ကိုယ်ဝန်ဆောင်ကာလအတွင်း အိပ်စက်သင့်သော အနေအထားများ

ကျွန်မတို့က ဘ၀ရဲ့သုံးပုံတစ်ပုံကို အိပ်စက်ချိန်နဲ့ ကုန်ဆုံးရတာပါ။ မကြာခင်က ပြုလုပ်တဲ့လေ့လာမှုအရ မိခင်ရဲ့အိပ်စက်မှုအနေအထားဟာ သန္ဓေသားရဲ့ ကျန်းမာရေးနဲ့ဆက်စပ်မှုရှိတယ်လို့ သိရပါ တယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေကြောင့် သင်ရဲ့ပုံမှန်အိပ်စက်မှုအနေအထားတွေက သန္ဓေသားအတွက် အန္တရာယ်ကင်းနိုင်မှာမဟုတ်တော့ပါဘူး။ ဒါကြောင့် ကိုယ်ဝန် ဆောင်ကာလအတွင်းမှာ အိပ်စက်နိုင်တဲ့အနေအထားတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁) မှောက်လျက်အိပ်ပါ


သင့်အနေနဲ့ ကိုယ်ဝန်ဆောင်ကာလမတိုင်ခင် မှာ မှောက်လျက်အိပ်တတ်သူ ဖြစ်နေရင် ပထမကိုယ် ဝန်သုံးလပတ်ကာလအတွင်း အဲဒီအနေအထား အတိုင်း ဆက်လက်အိပ်စက်နိုင်ပါတယ်။ ဒီအနေ အထားက ကလေးကို ဒုက္ခပေးနိုင်တယ်လို့ သက် သေမပြနိုင်သေးပါဘူး။ ဒါပေမဲ့ ကိုယ်ဝန်ပထမသုံးလ ပတ်အပြီးမှာတော့ ဝမ်းဗိုက်ထဲက ကြီးထွားလာတဲ့ သန္ဓေသားကြောင့် မှောက်လျက်အိပ်လို့ မဖြစ်တော့ ပါဘူး။

၂) ဘေးစောင်းအိပ်ပါ

ဒီအိပ်စက်မှုအနေအထားကတော့ သင်နဲ့ သင့်သန္ဓေသားအတွက် အန္တရာယ်အကင်းဆုံးဖြစ် ပါတယ်။ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ကိုယ်တွင်းအင်္ဂါတွေပေါ်မှာ ဖိအားသက်ရောက်မှု မကျရောက်နိုင်လို့ပါ။ ဘယ်ဘက်စောင်းအိပ်အိပ်၊ ညာဘက်စောင်းအိပ်အိပ် အန္တရာယ်ကင်းတယ်ဆို ပေမယ့် ကျွမ်းကျင်သူတွေကတော့ အောက်ဖော်ပြပါ အချက်တွေကြောင့် ဘယ်ဘက်ကိုစောင်း အိပ်ဖို့ အကြံပေးထားပါတယ်။
– သန္ဓေသားထံသို့ သွေးနှင့်အာဟာရဓာတ်များ ရောက်ရှိမှုပမာဏ ပိုမိုများပြားလာခြင်း
– ကလေးအသေမွေးနိုင်ခြေ လျော့ကျသွားခြင်း
– ကျောက်ကပ်မှ အညစ်အကြေးနှင့် အဆိပ် အတောက်များစွန့်ထုတ်ရန် ကူညီနိုင်ခြင်း

၃) လေးဖက်ကုန်းအနေအထား ပြု လုပ်ပါ

ဒီအနေအထားကိုတော့ အိပ်စက်မှုပြုလုပ်ရာမှာ အသုံးပြုရမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအနေအထား က မိခင်နဲ့ သန္ဓေသားအတွက် အလွန်အသုံးဝင် ပါတယ်။ ခါးနာဝေဒနာသက်သာပြီး အဆစ်ပျော့ ပျောင်းနိုင်တဲ့အတွက် မိခင်အနေနဲ့ အလွန်သက် သောင့်သက်သာရှိစေမယ့် အနေအထားပါ။ သန္ဓေ သားအတွက်လည်း မိခင်ဝမ်းကြာတိုက်ထဲမှာ အနေ အထား မှန်ကန်သွားနိုင်တဲ့အတွက် ကလေးမွေး ဖွားရတာ လွယ်ကူသွားနိုင်ပါတယ်။
ဒီအနေအထားရအောင် လေ့ကျင့်ဖို့အတွက်-
– ဒူးခေါင်းအောက်မှာ ခေါင်းအုံးတစ်လုံးခံထားပါ။ (ယောဂဖျာကိုလည်း အသုံးပြုနိုင်ပါတယ်)
– လက်နဲ့ ဒူးကို ပုံမှာပြထားတဲ့အနေအထား အတိုင်း ထားရမှာဖြစ်ပါတယ်။
– ပခုံးကို အရမ်းမကွေးမိပါစေနဲ့။
– ဖြည်းဖြည်းချင်း မတ်တတ်ပြန်ရပ်ပါ။
– ပုံတွင်ပြထားသည့်အတိုင်း လေ့ကျင့်ခန်းဘော လုံးကိုလည်း အသုံးပြုနိုင်ပါတယ်။
၎) ပက်လက်အိပ်ခြင်းကို ရှောင် ကြဉ်ပါ


ကိုယ်ဝန်ဆောင်ကာလမှာ ပက်လက်အိပ်တာ ကြောင့် အန္တရာယ်ရှိနိုင်ပါတယ်။ သန္ဓေသားရဲ့ ကိုယ်အလေးချိန်၊ ကြီးထွားလာတဲ့သားအိမ်ကြောင့် ကိုယ်တွင်းအင်္ဂါတွေကို ဖိအားသက်ရောက်နိုင်ပြီး သန္ဓေသားအတွက် အာဟာရပေးပို့နေတဲ့အချင်း ထဲကို သွေးရောက်မှုနည်းသွားနိုင်တာကြောင့်ပါ။

ကိုယ်ဝန်ဆောင်ကာလတွင်
အိပ်စက်မှုပိုမိုကောင်းမွန်စေရန်

Tips

– သင် ဘေးစောင်းအိပ်စဉ် သင့်နောက်ဘက်မှာ ခေါင်းအုံးတစ်လုံးခံထားပေးပါ။ ဒါမှ နောက်ဘက်ကို လိမ့်မသွားဘဲ သင့်အနေနဲ့ သက်သောင့်သက်သာ အိပ်စက်နိုင်မှာပါ။
– ဘေးစောင်းအိပ်နေစဉ်မှာ ခြေထောက်နှစ်ခု ကြားထဲ ခေါင်းအုံးခံထားပေးတာက ခြေထောက်တွေ ကို မျဉ်းပြိုင်အနေအထားဖြစ်စေပြီး တင်ပဆုံ၊ နောက်ကျောရိုးနဲ့ တင်ပဆုံကွင်းကို အထောက်အပံ့ ရရှိစေနိုင်ပါတယ်။
– ညဘက်မှာ ရင်ပူနာဝေဒနာခံစားနေရရင် သင့် ဦးခေါင်းအောက်မှာ ခေါင်းအုံးအပိုတစ်လုံးခံပြီး အိပ်တာကြောင့် ဝေဒနာသက်သာသွားပါလိမ့်မယ်။

– နေ့ခင်းပိုင်းတစ်မှေးအိပ်စဉ်မှာလည်း ညဘက် အိပ်စက်မှုအနေအထားအတိုင်း ဘေးစောင်းအိပ် စက်ပါ။
– ကျွန်မတို့က များသောအားဖြင့် ပုံမှန်အိပ်စက် နေကျအနေအထားအတိုင်းမှာ အိပ်ပျော်သွား တတ်ကြပါတယ်။ ဒါကြောင့် ညဘက်တစ်ရေးနိုး တဲ့အခါမှာ သတိနဲ့ဘယ်ဘက်ကို ပြန်စောင်းအိပ် ပေးပါ။

Post Author: Good Health Journal