ကိုယ်ဝန်ဆောင်စဉ် အကောင်းမြင်စိတ်ထားလျှင် မွေးလာသည့်ကလေး သင်္ချာတော်နိုင်

ကိုယ့်ကလေးကို သိပ္ပံနဲ့သင်္ချာ တော်စေချင်ရင် ကိုယ်ဝန် ဆောင်တဲ့အချိန်မှာ အကောင်းမြင်စိတ်မွေးဖို့လိုမယ်လို့ သုတေ သီတွေက ဆိုပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့သ ဘောထားက ကလေးရဲ့သင်္ချာစွမ်းရည်နဲ့သိပ္ပံစွမ်းရည်ကို အဆုံး အဖြတ်ပေးသွားနိုင်တာဖြစ်ပါတယ်။ ဘ၀မှာဖြစ်လာမယ့်အရာ တွေကို ကောင်းကောင်းကြီး ရင်ဆိုင်ထိန်းချုပ်သွားနိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝယုံတဲ့အမျိုးသမီးတွေဟာ ပညာ ရေးမှာထူးချွန်မယ့် ကလေးရနိုင်ခြေများတာလို့ ဘရစ္စတိုလ် တက္ကသိုလ်ရဲ့လေ့လာချက်က ဆိုပါတယ်။ ကိုယ့်စွမ်းရည်ကို ကိုယ်ယုံတဲ့အမျိုးသမီးတွေဟာ အပြောင်းအလဲဖြစ်လာအောင်
လုပ်တတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတဲ့အမျိုးသမီးတွေကတော့ ငါလုပ်နိုင်မှာ မဟုတ်ပါဘူးလို့ စစ်မရောက် ခင်က မြားကုန်ပြီး အပြောင်းအလဲဖြစ်အောင်လည်း ကောင်း ကောင်း အားမထုတ်ကြတော့ပါဘူးတဲ့။ အခက်အခဲကို အံကြိတ် ပြီး အံတုရင်ဆိုင်နိုင်တဲ့အမျိုးသမီးတွေရဲ့သားသမီးတွေဟာ အ သက်ရှစ်နှစ်၊ ၁၁ နှစ်နဲ့ ၁၃ နှစ်အရွယ်တွေမှာ သင်္ချာ၊ သိပ္ပံဘာ သာရပ်တွေ ထူးချွန်နိုင်ပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ မွေးတဲ့ကလေးတွေရဲ့ အချက်အလက်တွေကို ပညာရှင်တွေက လေ့လာခဲ့တာပါ။ သူတို့အမေတွေကိုပါ မေးခွန်းတွေမေးခဲ့ပြီး အမေတွေဖြေတဲ့အဖြေတွေကိုပါ လေ့လာခဲ့တာပါ။ ဒါ့အပြင် ၁၉၉၀ ပြည့်လွန်နှစ်ဖွား အဲဒီကလေးတွေရဲ့သင်္ချာစွမ်းရည်အ တွက်အချက်စွမ်းရည်ကိုပါ ပညာရှင်တွေက စမ်းသပ်ခဲ့တာပါ။

(DM, 14.2.19) ချယ်ရီ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *