ကိုယ်ဝန်ဆောင်ချိန် လေပွတာကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာ ကိုယ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု တွေနဲ့ စိတ်ပိုင်းဆိုင်ရာပြောင်း လဲမှုတွေကို ရင်ဆိုင်ရတတ်ပါ တယ်။ အဲဒီပြောင်းလဲမှုတွေထဲမှာ လေ ပွတာလည်း တစ်ခုပါဝင်ပါတယ်။ လေပွ တာကြောင့် ပျို့ချင်၊ အန်ချင်သလိုဖြစ် တာ၊ တချို့လည်း မအီမသာနဲ့ နေရထိုင် ရခက်တတ်ပါတယ်။ တချို့တွေက ဒီဝေ ဒနာတွေကို ပြင်းပြင်းထန်ထန်ခံစားရပြီး တချို့တွေက သိပ်မခံစားရတတ်ပါဘူး။ ဘာကြောင့် ပြင်းပြင်းထန်ထန် မခံစားရ တာလဲဆိုရင် အောက်ပါအချက်တွေကို လိုက်နာဆောင်ရွက်တာကြောင့်ပဲ ဖြစ်ပါ တယ်။

လေပွရခြင်းအကြောင်း
ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ် တွင်း ဟော်မုန်းပြောင်းလဲမှုတွေ များစွာ ဖြစ်ပေါ်ပါတယ်။ ပရိုဂျက်စတုန်းဟော်မုန်း များလာပြီး အဲဒီဟော်မုန်းက အူလမ်း ကြောင်း အပါအဝင် ကြွက်သားတွေကို ပြေလျော့စေပါတယ်။ အူလမ်းကြောင်း တစ်လျှောက်ကြွက်သားတွေ ပြေလျော့ တဲ့အခါ အူလှုပ်ရှားမှုနည်းသွားလို့ အူထဲ မှာ လေတွေ စုမိစေပါတယ်။ အဲဒီကနေ လေပွတာဖြစ်လာပါတယ်။

သံပရာရည် သောက်ပါ
ညအိပ်ခါနီးမှာ နွားနို့တစ်ခွက် သောက်ပြီး မနက်ခင်းစာမှာ သံပရာရည် နွေးနွေး တစ်ခွက်သောက်ပါ။ ရေဓာတ်နဲ့ ဗီတာမင် စီဓာတ်ကို ရရှိစေလို့ ဝမ်းဗိုက် မအီမသာဖြစ်တာတွေကို သက်သာစေပြီး ဝမ်းမချုပ်အောင်လည်း ကာကွယ်နိုင်ပါ တယ်။

ရေများများ သောက်ပါ
ကိုယ်ဝန်ဆောင်ချိန်ဖြစ်စေ၊ ကိုယ် ဝန်ဆောင်ထားမဟုတ်ရင်ဖြစ်စေ ရေများ များသောက်တာက ကျန်းမာရေးအတွက် များစွာအကျိုးရှိပါတယ်။ အမျိုးသမီးတိုင်း အစာအိမ်နဲ့ အူလမ်းကြောင်းလုပ်ဆောင် မှုတွေကောင်းမွန်စေဖို့ တစ်နေ့ကို ရေနှစ် လီတာသောက်သင့်ပါတယ်။ ဒီလိုသောက် ပေးတာကြောင့် ဝမ်းချုပ်တာမဖြစ် အောင်လည်း ကာကွယ်နိုင်ပါတယ်။

အမျှင်ဓာတ်များများ စားပါ
ရေများများသောက်တာအပြင် အ မျှင်ဓာတ်များများ စားဖို့လည်းလိုပါတယ်။ အမျှင်ဓာတ်က အစာချေဖျက်မှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်တာ မဖြစ် အောင် ကာကွယ်နိုင်ပါတယ်။ ကိုယ်ဝန် ဆောင်မိခင်တွေမှာ ဝမ်းချုပ်တတ်တာက လည်း ပြဿနာတစ်ခုပါ။

လေပွစာတွေကို ရှောင်ပါ
တချို့အစားအစာတွေက လေပွစေ တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် ချိန်မှာ အကန့်အသတ်နဲ့သာ စားသင့်ပါ တယ်။ ပဲအမျိုးမျိုး၊ အာလူး၊ ဂျုံ၊ ပန်းဂေါ်ဖီ စိမ်း၊ ဂေါ်ဖီထုပ်၊ ပဲပင်ပေါက် စတာတွေက လေပွစေနိုင်လို့ ကိုယ်ဝန်ဆောင်ချိန်မှာ အများကြီး စားတာမျိုးကို ရှောင်ပါ။

နို့သောက်ပါ
ညဘက် အိပ်ရာမဝင်ခင်မှာ နွားနို့ နွေးနွေးတစ်ခွက်သောက်ပေးပါ။ ညဘက် မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပြီး နောက်တစ်နေ့ မနက်မှာ အူလမ်းကြောင်း လှုပ်ရှားမှုတွေကို ကောင်းစေလို့ ဝမ်းချုပ် တာ မဖြစ်အောင်လည်း ကာကွယ်နိုင်ပါ တယ်။

လှုပ်လှုပ်ရှားရှား နေထိုင်ပါ
ခန္ဓာကိုယ် လှုပ်ရှားမှု မရှိတဲ့အခါ အစာအိမ်နဲ့ အူလမ်းကြောင်းရဲ့ အစာချေ ဖျက်မှုဖြစ်စဉ်တွေလည်း နှေးကွေးသွားပါ တယ်။ အဲဒီအခါ လေတွေ ဖြစ်ပေါ်လာပြီး မသက်မသာ ခံစားရနိုင်ပါတယ်။ ကိုယ် လက်လှုပ်ရှားမှု ပုံမှန်ရှိသူတစ်ယောက် ဖြစ်ပါက ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ် တတ်တဲ့ ဝေဒနာအတော်များများမဖြစ် အောင် ကာကွယ်ပြီးသား ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သွေးဖိအားနဲ့ သွေးတွင်းသကြား ဓာတ်ကိုလည်း ပုံမှန်ဖြစ်စေပြီး ကိုယ်အ လေးချိန် အလွန်အကျွံ မတက်သွား အောင်လည်း ကာကွယ်နိုင်ပါတယ်။

လေ့ကျင့်ခန်း တချို့လုပ်ပါ
ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့် ခန်း တချို့ကို ပြုလုပ်နိုင်ပါတယ်။ မပြု လုပ်ခင်မှာ ဆရာဝန်နဲ့တော့ တိုင်ပင်ရမှာ ဖြစ်ပါတယ်။ ရေကူးတာ၊ လမ်းလျှောက် တာ၊ ယောဂကျင့်တာ၊ ကိုယ်ဝန်ဆောင် လေ့ကျင့်ခန်းမျိုးတွေကို တစ်ကြိမ် မိနစ် ၂၀ ကြာ တစ်ပတ် ၃ရက်လောက် ပြုလုပ် ပေးမယ်ဆိုရင် အူလမ်းကြောင်း လှုပ်ရှား မှုတွေ ကောင်းမွန်ပြီး လေပွတာ၊ ဝမ်းချုပ် တာတွေ မဖြစ်အောင် ကာကွယ်နိုင်ပါ တယ်။ ဒါ့အပြင် ကျန်းမာသန်စွမ်းတဲ့ မိ ခင်လောင်းတစ်ယောက်လည်း ဖြစ်လာ စေပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *