ကုလားပဲကိုအလှအပအတွက် ဘယ်လို သုံးမလဲ

ကုလားပဲမှာ ကျန်းမာရေးအတွက် ကောင်းကျိုးတွေ များစွာရှိပါတယ်။ ဟင်းလျာ ချက်ပြုတ်စားတာ၊ ကုလားပဲကို ရေစိမ်ထောင်းပြီး ဘယာကြော် ကြော် စားတာ၊ ပြုတ်ပြီး အသီးအရွက်တွေနဲ့ရောကာ သုပ်စားတာ စတဲ့ ချက်ပြုတ် နည်းပေါင်းစုံနဲ့ စားသုံးကြပေမယ့် အများစုက ကုလားပဲရဲ့ ကောင်းကျိုးတွေကို သိရှိသူ နည်းကြပါတယ်။ ကုလားပဲကနေ ပရိုတင်းဓာတ် များစွာရရှိနိုင်ပြီး အလှ အပရေးရာအတွက်လည်း ကောင်းကျိုးတွေ များစွာ ပေးစွမ်းနိုင်တယ်ဆိုတာ သင် သိပါရဲ့လား . . .

သွယ်လျလှပစေတယ်
ကုလားပဲမှာ အမျှင်ဓာတ်တွေ များ စွာပါတဲ့အပြင် ပရိုတင်းဓာတ်လည်း မြင့် မားစွာပါဝင်ပါတယ်။ ဒီအာဟာရဓာတ် နှစ်မျိုးက ဗိုက်ပြည့်စေပြီး ဆာလောင်မှု လျော့နည်းအောင် ထိန်းချုပ်နိုင်ပါတယ်။ ကုလားပဲထဲမှာ ခန္ဓာကိုယ်အတွက် မရှိ မဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါ ဝင်လို့ ကိုယ်အလေးချိန် ထိန်းချုပ်ရာ မှာများစွာအထောက်အကူပြုပါတယ်။

အရေးကြောင်းကင်းစင်စေတယ်
ကုလားပဲမှာ မဂ္ဂနီဆီယမ်များစွာ ပါဝင်လို့ အရေပြားဆဲလ်တွေ ဖြစ်ပေါ်မှု ကို အားပေးတဲ့အပြင် ဓာတ်တိုးပစ္စည်း တွေ ဖယ်ရှားပေးလို့ အရေးကြောင်းဖြစ် ပေါ်မှုကို လျော့နည်းစေပါတယ်။ အရေ ပြားကို အဆိပ်အတောက် ဖြစ်စေတဲ့ အရာတွေကိုလည်း ဖယ်ရှားပေးပြီး အ ရေပြားအာဟာရဖြစ်စေတဲ့ ဖောလိတ်နဲ့ ဗီတာမင် B တွေ များစွာပါဝင်ပါတယ်။ နေလောင်တာနဲ့ အဆိပ်အတောက်တွေ ကြောင့် အရေပြားပျက်စီးမှုမှ ကာကွယ် ပေးပါတယ်။

မျက်နှာပေါင်းတင်နိုင်တယ်
ကုလားပဲမှုန့်ကို နနွင်းနဲ့ ရေအ နည်းငယ် ရောပြီး ခပ်ပျစ်ပျစ်ပြုလုပ်ကာ မျက်နှာအနှံ့လိမ်းပေးပါ။ ခြောက်အောင် ထားပြီးမှ ကြက်သီးနွေးရေနဲ့ သန့်စင် ပေးပါ။ မျက်နှာသန့်စင်စေပြီး ဆဲလ်သေ တွေကိုဖယ်ရှားပေးပါတယ်။ အသားအ ရောင်မှန်စေပြီး အရေပြား အစိုဓာတ်ကို ထိန်းပေးပါတယ်။

မျက်နှာသန့်စင်ပေးတယ်
ကုလားပဲမှုန့်ကို သဘာဝသန့်စင် ပစ္စည်းအဖြစ်အသုံးပြုနိုင်တယ်။ ကုလား ပဲကိုပြုတ်ပြီး ကြေညက်အောင် ခြေပါ။ ပြီးနောက် မျက်နှာနဲ့ ခန္ဓာကိုယ် အနှံ့လိမ်း ပြီး ကြေးချွတ်သန့်စင်နိုင်ပါတယ်။ သက် ကြီးအစက်အပြောက်တွေနဲ့ အညိုရောင်၊ အမည်းရောင်အကွက်တွေကို လျော့ပါး စေပါတယ်။

ပွေးပေါက်တာမဖြစ်အောင် ကာ ကွယ်ပေးတယ်
ကုလားပဲကို နေ့စဉ်စားသုံးတဲ့အစား အစာထဲထည့်ပြီး အနည်းဆုံး တစ်လ စားပေးပါ။ အရေပြားမှာ ပွေးပေါက်တာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

ခရုသင်းဖြစ်တာကို ကုသနိုင် တယ်
ကုလားပဲကို ရေဆွတ်ပြီး အစို့အ ညှောင့် ထွက်လာတဲ့အထိ ထားပါ။ ခရု သင်းရှိသူတွေအနေနဲ့ အဆိုပါ ကုလား ပဲကို နေ့စဉ်ချက်ပြုတ် စားသုံးပါ။

မျက်နှာပေါ်ရှိ မလိုအပ်သော အမွေးအမှင်တွေကို ဖယ်ရှား ပေးတယ်
ကုလားပဲကို မျက်နှာပေါ်ရှိ မလို အပ်တဲ့ အမွေးအမှင်တွေကို ဖယ်ရှားရာ မှာအသုံးပြုနိုင်ပါတယ်။ ကုလားပဲမှုန့်ကို နနွင်းမှုန့်၊ ရေအနည်းငယ်တို့နဲ့ရောပြီး ခပ်ပျစ်ပျစ်ရအောင်လုပ်ကာ မျက်နှာ ပေါ်လိမ်းပါ။ ပြီးနောက် ညင်သာစွာပွတ် လိမ်းပါ။ ၁၀-၁၅ မိနစ်ထားပြီးမှ ရေနဲ့ သန့်စင်ပါ။ နေ့စဉ် တစ်လကြာ ပြုလုပ် ပါ။

ဆံပင်သန်စွမ်းစေတယ်
ကုလားပဲမှာ မဂ္ဂနိစ်နဲ့ ပရိုတင်းတွေ များစွာပါဝင်လို့ နေ့စဉ်စားသုံးပါက ဆံ ပင်သန်စွမ်းစေတဲ့အပြင် အရွယ်မတိုင် ခင် ဆံပင်ဖြူတာမဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။

ဆံပင်ဗောက်ထတာကို ကာ ကွယ်နိုင်တယ်
ကုလားပဲမှုန့် ခြောက်ဇွန်းကို ရေ အနည်းငယ်နဲ့ ခပ်ပျစ်ပျစ်ရအောင် ပြု လုပ်ပြီး ဆံသားအနှံ့လိမ်းကာ ညင်သာ စွာနှိပ်နယ်ပေးပါ။ မိနစ်အနည်းငယ် ထားပြီး ရေနဲ့သန့်စင်ပေးပါ။ မှိုပိုးကူး စက်မှုကိုလျော့နည်းစေပြီး ဗောက်တွေ ကင်းစင်စေပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *