေရောင်ခြည်နဲ့ ထိ တွေ့မှု မရှိပါက တစ်နေ့ကို ဗီတာမင် D3 ပမာဏ ၂၀၀၀၀-၅၀၀၀၀ အိုင်ယူ ဖြည့်စွက်သင့်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal