ကိုယ်အလေးချိန်လျော့ချနေသူများအနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်အောင် တစ်ပတ်ကို ပေါင်ဘယ်လောက်ထိ လျော့ချသင့်သလဲ???

1-3 ပေါင်
2. 4-9 ပေါင်
3. 10-15 ပေါင်
4. 15 ပေါင် နှင့် အထက်

အဖြေ-
ကိုယ်အလေးချိန်ပေါ် မူတည်ပြီး တစ်ပါတ်ကို ၁ပေါင် ကနေ ၃ပေါင် အထိချတာ ကျန်းမာရေးအတွက် အသင့်တော်ဆုံးပါ။

ဒီထက်ပိုပြီး မြန်မြန်ကျအောင် ဆိုပြီး –
1. ဆေးဝါးအကူအညီ တွေ နှင့် ဝိတ်ချတာ
2. အဆီကျ ကော်ဖီ နှင့် ဝိတ်ချတာ
3. တစ်နေကုန် ဘာမှ မစားပဲ နေတာ စသဖြင့် နည်းလမ်းမျိုးစုံ သုံးလာကြပါတယ်။

နောက်ဆက်တွဲ အနေနဲ့ ဝမ်းသွားများတာ၊ ဆီးသွားများတာ တွေဖြစ်ပြီး အစမှ တော့ ဝိတ်ကျသွားတယ်လို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ ဝိတ်တကယ်မကျပါ။

တစ်နေကုန် ဘာမှ မစားဘဲနေတာ၊ နည်းနည်းလေးပဲ စားတာတွေပာာ ဝိတ်တော့အမြန်ကျတာ မှန်ပေမယ့် အကျိုးဆက်အနေနဲ့ သွေးတွင်းအဆီဓါတ်တွေ ကမောက်ကမ ဖြစ်စေပါတယ်။ ဆိုလိုတာက မကောင်းတဲ့ ကိုလက်စထရောပမာဏတွေ များလာပြီး နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအနေနဲ့ နှလုံးသွေးကြောကျဉ်း ရောဂါ၊ အသည်းအဆီဖုံးရောဂါ၊ သွေးတိုး၊ ဆီးချို ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ဝိတ်ချတဲ့ နေရာမှာ အစားအသောက်ကို သင့်တော်ရုံ ဆင်ခြင်ပြီး လေ့ကျင့်ခန်းတစ်ခုခု ကစားပြီး ဖြေးဖြေး နဲ့ မှန်မှန် ဝိတ်ချတာ ကျန်းမာရေး အတွက် အကောင်းဆုံးပါ။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *