ကိုယ်ဝန်ပျက်မကျစေရန် ကိုယ်ဝန်ဆောင်ကာလအတွင်း ရှောင်ကြည်သင့်သောအစားအစာများ

ကိုယ်ဝန်ဆောင်ကာလဟာ အမျိုးသမီးတွေအတွက် အလွန်အရေးကြီးတဲ့အချိန် ပါ။ ဒီကာလမှာ မိမိတို့ရဲ့ ခန္ဓာကိုယ်ပုံသဏ္ဌာန်ပြောင်းလဲရုံသာမက စိတ်နေစိတ်ထား၊ မိမိက ဦးစားပေးပြီး ပြုလုပ်ရတဲ့အရာနဲ့ ဘ၀နေထိုင်မှုပုံစံ အစရှိတာတွေ အားလုံး အပြောင်းအလဲဖြစ်လာပါတယ်။ ဒါကြောင့် ဒီကာလမှာ ကျန်းမာရေးကောင်းမွန်ဖို့အ တွက် ဘ၀နေထိုင်မှုပုံစံတွေအပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေပါ စား သုံးဖို့လိုအပ်ပါတယ်။ သင့်အနေနဲ့ သင်စားချင်တာတွေအားလုံးကို စားသုံးနိုင်တယ်လို့ ထင်ရပေမယ့် တချို့အစားအစာတွေကိုတော့ မစားသုံးသင့်ဘူးလို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။
ကျန်းမာတဲ့ကလေးကို မွေးဖွားနိုင်ဖို့အတွက် ကိုယ်ဝန်ဆောင်ကာလအတွင်း အောက်ပါအစားအစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။

အသားစိမ်း၊ ငါးစိမ်း၊ ကြက်ဥအစိမ်း
အသားစိမ်း၊ ငါးစိမ်းနဲ့ ကြက်ဥစိမ်းတွေမှာ သင့်သန္ဓေသားကို ဒုက္ဓပေးမယ့် ဘက် တီးရီးယားနဲ့ ဆယ်မိုနဲလားပိုးမွှားတွေ များစွာပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ပြောင်းလဲလာတဲ့ သွေးလှည့်ပတ်မှုအဖွဲ့နဲ့ ဇီဝရုပ်ဖြစ်စဉ်တွေက ဒီဘက်တီးရီးယား တွေကို တွန်းလှန်နိုင်တဲ့ အင်အားမရှိပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ ဆိုး ကျိုးတွေမပေါ်ပေါက်အောင် အစိမ်းစားတဲ့အလေ့အထကို ရှောင်ရှားလိုက်ပါ။

အရက်နှင့် ကဖင်း
ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ အရက်နဲ့ ကဖင်းဓာတ်ကို ပမာဏများစွာ သောက်သုံးတာက သန္ဓေသားအတွက် အန္တရာယ်ဖြစ်နိုင်ပါတယ်။ သူတို့က အချင်း ကို ဖောက်ပြီး သန္ဓေသားဆီရောက်သွားနိုင်တာကြောင့်လို့ သုတေသီတွေက ဆိုပါ တယ်။ ဒါကြောင့် ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ၊ ကဖင်းပါတဲ့ဖျော်ရည်နဲ့ အယ်လ် ကိုဟောတွေကို ကိုယ်ဝန်ဆောင်ကာလမှာ ရှောင်ကြဉ်သင့်ပါတယ်။ သူတို့က ကြီးထွား နေတဲ့ သန္ဓေသားပေါ်မှာ ပြဿနာမျိုးစုံဖြစ်ပေါ်စေပြီး ကိုယ်ဝန်ပျက်ကျတဲ့အထိ ဆိုးရွားနိုင်ပါတယ်။

သေချာကျိုချက်မထားသော နွားနို့
ကိုယ်ဝန်ဆောင်ကာလမှာ နွားနို့ကို ပိုမိုသောက်သုံးဖို့အတွက် လူတွေက အကြံ ပေးတတ်ကြပါတယ်။ နွားနို့မှာ ကယ်လ်စီယမ်နဲ့ ပရိုတင်းတွေများစွာ ပါဝင်တဲ့အတွက် မိခင်ရော၊ ကလေးရဲ့ ကျန်းမာရေးအတွက်ပါ အထောက်အကူပြုပါတယ်။ ဒါပေမဲ့ နွားနို့ကို သေချာကျိုချက်မထားရင်တော့ ဆယ်မိုနဲလားနဲ့ လစ်စတီးရီးယားပိုးမွှားတွေက သန္ဓေသားဆီကို ကူးစက်နိုင်ပါတယ်။ မိခင်မှာလည်း အစာအဆိပ်သင့်တဲ့အခြေအနေ ဖြစ်ပေါ်နိုင်ပါတယ်။

သကြားပါဝင်မှုများသောအစားအစာ
ကိုယ်ဝန်ဆောင်မိခင်တွေက ကိတ်မုန့်၊ ချောကလက်၊ ရေခဲမုန့်လိုမျိုး အစားအ စာတွေကို စားချင်စိတ်ပေါ်ပေါက်တတ်ပါတယ်။ ဒီအစားအစာတွေမှာ ပါဝင်တဲ့ များစွာ သော သကြားတွေက မိခင်ကို အန္တရာယ်ပေးနိုင်ပါတယ်။

မာကျူရီပါဝင်မှုမြင့်မားသောငါး
တချို့ငါးတွေမှာ မာကျူရီပါဝင်မှုတွေ အလွန်များပြားတဲ့အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေစားဖို့ မသင့်တော်ပါဘူး။ ဒီငါးတွေက သန္ဓေသားရဲ့ ဦးနှောက်ပျက်စီး နိုင်ပြီး သန္ဓေသားကြီးထွားမှုကိုလည်း ဟန့်တားနိုင်ပါတယ်။ တူနာ၊ ပုစွန်၊ ခရု၊ ငါးမန်း၊ ငါးသလောက်ကြီး စတဲ့ငါးတွေမှာ မာကျူရီပါဝင်မှုအလွန်များပြားပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ကာလမှာ ဆူရှီလိုမျိုး အစားအစာတွေကိုလည်း မစားသင့်ပါဘူး။

ဗီတာမင် အလွန်အကျွံမှီဝဲခြင်း
ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်အနေနဲ့ သန္ဓေသားကြီးထွားဖို့အတွက် လိုအပ် တဲ့အာဟာရတွေရဖို့ ဗီတာမင် ပေါကြွယ်ဝတဲ့အစားအစာအားလုံးကို စားသုံးဖို့ လိုအပ် ပါတယ်။ ဒါပေမဲ့လည်း တန်ဆေး လွန်ဘေး ဆိုသလိုပါပဲ။ ဗီတာမင်တွေကို အလွန် အကျွံမှီဝဲခဲ့ရင် မိခင်ရော၊ ကလေးမှာပါ ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ကလေးမှာ မွေးရာပါချို့ယွင်းချက်တွေလည်း ပါလာနိုင်ပါတယ်။

ပရဆေးဖြင့်ပြုလုပ်ထားသောအားဖြည့်ဆေးများနှင့် ဆေးဖက်ဝင်လက်ဖက်ရည်
ဆေးဖက်ဝင်လက်ဖက်ရည်နဲ့ ပရဆေးနဲ့ပြုလုပ်ထားတဲ့အားဖြည့်ဆေးတွေကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အသုံးပြုလာခဲ့ကြပြီး သူတို့ကလည်း ကျန်းမာ ရေးအတွက် အထိုက်အလျောက်အကျိုးကျေးဇူးရှိပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင် ကာလမှာတော့ ဒါတွေကို ရှောင်ကြဉ်သင့်ပါတယ်။ တချို့ဆေးဖက်ဝင်အရွက်တွေက သန္ဓေသားကို ထိခိုက်ဒဏ်ရာရတာ၊ အချိန်မတိုင်ခင်မွေးဖွားတာနဲ့ ကိုယ်ဝန်ပျက်ကျ တာတွေအထိ ဖြစ်လာနိုင်တာကြောင့်ပါ။

ဒိန်ခဲအပျော့
ဒိန်ခဲအပျော့စားတွေကိုလည်း ကိုယ်ဝန်ဆောင်ကာလမှာ ရှောင်ကြဉ်သင့်ပါ တယ်။ ဒီအစားအစာတွေမှာ လစ်စတီးရီးယားလိုမျိုး ဘက်တီးရီးယားပိုးမွှားတွေ ပါဝင် တာကြောင့်ပါ။

အညှောင့်၊ အညွန့်အမျိုးအစားဟင်းသီးဟင်းရွက်များ
ပဲပင်ပေါက်လိုမျိုး အညှောင့်အမျိုးအစား ဟင်းသီးဟင်းရွက်တွေနဲ့ ဘူးညွန့်လို မျိုး အညွန့်အမျိုးအစားဟင်းသီးဟင်းရွက်တွေမှာ သတ္တုဓာတ်နဲ့ ပရိုတင်းတွေ များစွာ ပါဝင်တဲ့အတွက် ကျန်းမာရေးအတွက် အလွန်အထောက်အကူပြုပါတယ်။ ဒါပေမဲ့ သူတို့ကို ကိုယ်ဝန်ဆောင်ကာလမှာ အစိမ်းစားရင် ဘက်တီးရီးယားပိုးမွှားတွေ ကူးစက် ခံရပြီး အစာအဆိပ်သင့်နိုင်ပါတယ်။

အဆီများသောအစားအစာများ
ဆီကြော်စာ၊ ပြုပြင်ထားသောအစားအစာ၊ အဆင်သင့်စာတွေကို စားသုံးတာက သွေးတွင်းကိုလက်စထရောအဆင့်တွေမြင့်တက်လာပြီး နှလုံးရောဂါရရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ ဒီအစားအစာတွေကို အထူးရှောင်ကြဉ်သင့်ပါ တယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal