ကိုယ်တွင်းကနာကျင်မှုကို ပျောက်ကင်းစေနိုင်သည့် နှိပ်နည်းများ

အနှိပ်ကောင်းကောင်းခံတာက ခန္ဓာကိုယ်ဖြေလျော့မှုရှိပြီး စွမ်းအင်အသစ်တွေလည်း တိုးပွားလာပါတယ်။ စိတ်ခံစားမှုလည်းကောင်းမွန်နိုင်ပြီး ကြွက်သားမျှင်တွေရဲ့ ပြန်လည်ပြုပြင်နိုင်တဲ့ရာခိုင်နှုန်းလည်း မြင့်တက်နိုင်ပါတယ်။ ဒါ့အပြင် စိတ်ကျဝေဒနာကိုလည်း သက်သာနိုင်ပါတယ်။
နေ့စဉ် များပြားလှတဲ့ စိတ်ဖိစီးမှုဒဏ်ကြောင့် တင်းမာနေတဲ့ကြွက်သားနေရာကို သက်သာပျောက်ကင်းအောင် ဖော်ပြပါနှိပ်နည်းတွေကို အသုံးပြုကြည့်လိုက်ပါ။
♦ သွားဖုံးနာတာသက်သာအောင်
သင့်လက်ချောင်းနဲ့ သွားဖုံးကိုနှိပ်ပါ
♦ သေချာဆေးကြောထားတဲ့ သင့်လက်ညှိုးနဲ့ သွားဖုံးကို အောက်ဘက်မှစတင်ပြီး အပေါ် ဘက်ကို နှိပ်ပေးပါ။
♦ အနည်းငယ်ဖိအားပေးပြီး စက်ဝန်းပုံသဏ္ဌာန် နှိပ်သွားရပါမယ်။
♦ နာကျင်လာရင်တော့ နှိပ်တာကို ရပ်လိုက်ပါ။
♦ ခြေထောက်နာတာ သက်သာအောင်
တင်းနစ်ဘောလုံးနဲ့ခြေဖဝါးကိုနှိပ်ပါ
♦ ထိုင်ခုံတစ်လုံးပေါ်မှာထိုင်ပြီး သင့်ခြေထောက် ကို ကြမ်းပြင်နဲ့ ထိထားပါ။ ဖိနပ် စီးမထားပါနဲ့။
♦ တင်းနစ်ဘောလုံးတစ်လုံးကို ခြေဖဝါးအောက် မှာထားပြီး သူ့ကို အရှေ့မှအနောက်အတိုင်း ခြေချောင်းဆီမှ ခြေဖနောင့်ဘက်သို့ လှိမ့်ပေး ပါ။
♦ မိနစ်အနည်းငယ်လောက် ပြုလုပ်ပြီးနောက် နောက်တစ်ဖက်ကိုပြောင်းလဲပြီး လုပ်ပါ။
♦ ခြေဖဝါးတစ်နေရာရာက နာကျင်နေရင် အဲဒီနေရာကို တင်းနစ်ဘောလုံးနဲ့ စက်ဝန်းပုံစံအတိုင်း နှိပ်ပေးပါ။
♦ ဒီနည်းလမ်းကို မတ်တတ်ရပ်ပြီးလည်း ပြု လုပ်နိုင်ပါတယ်။
♦ ဇက်ကြောနဲ့ နောက်ကျောနာတာ သက်သာအောင်
တင်းနစ်ဘောလုံးနဲ့ နောက်ကျောရိုးကိုနှိပ်ပါ
♦ နံရံတစ်ခုကိုမှီပြီး မတ်တတ်ရပ်ပါ။ တင်း နစ်ဘောလုံးတစ်လုံးကို နံရံနဲ့နောက်ကျော ရိုးကြားမှာထားပြီး အပေါ်အောက်နဲ့ ဘေး တစ်ဖက်တစ်ချက်စီ ရွှေ့ပေးပါ။
♦ ခံနိုင်ရင် ဖိအားပိုပေးပေးပါ။
♦ ခါးနာတာအတွက် တင်းနစ်ဘောလုံး နှစ်လုံး ကို ခြေအိတ်ထဲထည့်ပြီး ချည်ထားကာ သူ့ အပေါ်မှာ လဲလျောင်းပြီး ခါးနဲ့ နောက်ကျော ရိုးကို ဖိအားပေးပါ။ ကိုယ်ကို မလှည့်မိစေဘဲ ဘောလုံးကိုသာ နေရာ အနှံ့အပြားရွှေ့ပြောင်း အောင် ပြုလုပ်ပါ။
♦ ဦးခေါင်းနဲ့ လည်ပင်းတင်းမာပြီး ရောင်ရမ်းမှု လျော့နည်းသွားအောင်
ပြန်ရည်ကြောစနစ်စီးဆင်းမှုကောင်းတဲ့ နှိပ်နည်းကိုအသုံးပြုပါ
♦ သင့်လက်တွေကို ညှပ်ရိုးပေါ်မှာ ယှက်တင် ထားပြီး လက်ခလယ်ကို ညှပ်ရိုးအတွင်းမှာ ထားပါ။ လက်ကို အသာလေးဆွဲပြီး ညှပ်ရိုးကို အကြိမ်ပေါင်း ၅၀-၁၀၀ ထိ ပုတ်ပေးပါ။ နှစ်စက္ကန့်ကို တစ်ကြိမ်နှုန်းပါ။
♦ သင့်လက်ဖဝါးနှစ်ဖက်ကို ဇက်ရဲ့ ဘေးတစ်ဖက် တစ်ချက်မှာထားပါ။ လက်သန်းက နားရွက် နောက်မှာ ရှိရပါမယ်။ လက်ချောင်းလေးတွေ ကို အောက်ဘက်ကို တဖြည်းဖြည်းဆွဲချပါ။ အကြိမ် ၅၀ ပြုလုပ်ပြီးနောက် လက်တွေကို ဇက်နောက်ဘက်ရွှေ့ပြီး ဒီအတိုင်း နှိပ်ပေးပါ။
♦ သင့်နားရွက်တွေကို သင့်လက်ခလယ်၊ လက် သူကြွယ်နဲ့ညှပ်ပြီး V ပုံသဏ္ဌာန် ပြုလုပ်ကာ အောက်ဘက်ကို အကြိမ် ၅၀ ဆွဲချပါ။
♦ အစာစားပြီး အစာကြေလွယ်အောင်
ဝမ်းဗိုက်ကို အသာအယာနှိပ်ပါ
♦ အစာစားအပြီးခဏအကြာမှာ ပက်လက် လှဲပါ။ သင့်ဝမ်းဗိုက်ကို သင့်လက်တစ်ဖက်နဲ့ အရင်ပွတ်ပေးပြီးမှ လက်နှစ်ဖက်စလုံးကို အသုံးပြုပါ။
♦ အစာအိမ်အပေါ်နေရာက နာရီစက်ဝန်း ပုံစံပွတ်ပြီး ရွေ့လျားပေးရမှာဖြစ်ပါတယ်။ အစာကြေဖို့ အထောက်အကူရရှိနိုင်ပါ တယ်။
♦ သင့်ကလေးငယ်တွေဗိုက်နာရင်၊ အစာမကြေ ရင် သင့်လက်နွေးနွေးထွေးထွေးနဲ့ ပွတ်ပေးပါ။ လေထိုးတာသက်သာနိုင်ပါတယ်။
♦ စိတ်တင်းမာမှုတွေ လျော့သွားအောင်
လက်နဲ့ လက်ကောက်ဝတ်ကို နှိပ်ပါ
♦ ဘယ်ဘက်လက်ကောက်ဝတ်ကို ညာဘက် လက်နဲ့ သွေးခုန်နှုန်းတိုင်းသလိုမျိုး ဖိထားပြီး အပေါ်အောက်နဲ့ ဘေးတစ်ဖက်တစ်ချက် ရွှေ့ပြီး နှိပ်ပါ။ ပြီးရင် လက်ဖဝါးအလယ်နေရာ ကို နှိပ်လိုက်ပါ။
♦ ပြီးရင် လက်ချောင်းတစ်ချောင်းချင်းစီရဲ့ အောက်ခြေနေရာကစပြီး လက်ဖျားထိပ်ထိ နှိပ်ပေးပါ။ အကြိမ်အနည်းငယ်စီ ပြုလုပ် ပြီးနောက် လက်ဆစ်တွေကို ဆွဲဆန့်လိုက်ပါ။
♦ နောက်လက်တစ်ဖက်ကို ပြောင်းလုပ်ပါ။
♦ နှာပိတ်တာ သက်သာအောင်
သင့်လက်ချောင်းနဲ့ နှာခေါင်းကိုနှိပ်ပါ
♦ သင့်လက်ချောင်းကိုအသုံးပြုပြီး နှာရင်းထိပ် ကို ဖိအားပေးပါ။ ပထမဆုံး မျက်ခုံးရိုးပေါ် ကို အကြိမ်အနည်းငယ် ပွတ်ပြီးနှိပ်ပါ။
♦ ပြီးရင် နှာရင်းထိပ်မှ မျက်လုံးနေရာကို ပွတ်တိုက်ပြီးနှိပ်ပါ။
♦ နောက်ဆုံးအနေနဲ့ သင့်လက်မကို အသုံးပြုပြီး ပါးရိုးပေါ် စက်ဝန်းပုံစံနှိပ်ပေးပါ။
♦ မေးရိုးနာကျင်တာ သက်သာအောင်
ခဲတံအသုံးပြုပြီး ကြွက်သားလေ့ကျင့်ခန်းပြုလုပ်ပါ
♦ ခဲတံ ဒါမှမဟုတ် ထမင်းစားတူတစ်ချောင်း ကို သွားနဲ့ညှပ်ထားပါ။ ပြီးရင် မေးရိုးကို တစ် ဖက်တစ်ချက်စီ ရွေ့လျားပါ။ အကြိမ် အနည်း ငယ်ပြုလုပ်ပြီးနောက် လုပ်ရတာ လွယ်ကူသွား ရင် သူ့ထက်အနည်းငယ်ကြီးတဲ့ပစ္စည်း (ဥပ မာ Soft Pen) ကို အသုံးပြုပါ။
♦ နောက်တစ်နည်းကတော့ ဘေးဘက်ကို ရွေ့ လျားမယ့်အစား မေးစေ့အရှေ့ထွက်လာပြီး အ ပေါ်သွားတွေက အောက်သွားတွေရဲ့ အ နောက်ဘက်ကို ရောက်လာအောင် လေ့ကျင့် ပါ။
♥ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal