ကိုယ်အလေးချိန် ကျဆင်းအောင် နှိပ်နယ်နိုင်သောနေရာများ

အဝလွန်တာကြောင့် စိတ်ဖိစီးမှု များတာနဲ့ စိတ်ဓာတ်ကျတာတွေအပြင် ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ သွေးတိုးရော ဂါတွေ ဖြစ်ဖို့ အခွင့်အလမ်း အလွန်များတဲ့ အတွက် ကိုယ်အလေးချိန်များသူတွေဟာ ဝိတ်လျှော့ဖို့ နည်းလမ်းမျိုးစုံ အသုံးပြု နေကြပါတယ်။ ဒီနည်းလမ်းတွေထဲက နှိပ်နယ်တဲ့နည်းလမ်းတစ်ခုကိုလည်း ရှေး နှစ်ပေါင်းများစွာကတည်းက အသုံးပြု နေကြပြီး သူ့ကြောင့် ဇီဝရုပ်ဖြစ်စဉ် မြန် ဆန်လာကာ ကိုယ်အလေးချိန်ကျဆင်း သွားနိုင်တယ်လို့ သိရပါတယ်။ အောက် ဖော်ပြပါ နေရာတွေကို နှိပ်နယ်ပေးတာ ကြောင့် ခန္ဓာကိုယ်အနှံ့ စွမ်းအင်ရရှိနိုင်တဲ့ အပြင် ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ် ဆောင်ချက်တွေပါ ကောင်းမွန်နိုင်တဲ့အ တွက် ကိုယ်အလေးချိန်ကျဆင်းသွားပါ လိမ့်မယ်။
à မနှိပ်နယ်ခင်မှာ အသက်ရှူလေ့ ကျင့်ခန်း အရင်လုပ်ပါ။ အသက်ရှူသွင်း ချိန်ကို စိတ်ထဲမှာ တစ်ကနေ ရှစ်အထိ ရေတွက်ပါ။ အသက်ရှူထုတ်ချိန်က တစ် ကနေ ၁၆ အထိ ရေတွက်ချိန်ရှိရပါမယ်။ ဒီနည်းလမ်းအတိုင်း ၁၀ ကြိမ် ရှူသွင်းရှူ ထုတ်ပြုလုပ်ရပါမယ်။


၁။ လက်ပြင်ကြောနေရာ
ဒီနေရာက လည်ပင်းနဲ့ပခုံးဆုံမှတ် နေရာပါ။ တစ်မိနစ်ခန့် အပေါ်ကနေ အောက်ကို အသာအယာ ဆွဲချပြီး နှိပ် သွားပေးပါ။ နောက်တစ်ဖက်ပြောင်းလုပ် ပါ။ နေ့စဉ် ပြုလုပ်ပါ။


၂။ နှာခေါင်းရိုးနှင့် မျက်လုံးကြားနေရာ

ဒီနေရာကနေ နှာရိုးထိပ်ကို ရောက် အောက် လက်နဲ့ အပေါ်ဘက်သို့ ပင့်ပြီး ဆွဲတင်ရပါမယ်။ တစ်မိနစ်ခန့် နှိပ်ပေးပါ။ နောက်တစ်ဖက်ကို ပြောင်းလုပ်ပါ။


၃။ မျက်ခုံးနှစ်ခုကြားနေရာ

သင့်လက်ညှိုးကို မျက်ခုံးနှစ်ခုကြား မှာ ထားကာ အဲဒီနေရာကို အချိန်ရရင် ရသလို အသာအယာ ဖိနှိပ်ပေးပါ။ အတင်းမဖိနှိပ်ရပါဘူး။ သိပ်ပင်ပန်းလွန်း တဲ့အခါမှာ အဲဒီနေရာကို နှိပ်ပေးရင် မနူထေ ရရှိသွားနိုင်ပါတယ်။


၎။ ရင်ညွန့်ရိုးနေရာ

ရင်ညွန့်ရိုးအလယ်တည့်တည့်က နေရာဖြစ်ပြီး နေ့စဉ် တစ်မိနစ်ခန့် အပေါ် ဘက်ကို ဆွဲနှိပ်ပေးရပါမယ်။ စွမ်းအင် တွေရရှိနိုင်တဲ့နေရာဖြစ်ပြီး ကိုယ်အလေး ချိန်ကျဆင်းဖို့လည်း ကူညီနိုင်ပါတယ်။


၅။ နားရွက်နှင့် နားထင်ကြားနေရာ

နားရွက်နဲ့နားထင် ထိစပ်နေတဲ့နေ ရာဖြစ်ပြီး ကြွက်သားရဲ့ အနောက်ဘက် နေရာမှာ ရှိပါတယ်။ သင့်လက်ညှိုးနဲ့ အသာအယာနှိပ်ပေးပါ။


၆။ ဝမ်းဗိုက်

ဇီဝရုပ်ဖြစ်စဉ် ကောင်းမွန်လာတဲ့ အတွက် ကိုယ်အလေးချိန်ကျဆင်း အောင် ကူညီနိုင်ပါတယ်။ ချက်အောက် တစ်လက်မအကွာနေရာမှာပါ။

၇။ ရင်ညွန့်အောက်နေရာ

ရင်ညွန့်အောက်က ဝမ်းဗိုက်ပေါ်က ချိုင့်နေတဲ့နေရာနှစ်ခုပါ။ ဖိအားအနည်း ငယ်ပေးပြီး အပေါ်ဘက်သို့ ပင့်တင် နှိပ် ပေးရပါမယ်။


၈။ တံတောင်ဆစ်

တံတောင်ဆစ်ရဲ့ အတွင်းဘက်နေ ရာဖြစ်ပြီး သင့်လက်မကို အသုံးပြုကာ နေ့စဉ် တစ်မိနစ်ခန့် နှိပ်ပေးပါ။ နောက် တစ်ဖက် ပြောင်းလုပ်ပါ။


၉။ ဒူးခေါင်းအောက်နေရာ

ဒီနေရာကို နေ့စဉ် နှိပ်နယ်ပေးရင် စွမ်းအင်စီးဆင်းမှုကောင်းမွန်နိုင်ပါတယ်။ ဒူးခေါင်းနှစ်ဖက်စလုံးကို နေ့စဉ် နှိပ်ပေး ပါ။


၁၀။ ခြေချင်းဝတ်

ခြေချင်းဝတ်အတွင်းဘက်ခြမ်း နေရာနဲ့ အပြင်ဘက်ခြမ်းနေရာဆိုပြီး နှစ် နေရာရှိပါတယ်။ ဒီနေရာကို နှိပ်ပေးပါက ကိုယ်အလေးချိန်ကျဆင်းရုံသာမက ကျန်း မာရေးကောင်းမွန်နိုင်တဲ့အကျိုး ကျေး ဇူးပါ ရရှိနိုင်ပါတယ်။ နေ့စဉ် တစ်မိနစ်ခန့် နှိပ်ပေးပါ။


၁၁။ အပေါ်နှုတ်ခမ်းအပေါ်နေရာ

နှာခေါင်းအောက်ဘက် အပေါ်နှုတ် ခမ်းရဲ့ အပေါ်ဘက်က အနည်းငယ်ချိုင့် ဝင်နေတဲ့နေရာပါ။ တစ်မိနစ်ခန့် အောက် ဘက်သို့ဆွဲချပြီး နှိပ်ပေးပါ။


၁၂။ လက်

လက်ရဲ့အပြင်ဘက်မှာ တည်ရှိပါ တယ်။ လက်ညှိုးနဲ့လက်မဆုံတဲ့နေရာကို သင်ရဲ့ လက်ချောင်းနဲ့ ဖိနှိပ်ပေးပါ။


၁၃။ ခြေထောက်

ခြေဖဝါးမှာတော့ ဖိနှိပ်နိုင်တဲ့နေရာ များစွာ ရှိပါတယ်။ ဒီနေရာတွေကို နှိပ် နယ်ပေးတာက အစာခြေစနစ်ကို သန်မာ စေပြီး ဇီဝရုပ်ဖြစ်စဉ်ကို မြှင့်တင်ပေးပါ တယ်။ ခန္ဓာကိုယ်အတွင်း စွမ်းအင်စီး ဆင်းမှုနဲ့ သွေးလှည့်ပတ်မှု ကောင်းမွန်နိုင် ပါတယ်။
အထက်ပါနှိပ်နယ်ပေးနိုင်တဲ့ နေရာ ၁၃ ခုကို နှိပ်ပေးတဲ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာ စားသုံးတာနဲ့ လေ့ကျင့်ခန်းကို လုံလုံလောက်လောက် ပြုလုပ်ပေးတာလိုမျိုး ဘ၀နေထိုင်မှုပုံစံ တွေကြောင့် သင့်ကိုယ်အလေးချိန်က များမကြာခင်ကာလအတွင်းမှာ သင်လို ချင်တဲ့အနေအထားကို ရောက်ရှိသွားမှာ မလွဲပါဘူး။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *