ကိုယ်ဝန်ဆောင်လက္ခဏာရပ်တွေအကြောင်း သင် ဘယ်လောက်သိပါသလဲ

သားဦးကိုယ်ဝန်လွယ်ထားသူတွေ၊ ကိုယ်ဝန်မဆောင်ဖူးသူတွေအတွက်တော့ ကိုယ်ဝန်ဆောင်လက္ခဏာရပ်တွေနဲ့ စိမ်း နေပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် လက္ခဏာရပ်တွေနဲ့ပတ်သက်ပြီး ဗဟုသုတ ဘယ်လောက်ရှိလဲဆိုတာ ဒီ Qကငဖ လေး ဖြေကြည့်ကြရအောင်။

၁။ ကိုယ်ဝန်ရှိကြောင်းသိနိုင်တဲ့ အဓိက လက္ခဏာရပ်က
(က) ပင်ပန်းနုံးချည့်ခြင်း
(ခ) ရင်သားနာကျင်ခြင်း
(ဂ) ဓမ္မတာရက်ကျော်ခြင်း

၂။ ပထမ သုံးလမှာ စိတ်ခံစားမှု ပြောင်း လွယ်တယ်။
(က) မှန်
(ခ) မှား

၃။ အစောပိုင်းကိုယ်ဝန်ဆောင် လက္ခ ဏာရပ်တွေက ရာသီလာခါနီးလက္ခဏာရပ် တွေနဲ့ ခပ်ဆင်ဆင်ပါ။
(က) မှန်
(ခ) မှား

၄။ ရင်သားတင်းရင်းနာကျင်တာက ဘယ် လောက်ကြာတတ်လဲ။
(က) အစောပိုင်းရက်သတ္တပတ်အနည်း ငယ်ပဲ
(ခ) ပထမသုံးလ
(ဂ) ဒုတိယသုံးလအထိ
(ဃ) ကိုယ်ဝန်ဆောင်ချိန်ကာလအတွင်း

၅။ ရာသီလာခါနီးအချိန်မှာ သွေးအစက် တွေ့ရရင် ကိုယ်ဝန်ရှိတာ မဖြစ်နိုင်ဘူးလား။
(က) မဖြစ်နိုင်ဘူး
(ခ) ဖြစ်နိုင်တယ်

၆။ ကိုယ်ဝန်ဆောင် ပထမသုံးလမှာ ကိုယ် အလေးချိန်ကျတတ်တယ်။
(က) မှန်
(ခ) မှား

၇။ Morning sickness လို့ခေါ်တဲ့ ပျို့ အန်တာက ဘယ်အချိန်မှာမဆိုဖြစ်နိုင် တယ်။
(က) မှန်
(ခ) မှား

၈။ ကိုယ်ဝန်ဆောင်အစောပိုင်း အပတ် တွေမှာ မကြာခဏ ဆီးသွားချင်တတ်တယ်။

(က) မှန်
(ခ) မှား

၉။ ကိုယ်ဝန်အစောပိုင်းကာလတွေမှာ နုံးချည့်တာဘာကြောင့်လဲ။
(က) ညဘက်တွေ အိပ်မပျော်လို့
(ခ) ဇီဝရုပ်ဖြစ်ပျက်မှုနှေးကွေးလာလို့
(ဂ) အစားအသောက်ပုံစံပြောင်းလာလို့
(ဃ) ဘာကြောင့်မှန်း သေချာမသိ

၁၀။ ကိုယ်ဝန်ရှိလာတဲ့အခါ နို့သီးခေါင်း ပတ်လည် ညိုမည်းလာတတ်တယ်။
(က) မှန်
(ခ) မှား

၁။ (ဂ) ဓမ္မတာရက်ကျော်ခြင်း
ရင်သားနာကျင်တာ၊ ပင်ပန်းနုံးချည့် တာနဲ့ ကိုယ်ကြိုက်နေကျအစားအစာ တွေကိုတောင် မခံစားနိုင်တော့တာတွေ ဟာ အစောပိုင်းကိုယ်ဝန်လက္ခဏာရပ် တွေဖြစ်ပေမယ့် တခြားအကြောင်းအရာတွေ ကြောင့်လည်း ဒီလက္ခဏာရပ်တွေဖြစ်နိုင် ပါတယ်။ အဲဒီတော့ ဓမ္မတာပုံမှန်လာလေ့ရှိ သူတွေအတွက် ကိုယ်ဝန်ရှိကြောင်းသိနိုင် တဲ့ အဓိကလက္ခဏာရပ်က ဓမ္မတာရက် ကျော်တာပဲ ဖြစ်ပါတယ်။ တချို့ အမျိုး သမီးတွေမှာဆိုရင် တခြားအစောပိုင်း ကိုယ်ဝန်ဆောင် လက္ခဏာတွေတောင် သတိမထားမိတာမျိုးဖြစ်တတ်ပါတယ်။

၂။ (က) မှန်
ဟော်မုန်းအပြောင်းအလဲတွေက စိတ်ခံစားမှုအပြောင်းအလဲတွေကို ဖြစ် စေတာကြောင့် ကိုယ်ဝန်ဆောင်အစော ပိုင်းကာလတွေမှာ တွေ့ရလေ့ရှိတဲ့ လက္ခ ဏာရပ်ထဲတစ်ခုအပါအဝင်ပါ။

၃။ (က) မှန်
ရင်သားနာတာတွေ၊ ခါးနာတာတွေ၊ စိတ်ခံစားမှုပြင်းထန်တာတွေက အစော ပိုင်း ကိုယ်ဝန်ဆောင်လက္ခဏာရပ်တွေ ဖြစ်သလို ဓမ္မတာလာခါနီးဖြစ်တတ်တဲ့ လက္ခဏာတွေလည်းပဲ ဖြစ်ပါတယ်။

၄။ (က) အစောပိုင်းရက်သတ္တပတ်အနည်း ငယ်ပဲ
ကိုယ်ဝန်ဆောင်ကာလမှာ ခန္ဓာ ကိုယ်က ဟော်မုန်းအပြောင်းအလဲအပေါ် ညှိနှိုင်းနိုင်သွားတဲ့အခါမှာတော့ ရင်သား တွေ နာကျင်တာလျော့နည်းလာပါလိမ့် မယ်။ ဒါပေမဲ့ ရင်သားဆက်ပြီး တင်းနေ ဦးမှာပါ။ အမျိုးသမီးတွေအတော်များ များမှာ ကိုယ်ဝန်ဆောင်ကာလတစ် လျှောက်လုံး ရင်သားနာလိုက် မနာလိုက် ဖြစ်နေမှာပါ။

၅။ (ခ) ဖြစ်နိုင်တယ်
ကိုယ်ဝန်ဆောင်တချို့မှာ ဓမ္မတာ လာရမယ့် ရက်တစ်ဝိုက် သွေးစက်လေး တွေကျနေနိုင်တာကို တွေ့ရနိုင်ပါတယ်။ သားအိမ်နံရံကို သန္ဓေသားလောင်းလေး တွေတွယ်ကပ်တဲ့အခါမျိုးမှာ ဖြစ်တတ်ပါ တယ်။

၆။ (က) မှန်
ကိုယ်ဝန်အစောပိုင်းကာလတွေမှာ ပျို့အန်တာတွေက အမျိုးသမီးတချို့မှာ ပေါင်ချိန်လျော့စေပါတယ်။ နောက်ပြီး အမျိုးသမီး အတော်များများမှာ ကိုယ်ဝန် ပထမသုံးလအတွင်း ကိုယ်အလေးချိန် လည်း သိပ်များများစားစား မတက်ပါဘူး။ ကိုယ်ဝန်ဆောင်တွေမှာ ဒုတိယနဲ့ တတိ ယသုံးလပတ်အတွင်းမှာပဲ ဝိတ် အများ ဆုံးတက်တာပါ။

၇။ (က) မှန်
Morning sickness လို့ ခေါ်ကြ ပေမယ့် တကယ်တမ်း မနက်ပိုင်းမှာပဲ ပျို့ အန်ချင်စိတ် ဖြစ်တာမဟုတ်ဘဲ တခြား အချိန်တွေမှာလည်း ဖြစ်လေ့ရှိပါတယ်။ ပုံမှန်အားဖြင့် ၁၂ ပတ်ကနေ ၁၄ ပတ် ကြားမှာ ပျောက်သွားတတ်ပါတယ်။ ပျို့အန်ချင်စိတ်ဖြစ်ပါက အစာနည်းနည်း နဲ့ ခဏခဏစားတာက သက်သာစေနိုင် မှာပါ။ ရှားတော့ ရှားပေမယ့် တချို့ ကိုယ် ဝန်ဆောင်တွေမှာ ပြင်းထန်တဲ့ ပျို့အန် တာတွေဖြစ်တတ်လို့ ဆရာဝန်နဲ့ ပြသင့် ပါတယ်။

၈။ (က) မှန်
ရင်သွေးငယ်လေးက အရွယ်သေး ငယ်နေပေမယ့်လည်း သားအိမ်ကကြီးလာ ပြီး ဆီးအိတ်ကို ဖိတဲ့အတွက် မကြာခဏ ဆီးသွားလေ့ရှိပါတယ်။ ဟော်မုန်း အ ပြောင်းအလဲတွေကလည်း ဆီးသွားချင် စိတ်ကို ဖြစ်ပေါ်စေပါတယ်။ အိပ်ရာဝင် ခါနီးဆီးသွားပေးပါမှ ညဘက်ခဏခဏ ဆီးထသွားတာမျိုးမဖြစ်တော့မှာပါ။

၉။ (ဃ) ဘာကြောင့်မှန်း သေချာမသိ
ဘာကြောင့်မှန်း သေချာမသိပေမယ့် နုံးချည့်တာနဲ့ ဟော်မုန်းအပြောင်းအလဲနဲ့ ဆက်စပ်မှုရှိပါတယ်။ ကိုယ်ဝန်အစောပိုင်း အပတ်တွေမှာ ကိုယ်ထဲမှာ ပရိုဂျက်စ တုန်းဟော်မုန်းများစွာ ထွက်ရှိတာကြောင့် လည်းဖြစ်နိုင်ပါတယ်။ ဘာအကြောင်း ကြောင့်ပဲဖြစ်ဖြစ် ကိုယ်ဝန်ဆောင် ဒုတိ ယသုံးလပတ်အတွင်းမှာတော့ ပျောက် ကင်းသွားလေ့ရှိပါတယ်။ အမျိုးသမီး အများစုက ဒုတိယသုံးလပတ်မှာ အား အင်တွေ ပိုရှိလာတတ်ပါတယ်။ ဒါပေမဲ့ လည်း မီးဖွားခါနီးလာရင်တော့ အလေး ချိန်အများကြီးကို သယ်ထားရတာရော၊ ကိုယ်ဝန်ဆောင်နဲ့ဆက်စပ်တဲ့ ကိုယ်လက် မအီမသာရှိမှုတွေကြောင့်ရော ပင်ပန်းနုံး ချည့်တာတွေ ပြန်ဖြစ်ပေါ်လာတတ်ပါတယ်။

၁၀။ (ခ) မှား
အမျိုးသမီးတချို့မှာ နို့သီးခေါင်း ပတ်လည် ညိုမည်းလာတာမျိုးကို သတိ ထားမိကြပြီး ကိုယ်ဝန်ဒုတိယသုံးလပတ် မတိုင်မီ မဖြစ်တတ်ပါဘူး။ ပထမသုံးလ ပတ်အတွင်းမှာတော့ ရင်သားတွေပိုနာ ကျင်လာတတ်ပြီး နို့သီးခေါင်းတွေလည်း ပိုပြီး စူထွက်နေတတ်ပါတယ်။

ဒေါက်တာနုမြတ်သိင်္ဂီဦး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *