ကိုယ်ဝန်ဆောင်မိခင် သလဲသီးဖျော်ရည် သောက်ပေးပါက ကလေး၏ဦးနှောက်ကို ဖွံ့ဖြိုးစေ

ကိုယ်ဝန်ဆောင်ကာလမှာ ဖွံ့ဖြိုးတိုး တက်မှုနှောင့်နှေးနေတဲ့ သန္ဓေသား လောင်းအတွက် ကိုယ်ဝန်ဆောင်မိခင်က သလဲသီးဖျော်ရည်သောက်ပေးသင့် တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ သလဲ သီးဖျော်ရည်ကို နေ့စဉ် ၂၄၀ မီလီလီတာ လောက်သုံးဆောင်ပေးရုံနဲ့ ရင်သွေးရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးလာစေတဲ့အပြင် သ လဲသီးမှာပါဝင်တဲ့ ပိုလီဖီနောတွေကြောင့် ရင်သွေးမှာ အာရုံကြောချို့ယွင်းပျက်စီးမှု ရောဂါတွေမဖြစ်လာအောင် ကာကွယ် ပေးတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ သန္ဓေသားဖွံ့ဖြိုးမှုနောက်ကျတဲ့ IUGR အခြေအနေရှိနေတဲ့ ကလေးတွေမှာ ဦး နှောက်ချို့ယွင်းပျက်စီးမှုနဲ့ နှလုံးသွေး ကြောစနစ်မှာ ကျန်းမာရေးပြဿနာတွေ နဲ့ ကြုံတွေ့ရနိုင်ခြေများတာဖြစ်ပါတယ်။ ဘရစ်ဂမ်အမျိုးသမီးဆေးရုံမှသုတေသီ တွေရဲ့ လေ့လာမှုမှာ IUGR အခြေအနေ နဲ့ရင်သွေးတွေကို ကိုယ်ဝန်ဆောင်ခဲ့တဲ့ အမျိုးသမီး ၇၈ ဦးနဲ့လေ့လာခဲ့တာဖြစ်ပါ တယ်။ အုပ်စုနှစ်ခုခွဲပြီး တစ်စုကို နေ့စဉ် သလဲသီးဖျော်ရည် ၂၄၀ မီလီလီတာ သုံး ဆောင်စေခဲ့တာဖြစ်ပါတယ်။ သလဲသီး ဖျော်ရည်သုံးဆောင်တဲ့မိခင်လောင်းတွေ ရဲ့ သန္ဓေသားတွေမှာ ဦးနှောက်ဖွံ့ဖြိုးမှု အခြေအနေတိုးတက်မှုရှိလာတာကို လေ့ လာတွေ့ရှိခဲ့ကြတယ်လို့ သုတေသီတယ် ရီအင်ဒါက ပြောကြားခဲ့ပါတယ်။

(Science Daily, 5.9.19) သံသာ

Post Author: Good Health Journal