ကိုယ်အလေးချိန်ကျဆင်းအောင်ရေပမာဏ ဘယ်လောက်သောက်ဖို့လိုအပ်ပါသလဲ

သင်က ၀နေပြီး အရင်လို ပိန်ပိန် ပါးပါး အမြန်ပြန်ဖြစ်ချင်ရင် ရေများများ သောက်ရမယ်ဆိုတာကို သိထားရပါ လိမ့်မယ်။ ဒါပေမဲ့ အဲဒီသောက်ရမယ့်ရေ ပမာဏ ဘယ်လောက်လဲဆိုတာကိုသိရှိ မှာမဟုတ်တဲ့အတွက် ဖော်ပြပေးလိုက် ပါတယ်။

ကိုယ်အလေးချိန် ကျဆင်းဖို့အတွက် ရေ
ရေဟာ ခန္ဓာကိုယ်အလေးချိန်ရဲ့ ၆၆ ရာခိုင်နှုန်းအထိ ပါဝင်တာကြောင့် ကိုယ်အလေးချိန်ကျဆင်းဖို့အတွက် အ ကောင်းဆုံးသော အကူအညီဖြစ်ပါ တယ်။ ရေသောက်များတယ်ဆိုပေမယ့် အလွန်အကျွံသောက်မိရင် ခန္ဓာကိုယ် အတွင်း ဓာတ်ဆားမညီမျှမှုတွေဖြစ်ပေါ် လာပြီး ပျို့တာအန်တာနဲ့ ခေါင်းကိုက် တဲ့ဝေဒနာတွေခံစားရနိုင်ပါတယ်။

ကိုယ်အလေးချိန်ကျဆင်းဖို့ တစ်နေ့ကို ရေ ဘယ်လောက်သောက်ရမလဲ
အကောင်းဆုံးကတော့ ၈ ထ ၈ နည်း လမ်းကို လိုက်နာရပါမယ်။ ဒီနည်းလမ်း အရ ရှစ်အောင်စရှိတဲ့ ရေ ရှစ်ဖန်ခွက် သောက်ရမယ်လို့ဆိုလိုတာပါ။ ဒါက ရေ နှစ်လီတာနဲ့ညီမျှပါတယ်။ ဒါပေမဲ့ သု တေသီတွေက တစ်နေ့ ရေ လေးလီတာ သောက်ဖို့ လိုအပ်တယ်လို့ ဆိုထားပါ တယ်။ ခန္ဓာကိုယ်ပုံစံအမျိုးအစား၊ သင် ရဲ့ ကြံ့ခိုင်မှု၊ စားသောက်မှုပုံစံနဲ့ အိပ် စက်မှုအနေအထားပေါ်လိုက်ပြီး ရေ သောက်ရမယ့်ပမာဏ ပြောင်းလဲနိုင်ပါ တယ်။
သင့်အနေနဲ့ ကိုယ်အလေးချိန်ကျ ဆင်းဖို့ ကြံစည်ထားတဲ့အတွက် လေ့ ကျင့်ခန်းလည်း ပြုလုပ်မိမှာ မလွဲပါဘူး။ လေ့ကျင့်ခန်းလုပ်အပြီးမှာ ရေဓာတ်ပြန် လည်ဖြည့်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း သတိပြုပါ။ ရေဓာတ်ချို့တဲ့တာကြောင့် ခေါင်းကိုက်တာ၊ ခေါင်းမူးတာတွေ ဖြစ် လာနိုင်ပါတယ်။
ရေဓာတ်ဆိုတဲ့နေရာမှာ ရေတစ်မျိုး တည်းမှတ်ယူလို့ မရပါဘူး။ ဖျော်ရည်၊ ကော်ဖီနဲ့ လက်ဖက်ရည်တွေသောက်တဲ့ ပမာဏတွေကိုပါ ထည့်တွက်ရပါမယ်။ ဒါ့အပြင် အရည်ရွှမ်းတဲ့သစ်သီးတွေဖြစ် တဲ့ သခွားသီး၊ ခရမ်းချဉ်သီး၊ ဖရဲသီး၊ လိမ္မော်သီး စတဲ့ သစ်သီးတွေရဲ့ ပမာဏ တွေကိုပါထည့်တွက်ပေးရပါမယ်။ အောက် ပါနည်းလမ်းကတော့ သင်နေ့စဉ်သောက် ရမယ့်ရေပမာဏကိုတွက်ချက်ရမယ့် နည်း လမ်းပါ။

၁။ သင်ရဲ့ ကိုယ်အလေးချိန်ကို တိုင်း တာပါ။ သင်က အလေးချိန်များလေလေ၊ ရေသောက်ရမယ့်ပမာဏများလေလေပါ။
၂။ သင်ရဲ့ ကိုယ်အလေးချိန်အတိုင်း အတာကို ပေါင်ဖွဲ့ပါ။ တစ်ကီလို = ၂.၂ ပေါင်ဖြစ်ပါတယ်။
၃။ သင်ရဲ့ ကိုယ်အလေးချိန် ပေါင် ကို သုံးနဲ့စားပြီး နှစ်နဲ့မြှောက်ပါ။ ဥပမာအား ဖြင့် သင့်ကိုယ်အလေးချိန်က ပေါင် ၁၅၀ ရှိတယ်ဆိုရင် ၁၀၀ ရပါမယ်။ သင် နေ့စဉ် သောက်ရမယ့် ရေပမာဏက ၁၀၀ အောင်စဖြစ်ပါတယ်။
၎။ အကယ်၍ သင်က လေ့ကျင့်ခန်း လုပ်မယ်ဆိုရင် မိနစ် ၃၀ စာ လေ့ကျင့် ခန်းလုပ်ပြီးတိုင်း ရေ ၁၂ အောင်စ အပို သောက်ရပါမယ်။
အခုဖော်ပြပေးထားတဲ့ နည်းလမ်း ကတော့ အလွန်ဝတဲ့ သူတွေအတွက်ပါ။

သာမန်လူတွေအတွက် အောက်ပါ ယေဘုယျနည်းလမ်းအတိုင်း ပြုလုပ်နိုင် ပါတယ်။
၁။ ရေမငတ်သေးခင် ရေသောက်ပါ။ ရေငတ်နေပြီဆိုရင် သင့်ခန္ဓာကိုယ်က အနည်းငယ် ရေဓာတ်ချို့တဲ့နေတာကြောင့် ကိုယ်တွင်းအင်္ဂါတွေက ဦးနှောက်ကို အချက်ပြနေတာပါ။ ဒါကြောင့် တစ်နေ့ တာလုံးအတွက် ရေနည်းနည်းစီသောက် သွားပါ။
၂။ လေ့ကျင့်ခန်းလုပ်နေသူတွေအ တွက် ရေပိုသောက်ဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်း ရေကို ပုလင်းနဲ့ ဘယ်တော့မှ မော့မသောက်ပါ နဲ့။ အာဆွတ်ရုံသာ သောက်ပေးပါ။
၃။ ရေသောက်ဖို့ အခက်အခဲရှိရင် ရေ ထဲမှာ ရှောက်ရည်နဲ့ ပူဒီနာရွက်တွေ ထည့်သောက်နိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *