ကိုယ်ဝန်ရက်သတ္တပတ် ၂၀ ကနေ ၃၇ ပတ်လောက်ထိ ရေကူးကန်လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ဆောင်ပေးတဲ့ ကိုယ်ဝန် ဆောင်မိခင်တွေမှာ သဘာဝအတိုင်းမီးဖွားစဉ်မွေးလမ်းကြောင်း အနီးစုတ်ပြဲနိုင်ခြေကို ၁၃ ဆလောက်ထိလျော့ပါးသက်သာ စေနိုင်တယ်လို့ သုတေသနလေ့လာမှုတွေအရသိရပါတယ်။ ဂရာနာဒါမြို့၊ ဆန်စီစီလီယိုတက္ကသိုလ်မှ ကိုယ်ဝန်ဆောင်အ မျိုးသမီးတွေရဲ့ သဘာဝအတိုင်းမီးဖွားမှုတွေမှာ နာကျင်မှုအ နည်းပါးဆုံးဖြစ်စေမယ့် နည်းလမ်းတွေကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ ရေကူးကန်လေ့ကျင့်ခန်းတွေက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရဲ့ ဗဟိုကြွက်သားတွေကို သန်စွမ်းစေပြီး က လေးမီးဖွားလို့ ညှစ်တွန်းရချိန် အဆမတန်အားစိုက်တွန်းရတာ မျိုးလျော့နည်းစေတာကြောင့် မွေးလမ်းကြောင်းအနီးစုတ်ပြဲ မှုကိုပါ သက်သာလျော့ပါးစေတာဖြစ်တယ်လို့ ဒေါက်တာရာ ကေးရိုဒရီဂွက်ဇ်ဘလန့်ခ်က ပြောကြားခဲ့ပါတယ်။ ရေကူးကန် လေ့ကျင့်ခန်းတွေပြုလုပ်ပေးတာက မီးဖွားစဉ်မှာသာမက ကိုယ် ဝန်ဆောင်ချိန် သွေးတွင်းသကြားဓာတ်မြင့်မားတာကိုပါ လျှော့ ချပေးနိုင်စွမ်းရှိတဲ့အပြင် အိပ်ကောင်းစေကာ မီးဖွားပြီးချိန် စိတ်ကျရောဂါခံစားရနိုင်ခြေကိုပါ လျှော့ချနိုင်တယ်လို့ လေ့လာ မှုမှာဖော်ပြထားခဲ့ပါတယ်။
(DM, 25.4.19) သံသာ