ကိုယ်ရည်ကိုယ်သွေး ကောင်းစေဖို့ ပြုပြင်သင့်တဲ့အပြုအမူ (၇) မျိုး

လူတစ်ယောက်ရဲ့အပြုအမူအပြော အဆိုတွေဟာ သူရဲ့ကိုယ်ရည်ကိုယ်သွေး ကိုဖော်ပြနေတတ်ပါတယ်။ တချို့အပြု အမူတွေဟာ လူတစ်ယောက်ရဲ့လုပ်ရပ်ကိုပိုပြီးတော့ ဂုဏ်တင့်စေသလိုအများကနေခွဲထွက်သွားအောင်လည်း ဆွဲ ထုတ်လိုက်နိုင်ပါတယ်။ မိမိမှာရှိတဲ့ မ ကောင်းတဲ့အပြုအမူတစ်ခုကို ဖယ်ထုတ် တာဟာ သိပ်ပြီးတော့မလွယ်ကူပေမယ့်အချိန်မဆိုင်းဘဲ ပြုပြင်သင့်ပါတယ်။

၁။ ညည်းညူပြောဆိုခြင်းဖြင့်အာရုံ စိုက်ခံရအောင် ပြုလုပ်ခြင်း
လူတိုင်းဟာ အရေးကိစ္စအဝ၀နဲ့ အဆင်မပြေမှုတွေ ရှိနေတတ်ပါတယ်။ စိန်ခေါ်မှုတွေ၊ လူအများစုဟာ မိမိတို့ကြုံ တွေ့နေရတဲ့ အခက်အခဲတွေကို ရင်းနှီး တဲ့ဆွေမျိုးသားချင်း၊ သူငယ်ချင်းမိတ် ဆွေတွေကို ရင်ဖွင့်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မိမိတို့ကြုံတွေ့နေရတဲ့ အခက် အခဲတွေဟာ မိမိနဲ့ရင်းနှီးတဲ့သူတိုင်းကို ဧည့်ခံစရာမဟုတ်ပါဘူး။ မိမိရဲ့ကိုယ်ရေး ကိုယ်တာ အခက်အခဲကိုဦးတည်ပြီး စကားစမြည် ပြောတတ်တာဟာ တခြားသူတွေရဲ့အာရုံစိုက်မှုကိုခံရမှာသေချာပေမယ့် ဒါဟာ ပြဿနာတစ်ခုကိုဖြေရှင်းတဲ့ နည်းလမ်းမဟုတ်သလို မိတ်ဆွေတွေ ကြားမှာအမြဲတမ်း ကျင့်သုံးသင့်တဲ့နည်း လမ်းတော့ မဟုတ်ပါဘူး။ တခြားသူတစ် ယောက်အကောင်းမြင်ဖို့၊ အခုလက်ရှိ အခြေအနေမှန်ကို လက်ခံဖို့ဖျောင်းဖျ ပြောဆိုနေတဲ့ တိုင်အောင်အပြုသဘော ဆောင်တဲ့ အတွေးအခေါ်မျိုးတွေ မ ရောက်လာတာဟာ မိမိရဲ့ပင်ကိုစွမ်း ဆောင်ရည်ကိုပါကျစေပါတယ်။ ညည်း ညူနေတာဟာ ဘ၀ကို ရှေ့ဆက်သွားဖို့၊ အကောင်းမြင်စိတ်တွေကို လျော့ကျစေ သလို ခင်မင်ရင်းနှီးကိုပါပျက်စီးစေပါ တယ်။

၂။ စကားဝိုင်းမှာ တစ်ဦးတည်း ဦး ဆောင်စကားပြောခြင်း
သူငယ်ချင်းဟောင်းတွေ၊ ဝေးကွာ နေတဲ့ ဆွေမျိုးသားချင်းတွေနဲ့ ပြန်ဆုံ တွေ့ကြတဲ့အချိန်မှာ ပြောစရာစကားတွေ ဟာ လူတိုင်းလိုလိုမှာ ရှိနေကြပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကိစ္စတစ်ခုခုကို တိုင်ပင်ဆွေးနွေးကြတဲ့ အခါတိုင်းမှာ လည်း တစ်ယောက်စကားကို တခြားသူ တွေက အလေးအနက်ထားပြီး နား ထောင်ပေးဖို့လိုပါတယ်။ ဒီလိုတွေ့ဆုံ မှုတွေဟာ မိမိကိုယ်မိမိဗဟိုပြုပြီး ပြောဆို တတ်တဲ့သူတစ်ယောက်မဖြစ်ဖို့ သတိ ထားရပါတယ်။ မိမိကို တခြားသူတွေကဘယ်လိုထင်မြင်နေကြောင်း၊ မိမိရဲ့ စွမ်း ဆောင်ရည်ကြောင့် ဘာတွေအောင် မြင် ခဲ့ပြီဖြစ်ကြောင်း၊ မိမိရဲ့ဝတ်စားဆင်ယင် မှုနဲ့ပတ်သက်ပြီး တခြားသူတွေရဲ့ သုံး သပ်မှုတွေက ဘယ်လိုဖြစ်နေတယ်ဆိုတဲ့ အကြောင်းတွေဟာ အားလုံးရှေ့မှာ ထုတ်ဖော်ပြောပြရမယ့် အကြောင်းအရာ တွေ မဟုတ်ပါဘူး။ မိမိမှာ အရေးတကြီး ထုတ်ပြောရမယ့်ကိစ္စတွေရှိနေသည့်တိုင် တခြားသူတွေရဲ့ ပြောဆိုမှု၊ ဆွေးနွေးနေ မှုနဲ့ ကိုက်ညီမယ့်အကြောင်းအရာမျိုး ဖြစ်ရဲ့လားဆိုတာကို ဦးစွာစဉ်းစားသင့် ပါတယ်။

၃။ စကားပြောနေချိန်မှာတခြားအလုပ်တွေလုပ်နေခြင်း
ဘယ်လောက်ပဲ အလုပ်များတဲ့လူ တစ်ယောက်ဖြစ်နေပါစေ၊ လက်ရှိစကားပြောနေတဲ့အချိန်မှာတော့ မိမိအနား မှာရှိတဲ့လူကို လေးစားတန်ဖိုးထားသင့် ပါတယ်။ မိမိရဲ့ မျက်နှာချင်းဆိုင်မှာ စကားပြောနေတဲ့လူတစ်ယောက် ရှိနေ ချိန်မှာ အင်တာနက်သုံးခြင်း၊ ရုပ်မြင် သံကြား (သို့) ဇာတ်လမ်းတွဲကို ငေး ကြည့်နေခြင်း၊ နောက်တစ်နေ့လုပ်ရမယ့် အလုပ်တွေကို စာရင်းတို့နေခြင်း၊ ဖုန်း ပြောနေခြင်းတို့ကို ရှောင်ပါ။ အဲ့ဒီလိုအပြု အမူနဲ့ပတ်သက်ပြီး တစ်ဖက်သားက ဘယ်လိုစကားမျိုးကိုမှ ထုတ်ဖော်မပြော ရင်တောင်မှ စိတ်ပျက်သွားစေပါတယ်။ တကယ်လို့ စကားပြောဖို့အချိန်မရှိဘူး၊ သင့်တော်မယ့် အချိန်တစ်ခုကို ရွေးလိုက် ပါ။ အဲ့ဒီလိုမှ မဟုတ်ဘဲစကား ပြောလို့ အဆင်မပြေဘူးဆိုရင်တော့ ရင်းနှီးပွင့် လင်းစွာ ထုတ်ပြောလိုက်သင့်ပါတယ်။

၎။ မိမိချစ်ခင်ရတဲ့သူတွေနဲ့ စကား ကောင်းကောင်းမပြောဖြစ်ခြင်း
လူတွေဟာ မိမိချစ်ရတဲ့သူတွေကိုတခြားသူတွေထက် ပိုပြီးတော့အာရုံစိုက် ကြစမြဲပါပဲ။ ဒါပေမဲ့ အဲ့ဒီအာရုံစိုက်မှုဟာ သူတို့အတွက် လိုအပ်တဲ့ပစ္စည်းတွေ ဖြည့် ဆည်းပေးရုံနဲ့တင် ပြည့်စုံတာမဟုတ်ပါ ဘူး။ အလုပ်ကနေပြန်လာမယ့် သား သမီးကိုစောင့်နေတဲ့မိဘ၊ ခင်ပွန်းကို စောင့်နေတဲ့မိန်းမ၊ မိဘကိုမျှော်နေတဲ့ သားသမီးတို့အတွက် အချိန်လေးပေး သင့်ပါတယ်။ အလုပ်တွေများတဲ့ကြားထဲ ကအပြင်ထွက်လည်တာ၊ အပြင်စာထွက် စားကြတာ၊ သူတို့လိုချင်တာလေးတွေကို အတူတကွသွားဝယ်တာဟာ ပိုက်ဆံပေး လိုက်တာထက်ပိုပြီးတော့ စိတ်ချမ်းမြေ့မှု ကိုရစေပါတယ်။

၅။ မြှောက်လုံးတွေအပေါ်မှာ သာယာ ခြင်း
လူတွေက ချီးမွမ်းစကားဆိုတဲ့အခါ ကျေးဇူးတင်ပါတယ်ဆိုတာကတော့ ပြန်ပြောရမှာပါပဲ။ ချီးမွမ်းခံရတဲ့အချိန်မှာ ကျေးဇူးတင်စကား ပြန်ပြောတာဟာ တခြားသူကို စိတ်ပျော်ရွှင်စေသလို မိမိ မှာရှိတဲ့ အရည်အသွေးကို ကိုယ်တိုင် လည်း သတိပြုမိသွားစေတတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုချီးမွမ်းစကား၊ မြှောက် ပင့်ပေးတဲ့ စကားလုံးတွေပေါ်မှာ သာယာ နေတာ၊ အဲဒီစကားမျိုးကို ထပ်ခါထပ်ခါ ကြားရအောင် တစ်နည်းနည်းနဲ့ ကြိုးစား နေတာတွေဟာ ပြုလုပ်သင့်တဲ့ အလေ့အ ကျင့်တစ်ခုတော့ မဟုတ်ပါဘူး။ လူတစ် ယောက်နဲ့တစ်ယောက်ကြားက Relatio-nship တစ်ခု ခိုင်မာဖို့ဆိုတာဟာ စကား လုံးတွေနဲ့ တည်ဆောက်လို့မရပါဘူး။

၆။ ငြီးငွေ့ဖွယ်ကောင်းတဲ့ စကားဝိုင်းတစ် ခုမှာ အချိန်ကြာကြာပါဝင်နေခြင်း
အကြောင်းအရာတစ်ခုကိုဦးတည် ပြီး ဆွေးနွေးကြတဲ့ စကားဝိုင်းတွေမှာ ဦးနှောက်စားရမယ့်အဖြစ်မျိုး ကြုံကိုကြုံ တွေ့ရတတ်ပြီး အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး တော့ အချိန်ပေးဆွေးနွေးရတာဟာ ဖြစ် သင့်ပါတယ်။ ဒါပေမဲ့တချို့ဘယ်အ ကြောင်းအရာကို ဦးတည်နေမှန်းမသိတဲ့ စကားဝိုင်းထဲကို ရောက်နေပြီ၊ အကြောင်း မဲ့ငြင်းခုန်နေတဲ့စကားနိုင်လုပွဲမှာ ပါဝင် နေပြီဆိုရင်တော့ အဲ့ဒါကို လက်စသတ် ဖို့ကြိုးစားသင့်ပါတယ်။ စကားကိုကြား ဖြတ်ပြောတာ၊ မိမိစိတ်ဝင်စားမှု မရှိ တော့ဘူး ဆိုတာကို အမူအရာတွေနဲ့ ပြ နေတာထက်စာရင် အကြောင်းပြချက် တစ်ခုပေးပြီး အဲ့ဒီစကားဝိုင်းကို စွန့်ခွာ လိုက်တာကပိုပြိးတော့ ယဉ်ကျေးရာ ရောက်ပါတယ်။

၇။ လူတိုင်းကိုကူညီပေးနိုင်ဖို့ ကြိုးစား ခြင်း
ဒီအကျင့်ကတော့ လူတစ်ယောက် ရဲ့ မိမိကိုယ်မိမိ ဆန်းစစ်နိုင်တဲ့ဆင်ခြင်တုံတရားနဲ့ အများကြီး ဆက်စပ်နေပါ တယ်။ မိမိရဲ့အနားပတ်ဝန်းကျင်က လူ တွေဟာ အခြေအနေတွေအမျိုးမျိုး၊ အ ခက်အခဲတွေအမျိုးမျိုးနဲ့ ကြုံတွေ့နေရ တာဟာ သဘာဝပါပဲ။ အဲ့ဒီအဆင်မပြေမှု တိုင်းအတွက် ဝင်ရောက် ဖြေရှင်းပေးလို တာကသာ ပုံမှန်မဟုတ်တဲ့ အနေအထား ပါ။ မိမိရဲ့အပြုအမူကြောင့်တခြားသူ တစ်ယောက် မနာကျင်ရဘူး၊ စိတ်အ နှောင့်အယှက်မဖြစ်ရဘူးဆိုရင် ရှေ့ဆက် ပြီး လုပ်ရမယ့် ကိစ္စတွေကို အာရုံစိုက်သာ လုပ်သင့်ပါတယ်။ တခြားသူတွေရဲ့ အ ခက်အခဲကို ဖြေရှင်းပေးနိုင်တာဟာ ကောင်းပါတယ်။ အဲ့ဒီလိုဖြေရှင်းပေးနိုင်ဖို့မိမိမှာ ပြဿနာမရှိအောင် နေတာက ပိုပြီး ကောင်းပါတယ်။ ဒါကြောင့်တခြားသူ တွေကို ပျော်ရွှင်စေချင်ရင် မိမိကိုယ်မိမိပျော်ရွှင်အောင်ထားပါ။ တတ်နိုင်သမျှ ကူညီပေးလိုက်ပါ။ ဒါပေမဲ့ အလွန်အမင်း တာဝန်ယူချင်စိတ်ကိုတော့ လျှော့သင့်ပါ တယ်။

ခိုင်သစ္စာရှင်(ဆေးဝါး)

Post Author: Good Health Journal