ကိုယ်အလေးချိန်ကျဆင်းစေမည့် Yoga Diet

သင်ဟာ ခန္ဓာကိုယ် ၀ပြဲနေတာကြောင့် စိတ်ပျက်နေပါသလား။ အောက်မှာဖော်ပြ ပေးထားတဲ့ ယောဂ diet ကို စားသုံးပေးရင် တစ်လကို ကိုယ်အလေးချိန် ၂-၆ ပေါင် အထိ ကျဆင်းနိုင်ပါတယ်တဲ့။

၁။ အခွံမာသီး
ကယ်လီဖိုးနီးယား လိုမိုင်လင်းဒါးတက္ကသိုလ်ရဲ့ မကြာခင်က ပြုလုပ်တဲ့လေ့လာမှု အရ အခွံမာသီး စားသုံးသူတွေက မစားသုံးသူတွေထက် အဝလွန်နိုင်ခြေ ၄၆ ရာခိုင် နှုန်းလျော့နည်းတယ်လို့ သိရပါတယ်။ အခွံမာသီးမှာ ပရိုတင်းနဲ့ အမျှင်ဓာတ်တွေ များစွာပါဝင်ပြီး အစာချေဖျက်နှုန်းနှေးကွေးနိုင်တဲ့အတွက် သင့်အနေနဲ့ အချိန်အကြာ ကြီး ဗိုက်ပြည့်တင်းမှုရရှိစေနိုင်ပါတယ်။ ဒါ့အပြင် အခွံမာသီးတွေက သွေးတွင်းသ ကြားဓာတ် ဒါမှမဟုတ် သွေးဖိအားကို ရုတ်တရက်မြင့်တက်တာမျိုး မဖြစ်စေတတ်ပါ ဘူး။ ဒါပေမဲ့ သင့်အနေနဲ့ စားသုံးတဲ့ ကယ်လိုရီပမာဏကို အလေးထားရပါမယ်။ တစ် နေ့ကို ဗာဒံစေ့ ၂၄ လုံးထက် ပိုမစားမိပါစေနဲ့။ မြေပဲဆိုရင် လက်တစ်ဆုပ်စာသာ စား သုံးပါ။

၂။ ပြောင်းဖူးပေါက်ပေါက်
သူက ကယ်လိုရီပါဝင်မှုအလွန်နည်းပါးပါတယ်။ ဒါပေမဲ့ ထောပတ်တွေ၊ ချိစ်တွေ နဲ့ ပြုလုပ်မထားတဲ့ ရိုးရိုးပေါက်ပေါက်အမျိုးအစားသာ ဖြစ်ရပါမယ်။ ဒါတွေအသုံးပြု ထားတဲ့ ပေါက်ပေါက်ကို စားသုံးမိရင် ကယ်လိုရီရရှိမှုက နှစ်ဆဖြစ်သွားပါလိမ့်မယ်။ ရိုးရိုး ပေါက်ပေါက် တစ်ခွက်စာမှာ ကယ်လိုရီ ၃၀ သာပါဝင်ပြီး အမျှင်ဓာတ်ကတော့ လေးဂရမ်အထိ ပါဝင်ပါတယ်။

၃။ အစပ်စာများ
အစပ်ကြိုက်သူတွေအတွက် ဝမ်းသာစရာပါ။ သူကအရသာကို ပိုမိုကောင်းမွန်စေ ပြီး ကိုယ်အလေးချိန်လည်း ကျဆင်းအောင် ကူညီနိုင်တာကြောင့်ပါ။

၎။ ရေ
ကိုယ်အလေးချိန်ကျဆင်းဖို့အတွက် ရေက မရှိမဖြစ်ပါ။ ဗိုက်ဆာတိုင်း ရေ သောက်ပါ။ ဗိုက်ဆာတာက အစာကိုတောင်းနေတာမဟုတ်ပါဘူး။ ဗိုက်ထဲကို တစ်ခုခု ဝင်ရောက်ဖို့ ဆန္ဒပြင်းပြနေတာဖြစ်လို့ပါ။ ရေချည်းပဲ မသောက်ချင်ရင် အဲဒီထဲကို ရှောက်ရည် ဒါမှမဟုတ် သံပရာရည် ထည့်သောက်နိုင်ပါတယ်။ ဂျာမန်သုတေသီတွေ ရဲ့ မကြာခင်က ပြုလုပ်တဲ့လေ့လာမှုအရ ရေ နှစ်ခွက်သောက်လိုက်တိုင်း ဇီဝရုပ်ဖြစ် ပျက်နှုန်းက ၃၀ ရာခိုင်နှုန်းမြင့်တက်သွားတယ်လို့ သိရပါတယ်။

၅။ ပန်းသီး
ပန်းသီး၊ မက်မွန်သီးနဲ့ ဘယ်ရီသီးလိုမျိုး အမျှင်ဓာတ်များစွာပါဝင်တဲ့ သစ်သီးတွေ က အချိန်အကြာကြီး ဗိုက်ပြည့်တင်းမှု ရရှိနိုင်တဲ့ သစ်သီးတွေဖြစ်တာကြောင့် သူတို့ကို စားသုံးရင် တော်ရုံနဲ့ ဗိုက်ဆာမှာ မဟုတ်တော့ပါဘူး။

၆။ ကြက်သား
ကြက်သား၊ အမဲသား၊ ငါးနဲ့ ကြက်ဥလိုမျိုး ပရိုတင်းတွေက ဇီဝရုပ်ဖြစ်စဉ်ကို မြှင့်တင်ပေးပြီး ကြွက်သားတည်ဆောက်မှုကို ကောင်းမွန်စေကာ ခန္ဓာကိုယ်တွင်း ပိုလျှံနေတဲ့အဆီတွေကို ချေဖျက်ပေးနိုင်ပါတယ်။

၇။ နံနက်စာ
မနက်စာကို မစားသုံးဘဲနေတာက အလွန်မှားယွင်းပါတယ်။ ခန္ဓာကိုယ်က မနက်စာကို စားသုံးဖို့ လိုအပ်ပါတယ်။ မစားဘဲ နေတာကြောင့် တစ်နေ့တာလုံး သင် စားသင့်တဲ့အတိုင်းအတာထက် နှစ်ဆလောက် ပိုမိုစားသုံးမိပြီး ကိုယ်အလေးချိန် မြင့် တက်လာနိုင်ပါတယ်။ မနက်စာစားသုံးတာကြောင့် သင့်ကို စွမ်းအင်ရရှိစေနိုင်ပြီး ဇီဝရုပ်ဖြစ်စဉ်မြင့်တက်လာကာ ကိုယ်အလေးချိန် ကျဆင်းနိုင်ပါတယ်။ အညိုရောင် ပေါင်မုန့်၊ ကြက်ဥပြုတ်နဲ့ ငှက်ပျောသီးလိုမျိုးအစားအစာတွေကို မနက်စာအဖြစ် စား သုံးပေးပါ။

၈။ အညိုရင့်ရောင်ချောကလက်
လေ့လာမှုတွေအရ ချောကလက်စားသုံးတာကြောင့် ကွတ်ကီး၊ ရေခဲမုန့်နဲ့ ဘာဂါ လိုမျိုး အစားအစာတွေကို စားသုံးမှုလျော့နည်းသွားတယ်လို့ သိရပါတယ်။ အညိုရင့်ရောင် ချောကလက်တွေက နို့ချောကလက်တွေထက် ကယ်လိုရီပါဝင်မှုနည်းပါးတဲ့အတွက် အညိုရင့်ရောင်အမျိုးအစားကို ရွေးချယ်ပါ။

၉။ အုတ်စပါး
ကောက်နှံတစ်ခုလုံးပါဝင်စာနဲ့ အုတ်စပါးတွေက ကိုယ်အလေးချိန်ကျဆင်းစေ မယ့် စီမံချက်ထဲမှာ မပါမဖြစ် အစားအစာတွေပါ။ အုတ်စပါးတွေမှာ အမျှင်ဓာတ်နဲ့ ရေဓာတ်တွေ များစွာ ပါဝင်တဲ့အတွက် ဗိုက်ပြည့်တင်းမှု ကို ရရှိနိုင်ပြီး အစာစားချင်စိတ် ကို ထိန်းချုပ်ပေးနိုင်ပါတယ်။

၁၀။ ပဲအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များ
သုတေသနပြုလုပ်ချက်အရ ဟင်းသီးဟင်းရွက်များစွာ စားသုံးသူတွေက ကယ် လိုရီရရှိမှု ၃၅၀ လျော့နည်းနိုင်တယ်လို့ သိရပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *