ကိုယ်အပူချိန်အကြောင်း ဘယ်လောက်သိပါသလဲ

ကျန်းမာစွာအသက်ရှင်နေထိုင်ဖို့ ကိုယ်အပူချိန်ပုံမှန်ဖြစ်နေဖို့ကလည်း အ ရေးကြီးပါတယ်။ ကိုယ်အပူချိန်နဲ့ ပတ် သက်ပြီး ဘယ်လောက်သိလဲ လေ့လာ ကြည့်ကြရအောင်။

၁။ လိမ်ပြောရင် နှာခေါင်းနားတစ်ဝိုက် နွေးလာတတ်တယ်။
(က) မှန်
(ခ) မှား
၂။ ကိုယ်အပူချိန်အများစုက ခေါင်းက နေတစ်ဆင့် ထွက်သွားလေ့ရှိပါတယ်။
(က) မှန်
(ခ) မှား
၃။ အလောင်းရဲ့ ကိုယ်အပူချိန်ကိုကြည့်ပြီး ဘယ်တုန်းကသေတာလဲဆိုတာကို တွက် နိုင်ပါတယ်။
(က) မှန်
(ခ) မှား
၄။ ဖျားတာက သင်ကောင်းဖို့အတွက် လား။
(က) မှန်
(ခ) မှား
၅။ အောက်ပါတို့အနက် ဘယ်အရာက ကိုယ်အပူချိန်ကို ပြောင်းစေနိုင်ပါသလဲ။
(က) ကဖင်းဓာတ်
(ခ) စိတ်ဖိစီးမှု
(ဂ) နှစ်မျိုးစလုံး
၆။ ကိုယ်အပူချိန်ဘယ်လောက်အထက် တက်သွားရင် Heatstroke ဖြစ်တတ်လဲ။
(က) ၁၀၀ ဒီဂရီ
(ခ) ၁၀၂ ဒီဂရီ
(ဂ) ၁၀၄ ဒီဂရီ
၇။ သာမိုမီတာကို ပါးစပ်ထဲထည့်မတိုင်း ခင် ရေသောက်ရပါမယ်။
(က) မှန်
(ခ) မှား
၈။ အိပ်နေစဉ်မှာ ကိုယ်အပူချိန်တွေ ပြောင်း တတ်တယ်။
(က) မှန်
(ခ) မှား
၉။ မမျိုးဥကြွေပြီးနောက်တစ်မနက်မှာ ကိုယ်အပူချိန်ဘယ်လိုဖြစ်နေတတ်ပါသလဲ။
(က) နည်းနည်းတက်နေတယ်
(ခ) နည်းနည်းကျနေတယ်
(ဂ) မပြောင်းလဲဘူး
၁၀။ အသက်ကြီးလာတာနဲ့အမျှ ကိုယ် အပူချိန်ကျလာတတ်လား။
(က) မှန်
(ခ) မှား
၁၁။ မာကျူရီပါတဲ့ ဖန်သာမိုမီတာကို သုံး ရတာစိတ်ချရလား။
(က) စိတ်ချရတယ်
(ခ) စိတ်မချရဘူး

၁။ (က) မှန်
စပိန်နိုင်ငံက သုတေသနပညာရှင် တွေရဲ့ လေ့လာချက်အရ လိမ်ပြောပါက နှာခေါင်းတင်မဟုတ်ဘဲ မျက်လုံးနားတစ် ဝိုက်ပါ နွေးလာတတ်ပါတယ်။ ဘာကြောင့် လဲဆိုတော့ လိမ်တဲ့အခါ စိတ်လှုပ်ရှားစိတ် ပူပန်တတ်ပြီး ကိုယ်အပူချိန်ပြောင်းလဲ တတ်တာကြောင့်ပါ။

၂။ (ခ) မှား
ကိုယ်အပူချိန်က ကိုယ်မှာ မဖုံးအုပ် ထားတဲ့ နေရာတွေမှန်သမျှကနေ ထွက် သွားတတ်ပါတယ်။ ခေါင်းစွပ်မစွပ်ထားတဲ့ခေါင်းကနေထွက်တဲ့အပူချိန်က ၁၀ ရာခိုင်နှုန်းထက်တော့ ကျော်မနေပါဘူး။ ဒါကြောင့် အေးတဲ့ရာသီ၊ အေးတဲ့အခန်း ထဲရောက်ရင် လုံခြုံအောင်ဝတ်ဆင်သင့် ပါတယ်။ ခြေဖျားလက်ဖျားအေးနေရင် ခြေအိတ်တွေ၊ လက်အိတ်တွေ စွပ်ထားပါ။

၃။ (က) မှန်
လူတစ်ယောက်သေဆုံးတဲ့အခါ ကိုယ်ထဲကနေ အပူတွေထွက်ရှိလာပြီး အခန်းတွင်းအပူချိန်နဲ့တူလာတဲ့အထိကို အပူချိန်ကျဆင်းလာတတ်ပါတယ်။ ဒါ ကြောင့်ကိုယ်ရဲ့ လက်ဖဝါးကို အလောင်း ရဲ့လက်အောက်ထားကြည့်ပါ။ ကိုယ်က နွေးနေတုန်းပဲဆိုရင် သေသွားတာ နာရီ ပိုင်းပဲရှိပါသေးတယ်။ အေးစက်တောင့် တင်းနေပြီဆိုရင်တော့ သေသွားတာ ၁၈ နာရီကနေ ၂၄ နာရီလောက်ရှိနေပါပြီ။

၄။ (က) မှန်
ကိုယ်အပူချိန်တက်ပြီး ဖျားတာနေ လို့ မကောင်းစေဘူးဆိုတာမှန်ပေမယ့် တကယ်ကဖျားတာဟာ နေမကောင်းဖြစ် စေတဲ့ ရောဂါပိုးတွေကို တိုက်ဖျက်နေတာ ပါ။ ပုံမှန်ကိုယ်အပူချိန် ၉၈.၆ ဒီဂရီဖာရင် ဟိုက်ထက် ဒီဂရီအနည်းငယ်ပဲ ပိုမြင့်နေ မယ်ဆိုရင် ရောဂါပိုးကိုတိုက်ဖျက်ဖို့ ကျန်း ကျန်းမာမာနဲ့ တိုက်ဖျက်နေတာပါ။ လူ ကြီးတွေမှာ ၁၀၂ ဒီဂရီထက်မကျော်သေး ရင် စိတ်ပူစရာမရှိပါဘူး။ ဒါပေမဲ့ ကလေး တွေမှာတော့ အဖျားက ၁၀၀.၄ ထက် ကျော်နေရင်၊ ခြောက်လအောက်ကလေး ငယ်လေးဖျားနေရင်၊ တစ်နှစ်အောက် ကလေးငယ်ဖျားတာ ၂၄ နာရီကျော်နေ ရင် ဆေးခန်းပြသင့်ပါတယ်။

၅။ (ဂ) နှစ်မျိုးလုံး
အေးတဲ့ပူတဲ့ခံစားမှုကိုဖြစ်စေတဲ့အရာတွေ အများကြီးရှိပါတယ်။ ရာသီဥတု အပြင် ကဖင်းဓာတ်တွေ၊ စိတ်ဖိစီးမှုတွေ၊ ရေဓာတ်ခြောက်ခန်းတာတွေ၊ လေ့ကျင့် ခန်းလုပ်တာတွေနဲ့ သိုင်းရွိုက်ဂလင်း ပြဿနာတွေက ကိုယ်အပူချိန်ကို ပြောင်းလဲစေနိုင်ပါတယ်။

၆။ (ဂ) ၁၀၄ ဒီဂရီ
ပူတဲ့အချိန်မှာ ခန္ဓာကိုယ်အေးအောင် ကိုယ်ထဲကနေ ချွေးအလိုလိုထွက်လာ လေ့ရှိပါတယ်။ ဒါပေမဲ့ ပူနွေးစိုထိုင်းတဲ့ အခါမျိုးမှာတော့ ချွေးမထွက်တော့လို့ ပိုလှောင်အိုက်တတ်ပါတယ်။ ခန္ဓာကိုယ် က ကိုယ့်ဟာကိုယ်အေးအောင် မလုပ်နိုင် တော့တဲ့အခါမျိုးမှာ ကိုယ်အပူချိန်တွေ မြင့်တက်လာတတ်ပါတယ်။ Heat-stroke ရတဲ့သူတွေက ချွေးထွက်လေ့မရှိပါဘူး။ အသက်ရှူရခက်သလို အသားအရေတွေ ကလည်း နီရဲလာတတ်ပါတယ်။ ရှော့ခ် ဖြစ်စေနိုင်သလို ဦးနှောက်နဲ့ ကိုယ်အင်္ဂါ တွေလည်း ပျက်စီးစေနိုင်ပါတယ်။ ဒါ ကြောင့် တစ်ယောက်ယောက် Heat-stroke ရတယ်လို့ သံသယဝင်ရင် နီးစပ် ရာဆေးရုံဆေးခန်းအမြန်ဆုံးပို့လိုက်ပါ။

၇။ (ခ) မှား
သာမိုမီတာနဲ့ ကိုယ်အပူချိန်မတိုင်းမီ ငါးမိနစ်အလိုမှာ ဘာအစာမှ ဘာရေမှ မသောက်ရပါတဲ့။ အစားအသောက်၊ အပူ တွေ၊ အအေးတွေက သာမိုမီတာဖတ်ရာ မှာတလွဲတချော်ဖြစ်စေနိုင်ပါတယ်။ အပူ ချိန်တိုင်းချိန်မှာ ပါးစပ်ကိုလည်း ပိတ် ထားပေးပါ။ လက်ကို ဆပ်ပြာရေနွေးလေး နဲ့ သေချာဆေးပေးပြီး သာမိုမီတာကို လည်း ရေအေးမှာဆေးကာ အရက်ပြန်နဲ့ ပါ သေချာဆေးပေးသင့်ပါတယ်။

၈။ (က) မှန်
ပုံမှန်ကိုယ်အပူချိန်က ၉၈.၆ ဒီဂရီ ဖာရင်ဟိုက်ပါ။ မနက်စောစောမှာ တစ် ဒီဂရီ- နှစ်ဒီဂရီလောက်တက်နေတတ် ပြီး နေ့လယ်စောင်းအထိတက်နေကာ ပြန်ကျသွားတတ်ပါတယ်။ အိပ်နေစဉ်မှာ ကိုယ်အပူချိန်ကျပြီး မနိုးခင် နာရီပိုင်း အလို မှာ ကိုယ်အပူချိန်အကျဆုံးဖြစ်နေတတ်ပါတယ်။ ကိုယ်အပူချိန်မြင့်တက်နေချိန် မှာ လူကနိုးကြားတက်ကြွနေတတ်ပြီး အပူချိန်ကျနေရင်တော့ ငိုက်မြည်းတတ် ပါတယ်။

၉။ (က) နည်းနည်းတက်နေတယ်
သားဥအိမ်ကနေ သားဥကြွေပြီး နောက်တစ်နေ့မနက် နိုးတဲ့အခါမှာ ကျန် တဲ့ရက်တွေမှာနိုးတာထက် ကိုယ်အပူချိန် အနည်းငယ် မြင့်တက်နေတတ်ပါတယ်။ Basal Thermometer နဲ့ လအနည်း ငယ် အကြာ နေ့တိုင်းတိုင်းကြည့်မယ်ဆို ရင် ကိုယ်အပူချိန်အနိမ့်အမြင့်ကို တွေ့ လာရမှာပါ။

၁၀။ (က) မှန်
အမြဲလိုလို ချမ်းနေတတ်ပါသလား။ အချမ်းဒဏ်ကို သိပ်မခံနိုင်တော့ဘူးလား။ ဒါဆိုရင်တော့ အသက်အရွယ်နဲ့ ဆိုင်ပါ လိမ့်မယ်။ လူကြီးတွေမှာ ပုံမှန်ကိုယ်အပူ ချိန်က ၉၈.၆ ဒီဂရီထက်ကျနေတတ်လို့ပါ။ ဒါကြောင့် အသက်ကြီးတဲ့အခါမှာ ဖျား ရင်လည်း ကိုယ်အပူချိန်သိပ်မတက်တော့ သိပ်မသိသာပါဘူး။

၁၁။ (ခ) စိတ်မချရဘူး
မာကျူရီပါတဲ့ ရှေးဟောင်းဖန်သာ မိုမီတာက ကွဲတတ်ပြီး အထဲက မာကျူရီ ကလည်း အဆိပ်သင့်တတ်ပါတယ်။ အဲဒီလိုသာမိုမီတာတွေ ရှိနေသေးရင် တော့ ပစ်လိုက်ပါတော့။ ပစ်ရာမှာလည်း ဖန်မကွဲ၊ မာကျူရီစိမ့်မထွက်အောင် သေချာထုပ်ပိုးပြီးမှ ပစ်ရပါမယ်။

ဒေါက်တာနုမြတ်သိင်္ဂီဦး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *